backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Blood Disorders (သွေးရောဂါများ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Blood Disorders (သွေးရောဂါများ) ကဘာလဲ။

သင့်ရဲ့သွေးထဲမှာ အရည်နှင့်အစိုင်အခဲဓါတ် ၂မျိုးပါဝင်ပါတယ်။ သွေးရည်ကြည်ကို ရေ၊ ဆားနှင့် ပရိုတင်းတို့နဲ့ ဖွဲ့စည်းထားပါတယ်။ သင့်သွေးထဲမှာ အစိုင်အခဲအနေနဲ့ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားတို့ ပါဝင်ပါတယ်။

သွေးရောဂါတွေက သွေးထဲမှာရှိတဲ့ အစိုင်အခဲတွေရဲ့ အရည်အသွေးနှင့် လုပ်ငန်းတာဝန်ကို ပျက်စီးစေပါတယ်။

တချို့သွေးရောဂါတွေက သွေးဆဲလ်တွေရဲ့ ပမာဏကို ကျဆင်းစေနိုင်ပါတယ်

  • သွေးအားနည်းရောဂါ – သွေးနီဥများကျဆင်းခြင်း
  • Leukopenia – သွေးဖြူဥများကျဆင်းခြင်း
  • Thrombocytopenia – သွေးဥမွှားများကျဆင်းခြင်း
  • တချို့သွေးရောဂါတွေက သွေးဆဲလ်တွေရဲ့ ပမာဏကို များစေနိုင်တယ်။

    • Erythrocytosis – သွေးနီဥပမာဏ များခြင်း
    • Leukocytosis – သွေးဖြူဥပမာဏများခြင်း
    • Thrombocythemia – သွေးဥမွှားပမာဏများခြင်း

    တခြားသွေးရောဂါတွေက သွေးနီဥနဲ့ သွေးရည်ကြည်ထဲမှာရှိတဲ့ ပရိုတင်းဓါတ်ကို ပျက်စီးပြီး ကိုယ်ခံအားကျခြင်းနှင့် သွေးခဲစေရန်လုပ်ဆောင်ပေးတာတွေကို ကျဆင်းစေတယ်။

    Blood Disorders (သွေးရောဂါများ) က ဘယ်လောက်အဖြစ်များသလဲ

    သွေးရောဂါတွေက တော်တော်လေးတွေ့ရများတယ်။ အသက်အရွယ်၊ ယောကျာ်းမိန်းမ မရွေးဖြစ်တတ်တယ်။ ဒါပေမယ့် ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ထိန်းချုပ်လို့ရပါတယ်။

    ထပ်မံသိလိုသော အချက်များ ရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

    လက္ခဏာများ

    Blood Disorders (သွေးရောဂါများ) ရဲ့လက္ခဏာတွေကဘာတွေလဲ

    သွေးရောဂါရဲ့ လက္ခဏာများမှာ-

    • နွမ်းနယ်ခြင်း၊ အားနည်းခြင်း နှင့် မောပန်းခြင်း
    • ဖျားခြင်း
    • ခေါင်းကိုက်ခြင်း
    • မျက်နှာနီရဲနေခြင်း
    • သွေးပျစ်လာခြင်း
    • သွေးအများကြီးထွက်ပြီး သွေးမတတ်ခြင်း
    • မူးဝေခြင်း
    • အသားအရည် ဖြူဖတ်ဖြူရော်ဖြစ်ခြင်း
    • အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း
    • ကြွက်သားများ အားနည်းခြင်း
    • နှလုံးခုန်မြန်ခြင်း
    • ရောဂါပိုးတွေ ကြာရှည်စွာ ဝင်ရောက်ခြင်း
    • ထိခိုက်၊ ရှနာဖြစ်လျှင် အနာအကျက်နှေးခြင်း
    • ထိခိုက်ဒဏ်ရာဖြစ်လျှင် သွေးမတိတ်ခြင်း
    • သွေးခြေဥလွယ်ခြင်း

    ယေဘူယျအားဖြင့် သွေးရောဂါတွေက အောက်ပါအခြေအနေတွေမှာ သွေးထွက်များတတ်တယ်။

    • နှာခေါင်းသွေးလျှံခြင်း
    • သွားရောဂါကုသခြင်း
    • ရာသီသွေးဆင်းခြင်း
    • ကေလေးမွေးခြင်း
    • ကလေးငယ်တွေမှာ သွားပေါက်ခြင်း

    ဒီအထဲတွင် မပါသော လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ သင့်ရောဂါအခြေအနေနှင့် ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    ဒီအပေါ်မှာမပါတဲ့ ရောဂါလက္ခဏာအကြောင်းနဲ့ ပတ်သတ်ပြီး မေးမြန်းလိုပါက ဆရာဝန်နှင့်ဆွေးနွေးပါ။ လူတိုင်းရဲ့ ကိုယ်ဟာ တုံ့ပြန်မှုမတူနိုင်ပါဘူး။ သင့်အခြေအနေကို ဆရာဝန်နှင့် ဆွေးနွေးခြင်းက အကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Blood Disorders (သွေးရောဂါများ) ကိုဘာတွေကဖြစ်စေသလဲ

    သွေးရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းများမှာ

    မျိုးရိုးဗီဇ

    သွေးရောဂါတွေက မျိုးရိုးလိုက်နိုင်ပါတယ်။ သင့်မိဘနဲ့ မွေးချင်းတွေထဲမှာ သွေးရောဂါရှိလျှင် သင်လည်းဖြစ်နိုင်ပါတယ်။

    ရောဂါတစ်ခုခုရဲ့ နောက်ဆက်တွဲအဖြစ်

    ဥပမာ polycythemia vera ရောဂါကြောင့် သင့်ကိုယ်ခန္ဓါက သွေးနီဥတွေအများကြီး ထုတ်ပေးပါတယ်။ သင့်ရဲ့ကိုယ်ခံအားကို ပြန်တိုက်သောရောဂါ lupus, ကြောင့် ကိုယ်ခံအားတွေက သွေးဥမွှားတွေကို ဖျက်ဆီးပစ်ပါတယ်။ ဒါက သင်ထိခိုက်ဒဏ်ရာရလျှင် သွေးထွက်တာအချိန်ကြာစေပါတယ်။

    ရောဂါပိုးဝင်ခြင်း

    တချို့ရောဂါပိုးတွေက သွေးထဲမှာရှိတဲ့ သွေးဖြူဥပမာဏကို လျော့နည်းစေပါတယ်။ တချို့ကတော့ သွေးဖြူဥတွေကို များစေနိုင်တယ်။

    အာဟာရချို့တဲ့ခြင်း

    သံဓါတ်စုပ်ယူရာတွင် အနှောက်အယှက်ဖြစ်ပါက ကိုယ်ခန္ဓါအတွက် လုံလောက်တဲ့ သွေးနီဥတွေကို မထုတ်လုပ်နိုင်ဘဲ သွေးရောဂါဖြစ်စေနိုင်ပါတယ်။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Blood Disorders (သွေးရောဂါများ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    သွေးရောဂါကို အဖြစ်များစေတဲ့ အချက်တွေ များစွာရှိပါတယ်။ ဒါတွေကတော့-

    • မမျှတသော အစာစားခြင်း ( အစားနည်းခြင်း သို့မဟုတ် အဆီအစားများခြင်း)
    • အဝလွန်ခြင်း
    • ဆေးလိပ်သောက်ခြင်း
    • ရောဂါပိုးပြင်းပြင်းထန်ထန် ဝင်ရောက်ခြင်း
    • အူလမ်းကြောင်းရောဂါများ ကြာရှည်စွာဖြစ်ခြင်း
    • ရာသီလာချိန်နှင့် ကိုယ်ဝန်ဆောင်ချိန်
    • အသက်ကြီးသူများ
    • ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုလုပ်သော အားကစားသမားများ
    • ကိုယ်လက်လှုပ်ရှားမှု မရှိသူများ

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Blood Disorders (သွေးရောဂါများ) ကို ဘယ်လိုအတည်ပြုပါသလဲ

    သင့်သွေးထဲမှာရှိတဲ့ ပြဿနာတွေကို သိဖို့ ဆရာဝန်မှာ သင့်ကိုအောက်ပါ စစ်ဆေးမှုများလုပ်ဖို့ ညွှန်ကြားပါလိမ့်မယ်။

    • Complete Blood Count (CBC) က သွေးရောဂါအတွက် အသုံးများဆုံး စစ်ဆေးနည်းဖြစ်တယ်။ CBC က သွေးထဲမှာရှိတဲ့ ဆဲလ်( သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှား) တွေရဲ့ အခြေအနေကို ဖော်ပြတယ်။ ဒီစစ်ဆေးမှုကို သွေးအနည်းငယ်ဖောက်ပြီး အသင့်လုပ်ထားတဲ့ စက်နဲ့ ၁မိနစ်အတွင်း လုပ်နိုင်ပါတယ်။ တချို့သောအခြေအနေတွေမှာ အဏုကြည့်မှန်ပြောင်းကို သုံးပြီး သွေးဆဲလ်တွေရဲ့ အခြေအနေကို သိရှိနိုင်ပါတယ်။
    • လိုအပ်တဲ့ သွေးပမာဏကိုသုံးပြီး သွေးအတွင်း အအသစ်ဖြစ်ပေါ်လာတဲ့ သွေးနီဥ(reticulocytes) ကို တိုင်တာနိုင်ပါတယ်။ သွေးနီဥအသစ်တွေက ပုံမှန်အားဖြင့် သွေးနီဥပမာဏရဲ့ ၁ရာခိုင်နှုန်းလောက်သာ ဖြစ်တတ်ပါတယ်။
    • သွေးအားနည်းရောဂါကဲ့သို့ ကိုယ်ခန္ဓါက သွေးနီဥတွေ အများအပြားလိုအပ်တဲ့အချိန်မှာ ရိုးတွင်းခြင်းဆီတွေကနေ သွေးနီဥတွေ အများအပြား ထုတ်ပေးရပါတယ်။ ဒါကြောင့် ရိုးတွင်းခြင်ဆီကနေ သွေးနီဥအသစ် ထုတ်လုပ်မှုပမာဏကို သိရှိဖို့အတွက် Reticulocyet count ကိုတိုင်းတာကြပါတယ်။
      • သွေးခဲမှုကို စမ်းသပ်သော Clotting test မှာ စမ်းသပ်နည်းတွေများစွာပါဝင်ပါတယ်။ တချို့က သွေးထဲမှာရှိတဲ့ သွေးဥမွှားတွေကို ရှာဖွေတယ်။ သွေးဥမွှားတွေက သွေးထွက်တာကို ထိန်းပေးနိုင်စွမ်းရှိတယ်။ တခါတလေ ဆရာဝန်တွေက သွေးဥမွှားတွေရဲ့ အလုပ်လုပ်ပုံကို တိုင်းတာကြတယ်။ တချို့နည်းတွေကတော့ သွေးခဲဖို့ လိုအပ်တဲ့ ပရိုတင်းတွေရဲ့ အလုပ်ကို ခြုံငုံပြီး လေ့လာနိုင်တယ်။
    • သွေးဆဲလ်တွေကို သေချာစစ်ဆေးခြင်း။ ဆရာဝန်တွေက သွေးထဲမှာရှိတဲ့ ဆဲလ်ပမာဏကို တိုင်းတာပြီး သွေးဖြူဥတွေရဲ့ ရောဂါကို တိုက်ထုတ်နိုင်တဲ့ အခြေအနေကို တိုင်းတာကြတယ်။ တချို့သော စမ်းသပ်မှုတွေက သွေးနမူနာသာလိုသော်လည်း တချို့ စမ်းသပ်မှုတွေကို လုပ်ဖို့ ရိုးတွင်းခြင်ဆီ လိုအပ်နိုင်ပါတယ်။
    • ပရိုတင်းနှင့် တခြားပစ္စည်းမျာရဲ့ ပမာဏကို တိုင်းတာခြင်း။ ဒီစစ်ဆေးမှုတွေကို ဆီးနမူနာကိုသုံးပြီး လုပ်လို့ရပါတယ်။ ဆီးထဲမှာ ပရိုတင်းအနည်းငယ် ပါဝင်ပါတယ်။ ဒီပရီုတင်းတွေကို တိုင်းတာခြင်းဖြင့် သူတို့ရဲ့ အရည်အသွေးနဲ့ တည်ဆောက်ပုံ ပုံမမှန်တာတွေကို တိုင်းတာနိုင်ပါတယ်။

    Blood Disorders (သွေးရောဂါများ) ကို ဘယ်လိုကုသပါသလဲ

    ပုံမှန်အားဖြင့် သွေးဆဲလ်တွေရဲ့ ပုံမှန်မဟုတ်တာကိုပြင်ဖို့အတွက် ဆရာဝန်က ဆေးတေပေးလေ့ရှိကြတယ်။ သင့်ရောဂါက အရမ်းမဆိုးလျှင် ဆေးသောက်ရုံနှင့် အဆင်ပြေပါတယ်။

    ဆေးသောက်လို့ မသက်သာလျှင် သင်ရဲ့ ပျက်ဆီးနေတဲ့ ရိုးတွင်းခြင်ဆီကို ပြင်ဆင်ဖို့ သို့မဟုတ် အစားထိုးဖို့အတွက် ရိုးတွင်းခြင်ဆီအစားထိုးနည်း သုံးနိုင်ပါတယ်။

    ဒါ့အပြင် သွေးသွင်းခြင်းဖြင့် ဆုံးရှုံးပျက်ဆီးသွားတဲ့ သွေးဆဲလ်တွေကို ပြန်အစားထိုးနိုင်ပါတယ်။ သွေးသွင်းဖို့အတွက် ကျန်းမာတဲ့အလှူရှင်ဆီက သွေးကို သွင်းဖို့လိုအပ်ပါတယ်။

    သွေးရောဂါကို ကာကွယ်ဖို့ လိုအပ်တဲ့ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။

    သွေးရောဂါကိုကာကွယ်ဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ သင်ဟာ ရောဂါလက္ခဏာတစ်ခုခုကို တွေ့ရှိလျှင် ရောဂါကို စောစီးစွာ သိရှိပြီး ကုသခြင်းဖြင့် ပိုကောင်းတဲ့ရလဒ်ကို ရနိုင်ပါတယ်။

    လုံလောက်တဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေကလည်း သင့်ကို သွေးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။ သင့်မိဘတွေမှာ သွေးရောဂါရှိလျှင် သင့်မှာဖြစ်နိုင်ခြေရှိတဲ့အတွက် ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

    မေးမြန်းလိုတာရှိပါက ဆရာဝန်နှင့် ဆွေးနွေးပြီး သင့်အတွက် အကောင်းဆုံးအဖြေကို ရယူလိုက်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement