backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Brain Cancer (ဦးနှောက် ကင်ဆာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Brain Cancer (ဦးနှောက် ကင်ဆာ) ကဘာလဲ။

ဦးနှောက်ကင်ဆာဆိုတာ ဦးနှောက်ထဲမှာ ပုံမှန်မဟုတ်တဲ့ ကင်ဆာ ( malignant tumors ) ဆဲလ်တွေ ပေါက်ဖွားလာတာကို ဆိုလိုပါတယ်။ ဦးနှောက်ကင်ဆာ နှစ်မျိုး ရှိပါတယ်။ ၎င်းတို့ မှာ

  • ပင်မ ဦးနှောက်ကင်ဆာ – အဖြစ်နည်းပြီး ဦးနှောက်မှာ အစပျိုးဖြစ်ပေါ်သည်။
  • နောက်လိုက် ဦးနှောက်ကင်ဆာ – တနည်းအားဖြင့် ပြန့်ပွား ဦးနှောက်ကင်ဆာဟုလည်း ခေါ်ပါတယ်။ တခြားခန္ဓါအစိတ်အပိုင်းတွေ မှာ စဖြစ်ပြီး ဦးနှောက်ကို ပြန့်ပြီး ဖြစ်ခြင်း ဖြစ်ပါတယ်။ ဒီအမျိုးအစားက ပိုအဖြစ်များပါတယ်။

ဦးနှောက်ကင်ဆာဟာ ကုလို့မရတဲ့ ရောဂါဖြစ်ပြီး စောစော သိခြင်းက အသက်ရှင်နှုန်းကို မြှင့်တင်ပေးပါတယ်။ ဘယ်လို စစ်ဆေးရမလဲ ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Brain Cancer (ဦးနှောက် ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

နောက်လိုက် ဦးနှောက်ကင်ဆာက လူကြီးတွေမှာ အဖြစ်များပြီး ပင်မ ဦးနှောက်ကင်ဆာကတော့ ကလေးတွေ နှင့် လူငယ်တွေ ပုံမှန်အားဖြင့် အသက် ၂၀ အောက်တွေ မှာ ဖြစ်တတ်ပါတယ်။ ဦးနှောက်ကင်ဆာဟာ ကင်ဆာကြောင့်သေဆုံးမှုတွေထဲက တစ်ခုဖြစ်ပါတယ်။

လက္ခဏာများ

Brain Cancer (ဦးနှောက် ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့

  • ခေါင်းကိုက်ခြင်း အထူးသဖြင့် မနက်ပိုင်းတွင် ကိုက်တတ်ခြင်း
  • ပျို့ခြင်းနှင့် အန်ခြင်း
  • သင့် စကားပြောနိုင်မှု၊ အကြားအာရုံ သို့မဟုတ် မြင်နိုင်စွမ်းတွေ ပြောင်းလဲလာခြင်း
  • ကိုယ်ဟန်ချက် မညီခြင်း သို့မဟုတ် လမ်းလျှောက်လျှင် မမှန်ခြင်း ပြသနာများ
  • စဉ်းစားခြင်း သို့မဟုတ် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြသနာများ
  • အားနည်းသလို ခံစားရခြင်း သို့ မဟုတ် အိပ်ငိုက်ခြင်း
  • သင့်စိတ်နေစိတ်ထား သို့မဟုတ် အပြုအမူပြောင်းလဲ လာခြင်း
  • တက်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ပါ ရောဂါလက္ခဏာတွေ ရှိလာလျှင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

  • သင့်ရောဂါလက္ခဏာတွေ ကောင်းမလာလျှင် သို့ ပိုဆိုးလာလျှင်
  • သင့် ခေါင်းကိုက်ခြင်းများဟာ စိပ်လာပြီး သင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာလျှင်
  • သင့်မှာ ခဏခဏ အတက်ရောဂါရှိနေလျှင်

အကြောင်းရင်းများ

Brain Cancer (ဦးနှောက် ကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

ပင်မ ဦးနှောက်ကင်ဆာ အများစုမှာတော့ ဖြစ်စေတဲ့ အကြောင်းအရာကို သေချာမသိပါ။ တချို့ပင်မ ဦးနှောက်ကင်ဆာတွေကတော့ တစ်ရှူးဆဲလ်တွေမှာ သန္ဓေပြောင်းလဲ ရာကနေ ဖြစ်တတ်ကြပါတယ်။ ထိုသို့ပြောင်းလဲ ခြင်းက ကင်ဆာဆဲလ်ကြီးထွားပြန့်ပွားမှုနှုန်းကို မြန်စေပါတယ်။ ပင်မ ဦးနှောက်ကင်ဆာ အမျိုးအစားများစွာ ရှိပါတယ်။ ထိုအမျိုးအစား အားလုံးဟာ ပါဝင်တဲ့ ဆဲလ်အမျိုးအစားတွေပေါ် မူတည်ပါတယ်။

နောက်လိုက်ကင်ဆာကတော့ အခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေမှ ကင်ဆာဆဲလ်တွေက ဦးနှောက်ဆီကို ပြန့်ပွားရာကနေ ဖြစ်တတ်ပါတယ်။ အရင် ကင်ဆာဖြစ်ဖူးတဲ့ သူတွေမှာပို အဖြစ်များပါတယ်။ ကင်ဆာတိုင်းက ဦးနှောက်ကို ပြန့်နိုင်ပေမယ့် အောက်မှာ ဖော်ပြထားတဲ့ ကင်ဆာတွေကတော့ အဖြစ်များပါတယ်။

  • ရင်သားကင်ဆာ
  • အူကင်ဆာ
  • ကျောက်ကပ်ကင်ဆာ
  • အဆုတ်ကင်ဆာ
  • Melanoma

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Brain Cancer (ဦးနှောက် ကင်ဆာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

brain cancer ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • သင့်အသက်အရွယ်။ ကလေးဘဝမှာသာဖြစ်တတ်တဲ့ ကင်ဆာတွေ ရှိသော်လည်း သင့်အသက်ကြီးလာလေ ကင်ဆာဖြစ်နိုင်လေ ဖြစ်ပါတယ်။
  • ဓါတ်ရောင်ခြည် သင့်ခြင်း
  • မိသားစု ဆွေမျိုးတွင် ဦးနှောက်ကင်ဆာ ဖြစ်ဖူးခြင်း
  • ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Brain Cancer (ဦးနှောက် ကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

    သင့်လျော်တဲ့ ရောဂါအတည်ပြုမှု ရနိင်ရန် ဆရာဝန်မှ အောက်ပါ စမ်းသပ်မှုတွေ လုပ်ပါလိမ့်မယ်။

    • ဆေးနှင့် လက်တွေ့စစ်ဆေးစမ်းသပ်ခြင်း
    • ဦးနှောက်အကြိတ် အသားစ biopsy ယူပြီး ဦးနှောက်တစ်ရှူးများအား စစ်ခြင်း
    • သံလိုက်ဓါတ်မှန်ရိုက်ခြင်း
    • ကွန်ပြူတာ ဓါတ်မှန် (CT) ရိုက်ခြင်း

    Brain Cancer (ဦးနှောက် ကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

    ဦးနှောက် ကင်ဆာအား ကုသရာမှာ အောက်ပါထဲမှ တစ်ချက် သို့ တစ်ချက်ထက်ပိုပြီး ပါဝင်နိုင်ပါတယ်။

    ခွဲစိပ်ခြင်း

    ဦးနှောက်ခွဲစိပ်ကုသရာမှာ ကင်ဆာ အမျိုးအစား နှင့် နေရာ ပေါ်မူတည်ပြီး ကင်ဆာ အကြိတ်တစ်ခုလုံးကို ထုတ်နိုင် သို့မဟုတ် မထုတ်နိုင် ဆုံးဖြတ်ရပါတယ်။ ထို့ပြင် ခွဲစိပ်ခြင်းဟာ ကင်ဆာရောဂါအဖြေရှာရာမှာ အထောက်အကူဖြစ်ပြီး ဦးနှောက်တွင်း ဖိအားကိုလည်းလျော့ကျစေပါတယ်။

    ဓါတ်ရောင်ခြည်ပေးခြင်း

    ဓါတ်ရောင်ခြည် အထူးကုတွေက ဓါတ်ရောင်ခြည် ပေးခြင်းအား ကင်ဆာကြိတ်ခွဲထုတ်မရခြင်း သို့ ကင်ဆာတစ်ခုလုံးခွဲထုတ်မရခြင်း သို့ ခွဲစိပ်ပြီး ဦးနှောက်ကင်ဆာအတွက်တခါတရံ သုံးတတ်ပါတယ်။

    ကင်ဆာဆေးသွင်းခြင်း

    ကင်ဆာဆေးပေးတာကတော့ ကင်ဆာကုသရာမှာ အသုံးများတဲ့ နည်းဖြစ်သော်လည်း ပင်မကင်ဆာတွေမှာ မသုံးတတ်ပါဘူး။ အတက်ကျဆေး ဥပမာ phenytoin လိုဆေးတွေကို မခွဲခင် နှင့် ခွဲပြီးနောက် အတက်ရောဂါ ကာကွယ်ရန် ပေးတတ်ပါတယ်။ ဦးနှောက်တွင်း ရောင်ခြင်းအတွက် ဆရာဝန်က steroid (dexamethasone) ပေးတတ်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက brain cancer ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် brain cancer ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • သင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်နိုင်ဖို့ သို့မဟုတ် သင့်ကို အားပေးနိုင်ဖို့ ကရုဏာအဖွဲ့တွေကို ရှာဖွေပါ။

    • သင့်အခြေအနေကို စောင့်ကြည့်ရန် ဆရာဝန်နဲ့ ပုံမှန်ပြပေးပါ။

    • သင့်မှာ ရောဂါလက္ခဏာအသစ်တေ ပေါ်လာလျှင်ွ သို့ ရောဂါလက္ခဏာတွေ မသက်သာလျှင် ဆရာဝန်ကို ပြောပြပါ။

    • သင်မှာ အရင်က မဖြစ်ဖူးပဲ ခုမှ ဖြစ်သော အတက်ရောဂါ သို့ ခေါင်းကိုက်ခြင်းဖြစ်လျှင် နောက်ဆက်တွဲရောဂါများအားကာကွယ်နိုင်ရန် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement