backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Brain Infection (ဦးနှောက်ပိုးဝင်ခြင်း)


Dr. Sandy Kyaw မှ ရေးသားသည်။ · 13/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Brain Infection (ဦးနှောက်ပိုးဝင်ခြင်း) ကဘာလဲ။

ကျွနုပ်တို့ရဲ့ ဦးနှောက် အာရုံကြောမကြီးနဲ့ ၎င်းတို့ကို ကာရံထားတဲ့ ဖွဲ့စည်းမှုကြီးဟာ ပိုးမျ ိုးစုံတို့ ကူးစက်ခြင်းကို ခံ

ရနိုင်ပါတယ်။ ကပ်ပါးကောင်များ၊ မှိ ုပိုးများ၊ တစ်ခြားပိုးမွှားတွေဟာ အာရုံကြောမကြီးကို ကူးစက်ဝင်ရောက်နိုင်ပါတယ်။ ရှားပင်ရှားသော်လည်း ဖြစ်နိုင်ပါတယ်။

ကူးစက်ဝင်ရောက်လာတဲ့ပိုးမွှားတွေဟာ ပိုးကူးခံရတဲ့နေရာတွေမှာ ရောင်ရမ်းတာဖြစ်စေပါတယ်။ ပိုးဝင်ခြင်းနေရာတွေမျိ ုးစုံပေါ်မူတည်ပြီး ခေါ်တဲ့နာမည်တွေလည်းကွဲပြားသွားပါတယ်။

ဦးနှောက်အမှေးပါးရောင်ခြင်း

ဦးနှောက်ကို ကာရံထားတဲ့ ဦးနှောက်အမှေးပါး ရောင်ခြင်း

ဖြစ်ပါတယ်။ ဦးနှောက်အမှေးပါးဟာ သုံးလွှာရှိပြီး ဦးနှောက်

ရယ် အာရုံကြောမကြီးရယ် အထဲက CSF လို့ခေါ်တဲ့ အရည်

ကိုပါ အကုန်ခြံ ုပြီးကာထားတဲ့အလွှာဖြစ်ပါတယ်။

ဦးနှောက်ရောင်ခြင်း

ဒီဟာကတော့ ဦးနှောက်အသားတွေ ရောင်ခြင်းဖြစ်ပါတယ်။

အာရုံကြောမကြီးရောင်ခြင်း။

အာရုံကြောမကြီး ရောင်ခြင်းကို ဆိုလိုပါတယ်။

ပြည်တည်နာဆိုတာဟာ ပိုးရှိတဲ့အရာတွေရယ် ပိုးမွှားတွေရယ် စုပြ ုံဝင်ရောက်ခြင်းကြောင့်ဖြစ်ရပြီး သူက အာရုံကြောစနစ်ရဲ့မည်သည့်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။

Toxoplasmosis တောက်ဆိုပလတ်စ်မိုးစစ် လို့ခေါ်ပြီး ကပ်ပါးကောင် Toxoplasma gondii ကြောင့်ဖြစ်စေပါတယ်။

Cerebral cysticercosis ကတော့ ဝက်မှာတွေ့ရတဲ့ တုတ်ပြားကောင်ကြောင့် ဖြစ်စေပါတယ်။

Trichinosis ကတော့ သံလုံးကောင် Trichinella spiralis ဆိုတာကြောင့်ဖြစ်ရပါတယ်။

အင်းစက်ပိုးကောင်ကြောင့်အမေရိကားမှာ အဖြစ်အများဆုံးဖြစ်တဲ့ ပိုးဝင်ခြင်းကတော့ lyme ရောဂါလို့ခေါ်ပါတယ်။

Coccidiodal ဦးနှောက်အမှေးရောင်ခြင်းကတော့ အရမ်းဆိုးဝါးတဲ့ coccidiomycosis ရောဂါရဲ့နောက်ဆက်တွဲပြသနာအ

နေနဲ့ဖြစ်တတ်ပါတယ်။၎င်းပိုးဟာ မှိုပိုးဝင်ခြင်းဖြစ်ပြီး အမေရိကား အနောက်တောင်ဘက်မှာ တွေ့ရလေ့ရှိပါတယ်။

သိပ်ပြီးအတွေ့ရမများတဲ့ ဦးနှောက်ရောင်ခြင်းတစ်မျိုးဖြစ်တဲ့ မှိုပိုး Cryptococcus ပိုးကတော့ ခုခံအား သိပ်မကောင်းတဲ့

လူမျိုးမှာပိုဖြစ်လေ့ရှိပါတယ်။Mycobacterium tuberculosisလို့ခေါ်တဲ့ အကောင်ကြောင့်ဖြစ်တဲ့ တီဘီ ရောဂါပိုးကလည်း ပြန်ရည်ကြော လမ်းတစ်လျှောက်ကနေပြီးတော့ အာရုံကြောစနစ်မှာ သွားပြီးဖြစ်စေတတ်ပါတယ်။

Brain Infection (ဦးနှောက်ပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။

လက္ခဏာများ

Brain Infection (ဦးနှောက်ပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

များပြားလှသော ဦးနှောက်ပိုးဝင်ခြင်းမျိုးစုံကနေ မတူညီတဲ့ရောဂါလက္ခဏာတွေပြမှာပါ။ လူရဲ့အသက်၊ ဘတ်တီးရီးယား

ရဲ့ပုံစံ၊ ပိုးဝင်ခြင်း ပုံစံ နဲ့ ရောဂါဖြစ်ပွားမှုပေါ်မူတည်ပြီးကွဲပြားပါတယ်။

ယေဘုယျအားဖြင့် အသက်၂နှစ်ထက်ကြီးတဲ့လူတွေမှာ ရုတ်တရက် ဘတ်တီးရီးယားပိုးဝင်ခြင်းဖြစ်ပါက အဖျားတက်

ခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ လည်ပင်းတောင့်နေခြင်း၊ပျိ ု့ခြင်း၊အန်ခြင်း၊အလင်းရောင်စူးစူးကိုကြည့်ပါက သက်တောင့်သက်သာမရှိခြင်း၊အိပ်ချင်နေခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတို့ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးနဲ့အသက်တစ်နှစ်အောက်ကလေးတွေကတော့ ဂဏှာမငြိမ်ဖြစ်မယ် အရမ်းမှိန်းနေမယ် ဂျီကျတာတွေပြပါမယ်။ ပွေ့ထားရင်လည်းအငြိမ်နေတာ နဲ့ အစားကောင်းကောင်း မစားတာတွေ

တွေ့ရတတ်ပါတယ်။ တက်ခြင်းကတော့ နောက်ပိုင်းမှာပေါ်လာတတ်ပါတယ်။

အရမ်းဆိုးတဲ့ ဦးနှောက်အမှေးပါးရောင်ပိုး meningococcalပိုးကတော့ လျှော့ ရတဲ့အထိဖြစ်နိုင်ပြီးလုံးဝသတိလစ်ခြင်းနဲ့ ကိုမာ ဝင်ခြင်းအပြင် ခရမ်းရောင်အစက်အပျောက်တွေပေါ်လာနိုင်ပါတယ်။ အသက်တစ်နှစ်အောက်ကလေးတွေအနေနဲ့ ငယ်ထိပ်ဖောင်းလာခြင်းနဲ့ လက်နဲ့ခြေထောက်က ပျော့ခွေလာသလိုဖြစ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဦးနှောက်ပိုးဝင်ခြင်းကတော့ တစ်အားကြီးမဖျားတတ်ပါဘူး။ တုပ်ကွေးဖြစ်တဲ့ လက္ခဏာတွေလို သာ ပြတတ်ပါတယ်။

(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဦးနှောက်ပိုးဝင်ခြင်းမှာ ရောဂါစောစောရှာဖွေဖို့နဲ့ ကုသမှုပေး

ဖို့ဟာ အရမ်းအရေးကြီးပါတယ်။ သို့သော်လည်းဦးနှောက်အမှေးရောင်ခြင်းနဲ့ အာရုံကြောစနစ်ပိုးဝင်ခြင်း ကြောင့်ဖြစ်တဲ့ ရောဂါ

လက္ခဏာတွေဟာ တစ်ခြား ကျန်းမာရေးပြသနာတွေကြောင့်

လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်အရမ်းတော့မလန့်ပါနဲ့

ကလေးငယ်လေးတွေမှာ ဦးနှောက်အမြှေးရောင်ခြင်းဟာ ပုံ

မှန် ရောဂါလက္ခဏာတွေဖြစ်တဲ့ အရမ်းငိုခြင်း၊ အရမ်းအိပ်ခြင်း၊ အစားနည်းနည်းပဲစားခြင်း၊ အစားနည်းခြင်း၊

ဂဏှာမငြိမ်ဖြစ်ခြင်းတို့ဟာ တူနေတတ်ပါတယ်။ ဘယ်လိုပဲဆို

ဆိုတကယ်လို့ ဦးနှောက်ပိုးဝင်ခြင်း ဦးနှောက်အမြှေးရောင်ခြင်းတို့ဖြစ်နေတယ်လို့ သံသယရှိပါက

သင့်ဆရာဝန်ကိုဆက်သွယ်ပါ။

တကယ်လို့လူတစ်ယောက်က အရမ်းအဖျားကြီးပြီး သတိလစ်တာ မျိုးရှိရင် အသက်ရှုရတာမောနေရင် ခေါင်းအရမ်းကိုက်ရင်ပြီးအန်ရင်၊ တက်ရင် နောက်ပြီး ကလေးက အစားမစား နို့မစို့ အန်ပြီး ဂျီကျနေရင် အရေးပေါ်

ကျန်းမာရေးဌာနကိုဆက်သွယ်ပါ။

အကြောင်းရင်းများ

Brain Infection (ဦးနှောက်ပိုးဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဘတ်တီးရီးယားနဲ့ဗိုင်းရပ်စ် ပိုးတွေဟာ အဖြစ်အများဆုံးအ

ကောင်တွေပါပဲ။ ၎င်းတို့ကတော့

-Streptococcus pneumonia ( အဆုတ်ရောင်ပိုးကနေ ဦး

နှောက်အမြှေးရောင်ခြင်း)ကိုဖြစ်စေပါတယ်။

-Neisseria meningitides (meningococcal meningitis)ကို ဖြစ်စေပါတယ်။

-Haemphilus influenza type b (Hib)

-ရေယုန်ဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးများ (herpes simplex types 1 and 2, varicella zoster,Epstein-Barr, cytomegalovirus)

-ရေကျောက် ဗိုင်းရပ်စ်ပိုး

-rubella ဗိုင်းရပ်စ်ပိုး

-ခွေးရူးဗိုင်းရပ်စ်ပိုး

-ခုခံအားကျဆင်းသောရောဂါ HIV ပိုး

-zika ဗိုင်းရပ်စ်ပိုး

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Brain Infection (ဦးနှောက်ပိုးဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ပုံမှန်ကျန်းမာနေတဲ့လူတစ်ယောက်ဟာ ရုတ်တရက်ဖြစ်တဲ့

ဦးနှောက်ပိုးဝင်ခြင်းကို ရောဂါရှာရာမှာ လက္ခဏာတွေကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ တကယ့်စိန်ခေါ်မှုကတော့ တစ်စုံ

တစ်ယောက်က သိပ်မဆိုးတဲ့ဦးနှောက်ပိုးဝင်ခြင်းမျိုး အကြာကြီးဖြစ်နေတဲ့ အခြေအနေမျိုး၊ တစ်ဝက်တစ်ပျက်ပဲကု

ထားတဲ့ ဦးနှောက်အမြှေးရောင်ခြင်းမျ ိုး၊ ဦးနှောက်အသားရောင်ခြင်း ဒါမှမဟုတ် ရှားပါတဲ့ ပိုးဝင်မှုမျိုး

ဆိုပါက အဖြေရှာဖို့ခက်တတ်ပါတယ်။

ဆရာဝန်က လူနာကို စမ်းသပ်ရာမှာ လက္ခဏာတွေကို ရှာပါ

လိမ့်မယ်။ လူနာက သတိမကောင်းဘူး အရမ်းအဖျားတက်နေ

ပြီး နေပုံထိုင်ပုံမူမမှန်တာတွေ ဖြစ်တယ်ဆိုပါက ဆရာဝန်မှ

လူနာဟာ ဦးနှောက်နဲ့အာရုံကြောစနစ်ပိုးဝင်တာဖြစ်နိုင်

ကြောင်းစဉ်းစားပါတယ်။ဦးနှောက်အမြှေးပါးကို ထိခိုက်နေ

တယ်ဆိုတဲ့ ပြသတဲ့လက္ခဏာတွေအနေနဲ့ တစ်ယောက်ယောက်က အဖျားရှိခြင်း၊ဇက်နာခြင်း၊ ဇက်တောင့်နေခြင်း၊ ဒူးခေါင်းကဆန့်သွားခြင်း၊လည်ပင်းကို

အောက်ငုံ့လိုက်တဲ့အခါ ပေါင်နှစ်ဖက်လုံးက ထိန်းလို့မရပဲ

ကွေးသွားခြင်း၊တို့ဟာ ဦးနှောက်ပိုးဝင်ခြင်းရဲ့လက္ခဏာတွေပါ

ပဲ။ ဆရာဝန်က မျက်စိစမ်းသပ်မှုပြ ုလုပ်ပါလိမ့်မယ်။ မျက်လုံး

ရဲ့ အဓိက အာရုံကြောမကြီးရောင်နေတာရှိတာ သူငယ်အိမ်

လှုပ်ရှားမှုမှန်ကန်လားဆိုတာတွေကို စမ်းသပ်စစ်ဆေးပါလိမ့်

မယ်။ ပြည်တည်နာရှိနေခြင်း၊ ဆိုးရွားတဲ့ ဦးနှောက်အမြှေးရောင်ခြင်းတို့ဟာ ဦးနှောက်တွင်း ဖိအားများ

မှုကိုပြနိုင်ပါတယ်။ အာရုံကြောစနစ်စမ်းသပ်မှုကို ဆရာဝန်က

သေချာစမ်းသပ်ပြီးမှ ရောဂါလက္ခဏာတွေကိုရှာပြီးမှ သင့်ဆရာဝန်က အာရုံကြောစနစ်က ပြသနာတွေလားဆိုတာ

ကိုရှာနိုင်မှာပါ။

ပုံမှန်ဓါတ်ခွဲစမ်းသပ်နေကျ ဆီးစစ် သွေးစစ်တာတွေလုပ်ပါ

လိမ့်မယ်။ အထူးစမ်းသပ်မှုတွေဖြစ်တဲ့ သွေး၊ဆီး၊နှာခေါင်းနဲ့ အသက်ရှုလမ်းကြောင်းကထွက်တဲ့အရည်တွေကို နမူနာယူ

ပြီးပိုးမွေးပြီး ရောဂါရှာခြင်းတွေလည်းပြ ုလုပ်ပါလိမ့်မယ်။ဦး

နှောက်ကို ပုံရိပ်ဖော်ဆေးထိုးပြီး CT ဓါတ်မှန်ရိုက်ခြင်း MRI ရိုက်ခြင်းကိုလည်းဆောင်ရွက်ပါလိမ့်မယ်။ ဒီလိုစမ်းသပ်စစ်ဆေးခြင်းနဲ့ ဦးနှောက်အတွင်း ဖိအားများနေလားတို့ ဦးနှောက်အမြှေးရောင်ဖြစ်နေတာလားတို့ကို သိနိုင်ပါတယ်။

တိကျသေချာတဲ့ ရောဂါရှာဖွေခြင်းကတော့ အာရုံကြောမကြီး

ထဲက အရည်ကိုနမူနာယူပြီးစစ်ဆေးစမ်းသပ်ခြင်းဖြစ်ပါတယ်

ဒီနည်းလမ်းကတော့ခါးရိုးဆစ်ကနေ အပေါက်ဖောက်ပြီးအ

ရည်ယူခြင်းဖြစ်ပါတယ်။ လုပ်နည်းကတော့ အနောက်ဘက်

အောက်ဘက် ခါးရိုးဆစ်လေးနှစ်ခုကြားကို အပ်ကလေးထိုးထည့်လိုက်ပြီး အရည်ကိုထုတ်ယူတာဖြစ်ပါ

တယ်။ အဲ့အရည် နမူနာကိုမှ ဓါတ်ခွဲခန်းကိုပို့ပြီး အာရုံကြောမ

စနစ်မှာ ပိုးဝင်နေလား ဒါမှမဟုတ် ဘယ်လိုပိုးပုံစံလဲ ဘယ်လို

အကောင်မျိုးဝင်နေလဲဆိုတာကို ဓါတ်ခွဲစမ်းသပ်တာပါ။

ဒီလိုခါးရိုးဆစ်ကနေဖောက်ယူခြင်းကိုတော့ ပိုးသတ်ထားတဲ့

နေရာမှာ သေချာယူရတာဖြစ်လို့ စိတ်ချရပါတယ်။ အပ်ကိုထိုး

တဲ့အခါ အာရုံကြောမကြီးရဲ့ အဆုံးနေရာလောက်မှာထိုးရတာ

ဖြစ်လို့ အာရုံကြောနဲ့ဆိုင်တဲ့ နောက်ဆက်တွဲပြသနာတွေ

တော့တွေ့ရနိုင်ပါတယ်။ သေချာစနစ်တကျ ပိုးသတ်ထားတဲ့ နည်းလမ်းကိုသုံးရင်တော့ ပိုးဝင်ခြင်းမရှိစေနိုင်ပါဘူး။ အဖြစ်

အများဆုံး ဘေးထွက်ဆိုးကျိုးကတော့ ခေါင်းကိုက်ခြင်းနဲ့

အပ်ထိုးထားတဲ့နေရာကထိတဲ့အခါ နာခြင်းတို့ဖြစ်ပါတယ်။ ခါးရိုးဆစ်ဖောက်ခြင်းကို ရောဂါလက္ခဏာတွေမရှိရင် ဒါမှမဟုတ် ဦးနှောက်ထဲဖိအား

များတယ်လို့ ဓါတ်မှန်သက်သေမရှိပဲနဲ့ အသုံးပြ ုလေ့မရှိပါဘူး။

Brain Infection (ဦးနှောက်ပိုးဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

သင့်အခြေအနေပေါ်မှာမူတည်ပြီး သင့်ဆရာဝန်ကသင့်တော်တဲ့ နည်းလမ်းတွေနဲ့ကုပါလိမ့်မယ်။၎င်းတို့ကတော့

-အကြောထဲမှတစ်ဆင့် ပိုးသတ်ဆေးပေးခြင်း၊နောက်ပြီး ဖျား

တာနဲ့ခေါင်းကိုက်ခြင်းအတွက်ဆေးပေးခြင်း၊

-အသက်ရှုခက်တဲ့ လူနာတွေမှာအောက်စီဂျင်ပေးခြင်းနဲ့

သေချာဂရုစိုက်စောင့်ကြည့်ခြင်း။

-ဆက်တိုက်ပျို့အန်နေတဲ့လူနာမျိုးမှာ အကြောဆေးသွင်းပေး

ခြင်းနဲ့ electrolyte ဓါတ်ပြန်ဖြည့်ပေးခြင်း။

-တက်နေတဲ့လူမျိုးမှာ အတက်ကျအောင်ကုပေးခြင်း။

-ဂဏှာမငြိမ်ဖြစ်တဲ့လူနာမျိုးကတော့ အပျော့စား စိတ်ငြိမ်ဆေးမျိုးပေးထားပါလိမ့်မယ်။

-တကယ်လို့ ဦးနှောက်ရောင်လာတယ်လို့သက်သေရှိရင်

တော့ စတီးရွိုက်ကိုပေးပါလိမ့်မယ်။ ဘတ်တီးရီးယားပိုးကြောင့်

ဦးနှောက်အမြှေးရောင်ခြင်းမှာ စတီးရွိုက်သုံးမသုံးဆိုတာကတော့ ခုထိငြင်းခုန်နေဆဲပါပဲ။Hib ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ခြင်းမှာတော့ စတီးရွိုက်ကို အကြောထဲထိုးခြင်းက နားကန်းခြင်းဖြစ်စေနိုင်

တဲ့ဖြစ်နိုင်ချေကိုလျှော့ချတယ်လို့ဆိုပါတယ်။

-ဘတ်တီးရီးယားပိုးကြောင့် ဦးနှောက်နဲ့အာရုံကြော စနစ်

ပိုးဝင်ခြင်းလို့ သံသယရှိပါက ပိုးအများစုကိုသေစေတဲ့ ပိုးသတ်ဆေးမျိုးကို အဓိကထားပြီးသုံးပါတယ်။ ပထမဆုံး

ဆေးကို အရေးပေါ်ဌာနမှ ဆရာဝန်က အဖြေထုတ်ပြီး ထိုး

ခိုင်းတာနဲ့ နာရီဝက်အတွင်း ခါးရိုးဆစ်က အရည်မဖောက်ခင်

ထိုးရပါတယ်။ ခါးရိုးဆစ်ဖောက်တာကနေ သွေးအဖြေရလာ

ပါက ပိုးကို ဖော်ထုတ်လို့ရရင်တော့ အဲ့ပိုးတစ်မျိုးတည်းကို

သတ်တဲ့ ပိုးသတ်ဆေးကို စပေးလို့ရပါပြီး။

ဦးနှောက်ပြည်တည်နာအတွက်ကုသမှုကတော့အနည်းငယ်

ရှုပ်ထွေးပါတယ်။ အရွယ်အစားရယ် နေရာရယ်ပေါ်မူတည်ပြီး ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်ဆရာဝန်က အရည်ကိုဖောက်

ပစ်ဖို့ခွဲစိတ်ဖို့လုပ်ပါလိမ့်မယ်။ ပိုးသတ်ဆေးပေးခြင်းဟာ ဦးနှောက်အမြှေးရောင်ဖြစ်ခြင်းမှာလည်း ဆင်တူပါပဲ။

ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ဖြစ်ခြင်းက သူ့ဘာသာ ပြန်ကောင်းသွားတတ်ပါတယ်။ သေချာတဲ့ကုသမှု

ဆိုပြီး ကုစရာမလိုတတ်ပါဘူး။ ရေယုန်ဗိုင်းရပ်စ်ပိုးကတော့

ချွင်းချက်ဖြစ်ပါတယ်။ ရေယုန်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်ပိုးဝင်ခြင်းကိုတော့ အထူးပြ ုလုပ်ထားတဲ့ ဗိုင်းရပ်စ်

ပိုးသေစေတဲ့ဆေးတွေသုံးပါတယ်။

လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ။

ဦးနှောက်ပိုးဝင်ခြင်းမှာ သက်သာစေဖို့ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေက

ဘာတွေလဲ။

တကယ်လို့လူတစ်ယောက်က ဦးနှောက်ပိုးဝင်ခြင်းတစ်မျိုးမျိုး

ရှိတယ်လို့သံသယရှိပါက ပထမဆုံးဆရာဝန် သို့မဟုတ်

အရေးပေါ်ဌာနကိုဆက်သွယ်ပြီး သူတို့အကြံပေးသလိုလုပ်ပါ။

အဖျားကျဖို့အတွက် အေးစေတဲ့ နည်းလမ်းတွေ၊ အပူကျစေ

မယ့်ဆေးတွေကိုတိုက်ပါ။

တကယ်လို့ အန်နေတယ်ဆိုပါက လူနာကို ဘေးဘက်ကို စောင်းထားပါမှာ အန်ဖတ်မဆို့မှာမျိ ုချတာမျိုး မဖြစ်တော့မှာပါ။

ပြင်းထန်တဲ့လှုပ်ရှားမှုတွေပြ ုလုပ်ခြင်းကိုရှောင်ပါ၊လူနာကို အိပ်ရာပေါ်မှာပဲနေစေပါ။ ဆရာဝန်အကြံပေးတာကိုအမြဲ

လိုက်နာပါ။

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandy Kyaw မှ ရေးသားသည်။ · 13/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement