backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ရင်သားကင်ဆာဟာ ရင်သားမှာရှိတဲ့ဆဲလ်တွေက ကင်ဆာဆဲတွေအဖြစ်ပြောင်းကုန်ရာမှ ဖြစ်လာရခြင်းဖြစ်တယ်။ အမျိုးသားတွေမှာ အမျိုးသမီးကဲ့သို့ရင်သားမျိုးရှိတာမဟုတ်ပေမယ့် ရင်သားတစ်သျူးအနည်းငယ်ကတော့ရှိပါတယ်။ အရွယ်ရောက်ပြီးအမျိုးသားတွေရဲ့ရင်သားဟာ အရွယ်မရောက်မီ အမျိုးသမီးများရင်သားနဲ့ဆင်တူတယ်။ မိန်းကလေးတွေမှာတော့ ထိုတစ်သျူးတွေက ဆက်လက်ဖွံ့ဖြိုးပြီး အမျိုးသားတွေမှာ ဆက်မဖွံ့ဖြိုးပဲ ထိုအတိုင်းရပ်သွားတာပဲရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရင်သားတစ်သျူးကတော့ရှိနေတာပဲမို့ အမျိုးသားတွေလည်း ‘ရင်သားကင်ဆာ’ ဆိုတာကြီး ကြုံလာရနိုင်ချေရှိပါတယ်။ အမျိုးသမီးတွေရတတ်တဲ့ ကင်ဆာနဲ့အမျိုးတူပေမယ့် ဖြစ်နိုင်ချေကတော့ရှားပါတယ်။

Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ) က ဘယ်ေ

အသက်အရွယ်မရွေးဖြစ်နိုင်တယ်ဆိုပေမယ့် ရောဂါဖြစ်စေနိုင်တဲ့ အချက်တွေကိုလျှော့ခြင်းအားဖြင့် ထိန်းချုပ်နိုင်တယ်။ အသေးစိတ်အချက်အလတ်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ။်

လက္ခဏာများ

Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဓိကလက္ခဏာကတော့ ရင်သားတစ်ဖက်ဖက်မှာ အဖုအကျိတ်တွေ့ခြင်းဖြစ်တယ်။ ထိုအကျိတ်ဟာ များသောအားဖြင့် နို့သီးခေါင်းအောက်ဖက်နားမှာဖြစ်တတ်တယ်။

ဒါပေမယ့် ရင်သားအကျိတ်ဖြစ်ခြင်းရဲ့ အများစုအကြောင်းကတော့ gynaecomastia လို့ခေါ်တဲ့ အမျိုးသားများတွင်ရင်သားဆူထွက်ခြင်း ရောဂါ တစ်မျိုးဖြစ်တယ်။ ထိုအခြေအနေက ကင်ဆာတော့မဟုတ်ပါဘူး။

တခြားအဖြစ်နည်းတဲ့လက္ခဏာတွေကတော့-

  • နို့သီးခေါင်းချိုင့်ဝင်ခြင်း
  • နို့သီးခေါင်းရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း။
  • နို့သီးခေါင်းမှ အရည်များထွက်ခြင်း။

တကယ်လို့ ကင်ဆာက ရင်သားမှ အရိုး၊ အသည်း၊ အဆုတ် ကဲ့သို့ တခြားနေရာများကို ပျံ့သွားပါက တခြားမတူသော လက္ခဏာတွေထပ်ဖြစ်လာနိုင်ပါတယ်။ ဒါကို ပျံ့ပွားရင်သားကင်ဆာ လို့ခေါ်နိုင်ပြီး ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့-

  • အရိုးကိုက်ခြင်း
  • ပြန်ရည်ဂလင်းများကြီးခြင်း၊ ရောင်ခြင်း၊ များသောအားဖြင့် ချိုင်းတဝိုက်မှာဖြစ်တတ်တယ်။
  • အသက်ရှူမမှန်ခြင်း
  • အချိန်တိုင်းပုံမှန်မဟုတ်ပင်ပန်းနေခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • အရေပြား၊ မျက်လွှာတို့တွင်ဝါပြီး အသားယားယံခြင်း။

ဖော်ပြထားတာတွေအပြင် တခြားလက္ခဏာတွေလည်းရှိုနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြပါလက္ခဏာတွေတွေ့မယ်ဆိုရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ အသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

ဘာကြောင့်အမျိုးသားတွေမှာရင်သားကင်ဆာဖြစ်ရသလဲ

အကြောင်းအရင်းတွေကတော့မသေချာပါဘူး။ ဒါပေမယ့် ရောဂါဖြစ်ခြင်းကိုအားပေးနေတဲ့ အချက်တွေ၊ အခြေအနေတွေတော့ရှိပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသက် ၃၅ အောက် အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ဖို့ အလွန်ရှားပါးပါတယ။် အမျိုးသားတစ်ယောက် ရင်သားကင်ဆာဖြစ်နိုင်ချေဟာ အသက်အရွယ်အရ တက်လာလေ့ရှိတယ်။ များသောအားဖြင့်က အသက် ၆၀ နဲ့ ၇၀ ကြားမှာဖြစ်တတ်ပြီး တခြားအချက်တွေကတော့-

  • အမျိုးသမီးဆွေမျိုးထဲတွင် ရင်သားကင်ဆာရှိခြင်း။
  • ရင်ဘတ်ကိုဓါတ်ကင်ဖူးခြင်း။
  • ဆေး၊ ဟော်မုန်းကုသမှု၊ သို့ တချို့သောရောဂါပိုးဝင်ခြင်း၊ အဆိပ်မိခြင်း စသည်တို့ကြောင့် gynaecomastia ဟုခေါ်သော ရင်သားကြီးထွားဖူးခြင်း။
  • Estrogen ခေါ် မဟော်မုန်းသုံးစွဲဖူးခြင်း။
  • Klinefelter’s ရောဂါဟုခေါ်သော ရှားပါးမျိုးရိုးလိုက်ရောဂါရှိခြင်း။
  • ပြင်းထန်အသည်းရောဂါဖြစ်ဖူးခြင်း (အသည်းခြောက်ခြင်း)
  • ပါးချိတ်ရောင်ပိုးကြောင့်သုတ်ပိုးထုတ်အင်္ဂါရောင်ခြင်း၊ ထိခိုက်ခြင်း၊ ဝှေးစေ့မဆင်းခြင်း ကဲ့သို့ ရောဂါများဖြစ်ဖူးခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရင်သားကင်ဆာလို့ထင်ရတဲ့လက္ခဏာတွေ- ရင်သားတစ်ဖက်ဖက်တွင် နာကျင်မာကြောသောအဖုအကျိတ်တွေ့ခြင်းမျိုး- တွေ့ရမယ်ဆိုရင် ဆရာဝန်ဆီမှာ သေချာအစစ်ဆေးခံနိုင်တယ်။ စစ်ဆေးနေချိန်မှာ ပြန်ရည်ကြောကျိတ်များရောင်ရမ်းခြင်းကဲ့သို့ တခြားကင်ဆာအရိပ်အယောင်တွေလည်း စစ်ဆေးပါလိမ့်မယ်။ တကယ်လို့ ရင်သားကင်ဆာဖြစ်နေတယ်ထင်ရင်တော့ ဆရာဝန်က တခြားစစ်ဆေးမှုတွေလုပ်လိုပါလိမ့်မယ်။ ထိုစစ်ဆေးမှုတွေကတော့ –

  • Mammogram – ရင်သားတစ်သျူးများမှာ ပြောင်းလဲခြင်းရှိမရှိ စစ်ဆေးပေးတဲ့ ဓါတ်မှန်တစ်မျိုးဖြစ်တယ်။ Mammogram ရိုက်နေစဉ်မှာ ဓါတ်မှန်ရိုက်သူက သင့်ရင်သားတွေကို ဓါတ်မှန်ရိုက်တဲ့ အပြားနှစ်ပြားနဲ့ဖိကပ်လိုက်မှာဖြစ်မယ်။ မနာပေမယ့် နေရတာအဆင်မပြေတာရှိရင် ဆရာဝန်ကိုပြောနိုင်တယ်။ မှန်မှန်ကန်ကန်နေရာချပြီးပြီဆိုရင် ဓါတ်မှန်စရိုက်တော့မှာဖြစ်ပြီး သင့်ရင်သားအတွင်းကို ကြည်လင်တဲ့ပုံရိပ်တွေထုတ်ပေးမှဖြစ်တယ်။ တစ်ဖက်ပြီးရင်တော့ နောက်တစ်ဖက်ဆက်ရိုက်မှာဖြစ်တယ်။
  • Ultrasound – Ultrasound ရိုက်ခြင်းဟာ ကြိမ်ရေမြင့် အသံလှိုင်းတွေကိုသုံးပြီး သင့်ရင်သားအတွင်းပိုင်းရဲ့ ပုံရိပ်တွေကိုရိပ်ကူးစစ်ဆေးမှာဖြစ်တယ်။ အာရုံခံစားရိုက်ကူးတဲ့အတံလေးကို သင့်ရင်သားပေါ်တင်ကာ ရင်သားအတွင်းပိုင်းရဲ့ ကြည်လင်တဲ့ပုံရိပ်တွေကို ဖန်သားပြင်ပေါ်ဖော်ပြပေးမှာဖြစ်တယ်။ တကယ်လို့ ပုံမမှန်တာရှိပါက သို့ အကျိတ်တစ်ခုခုရှိပါက ပုံရိပ်ကထောက်ပြမှာဖြစ်တယ်။
  • Biopsy – အသားစစစ်ခြင်း။ Mammogram ဒါမှမဟုတ် Ultrasound မှာ အကျိတ်၊ ပုံမှန်မဟုတ်တာတစ်ခုခုတွေပါက အသားစစစ်သင့်ပါတယ်။ ကင်ဆာရှိမရှိဖော်ထုတ်ပေးနိုင်တဲ့ စစ်ဆေးမှုဖြစ်တယ်။ ကင်ဆာလို့ထင်ရတဲ့တစ်သျူးကနေ နမူနာယူပြီး ဓါတ်ခွဲခန်းမှာ ကင်ဆာဆဲလ်ရှိမရှိစစ်ဆေးတာဖြစ်တယ်။

Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

အမျိုးသမီးတွေနဲ့တူပါတယ် – ခွဲစိတ်ခြင်း၊ ဓါတ်ကင်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ ဟော်မုန်းကုသမှု၊ ဇီဝဗေဒဆိုင်ရာကုသမှု တို့ဖြစ်တယ်။ အဓိကကွာခြားချက်ကြီးကတော့ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ဟော်မုန်းကုသမှုကို အများကြီးပိုပြီး ကောင်းကောင်းတုံ့ပြန်တာဖြစ်တယ်။ ၉၀ ရာခိုင်နှုန်းခန့်သော အမျိုးသားရင်သားကင်ဆာမှာ ဟော်မုန်းလက်ခံနိုင်တဲ့ပစ္ခည်းတွေရှိတာကြောင့် အမျိုးသားအများစုမှာ ဟော်မုန်းသုံးပြီးကင်ဆာကုနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

အောက်ပါ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများက အမျိုးသားရင်သာကင်ဆာနဲ့ပတ်သတ်ပြီး ကူညီနိုင်ပါလိမ့်မယ်။

  • ပိုကျန်းမာမယ့်ရွေးချယ်မှုတွေလုပ်ပါ – ကျန်းမာရေးညီညွှတ်စွာစားပါ၊ လေ့ကျင့်ခန်းပိုလုပ်ပါ၊ အရက်လျှော့ပါ၊ ဆေးလိပ်ဖြတ်ပါ၊ စိတ်ဖိစီးမှုထိန်းထားပါ။
  • ပိုကောင်းကောင်းစားပါ – နည်းမှန်မှန်စားခြင်းဟာ လူတိုင်းအတွက်ခက်နိုင်ပါတယ်။ ဒါပေမယ့် ကင်ဆာကုသမှုခံယူနေစဉ်နဲ့ ခံယူအပြီးမှာ ပိုခက်ပါလိမ့်မယ်။ ကင်ဆာကုသမှုတွေက သင့်အရသာခံနိုင်စွမ်းကို ပြောင်းလဲပစ်ပါလိမ့်မယ်။ ပျို့ခြင်းကအဓိကပြဿနာဖြစ်လာမယ်။ မစားချင်မသောက်ချင်ဖြစ်ပြီး အလေးချိန်တွေကျလာပါလိမ့်မယ်။ ဒါမှမဟုတ် ပြန်မကျတော့ဘူးထင်ရလောက်အောင်ထိ အလေးချိန်တက်ချင်တက်လာလိမ့်မယ်။ ၂ နာရီ ၃ နာရီတစ်ခါလောက် နည်းနည်း နည်းနည်းစီစားတာက အထောက်အကူဖြစ်ပါလိမ့်မယ်။ အစားအစာဆိုင်ရာ၊ အာဟာရဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တွေ့ပြီးတိုင်ပင်ကြည့်နိုင်တယ်။ ကုသမှုရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းရမလဲ အကြံပေးကြပါလိမ့်မယ်။
  • အနားယူခြင်း၊ နွမ်းနယ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု – အလွန်အမင်းနွမ်းနယ်ခြင်းဟာ ကင်ဆာကုမှုခံယူနေသူတွေရဲ့ အဓိကပြဿနာတစ်ခုဖြစ်တယ်။ သာမန်ပင်ပန်းခြင်းမျိုးနဲ့မတူဘဲ အရိုးထဲအသားထဲထိ စိမ့်ပြီးနွမ်းနယ်ခြင်းဖြစ်ကာ အနားယူရုံနဲ့မသက်သာလာပါဘူး။ တချို့တွေမှာ ကုသမှုပြီး အချိန်ကြာတိုင်အောင် နွမ်းနယ်နေတတ်ပြီး လေ့ကျင့်ခန်းလုပ်ဖို့မဆိုနဲ့ တခြားလုပ်ကိုင်လိုသောအရာတွေ လုပ်ရန်တောင် ခက်ခဲနေတတ်ပါတယ်။ ဒါပေမယ့် ကိုယ်လက်လှုပ်၇ှားမှုက နွမ်းနယ်ခြင်းကို သက်သာစေနိုင်ပါတယ်။ ကုသနေစဉ်အတွင်းမှာ နေထိုင်မကောင်းလို့ သိပ်လှုပ်ရှားမှုမရှိပါက ကြွက်သားခွန်အားတွေ၊ ခံနိုင်ရည်တွေ ကျသွားခြင်းဟာ ပုံမှန်ဖြစ်တယ်။ သင့်အခြေအနေနဲ့သင့်လျော်မယ့် လှုပ်ရှားမှုအစီအစဉ်တွေထားပါ၊ ဒါ်ပေမယ့် ဘာမှမလုပ်ခင် ကျန်းမာရေးစောင့်ရှောက်သူနဲ့အရင် သေချာတိုင်ပင်ပါ။ တစ်ယောက်ထဲအဆင်မပြေပါက အဖော်နဲ့လုပ်နိုင်ပါတယ်။ မိသားစု၊သူငယ်ချင်းတွေနဲ့တူတူလှုပ်ရှားနိုင်တယ်။ ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်က သင့်ကိုရှေ့ဆက်သွားဖို့ ထောက်ပံ့ပေးပါလိမ့်မယ်။

တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement