တကယ်လို့ ကင်ဆာက ရင်သားမှ အရိုး၊ အသည်း၊ အဆုတ် ကဲ့သို့ တခြားနေရာများကို ပျံ့သွားပါက တခြားမတူသော လက္ခဏာတွေထပ်ဖြစ်လာနိုင်ပါတယ်။ ဒါကို ပျံ့ပွားရင်သားကင်ဆာ လို့ခေါ်နိုင်ပြီး ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့-
- အရိုးကိုက်ခြင်း
- ပြန်ရည်ဂလင်းများကြီးခြင်း၊ ရောင်ခြင်း၊ များသောအားဖြင့် ချိုင်းတဝိုက်မှာဖြစ်တတ်တယ်။
- အသက်ရှူမမှန်ခြင်း
- အချိန်တိုင်းပုံမှန်မဟုတ်ပင်ပန်းနေခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- အရေပြား၊ မျက်လွှာတို့တွင်ဝါပြီး အသားယားယံခြင်း။
ဖော်ပြထားတာတွေအပြင် တခြားလက္ခဏာတွေလည်းရှိုနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ဖော်ပြပါလက္ခဏာတွေတွေ့မယ်ဆိုရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ အသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်။
အကြောင်းရင်းများ
Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ
ဘာကြောင့်အမျိုးသားတွေမှာရင်သားကင်ဆာဖြစ်ရသလဲ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။