backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ) ကဘာလဲ။

ထိခိုက်ဒဏ်ရာရတဲ့အခါ ပေါက်ပြဲသွားတဲ့ နေရာမှာ သွေးတွေစုပုံလာပြီး သွေးတိတ်စေသော ဖြစ်စဉ်ကို သွေးခဲခြင်းလို့ခေါ်ပါတယ်။

မတော်တဆ ပြတ်ရှသွားပြီဆိုပါစို့။ သွေးခဲခြင်းဖြစ်စဉ် ဖြစ်ပေါ်လာပါပြီ။ သွေးထဲတွင်ပါဝင်သော သေးငယ်သည့် သွေးမွှားဆဲလ်လေးတွေဟာ ထိခိုက်ဒဏ်ရာရရာနေရာလို့သွားရောက်ပြီး ကနဦးသွေးခဲလေးတွေ ဖြစ်လာစေပါတယ်။ သွေးထဲရှိ သွေးခဲစေသော ပစ္စည်းများဟာ လျင်မြန်စွာ ဓါတ်ပြုမှုတွေဖြစ်ပြီး ဖိုက်ဘရင်လို့ခေါ်တဲ့ အမျှင်လေးဖြစ်လာကာ သွေးမွားဆဲလ်လေးတွေကို အတူတကွစုစည်းပေးထားပါတယ်။ နောက်ထပ်သွေးမွှားဆဲလ်လေးတွေ ထပ်ဝင်လာပြီး ပိုကြာကြာခံနိုင်တဲ့ သွေးခဲဖြစ်စေပြီး သွေးတိတ်သွားစေပါတယ်။ ခန္ဓါကိုယ်ထဲမှာရှိတဲ့ အခြားပရိုတင်းတွေက သွေးခဲကြီးလိုတာထက်ပိုမကြီးလာစေဖို့ ဘယ်အချိန်မှာ သွေးခဲခြင်းဖြစ်စဉ်ရပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ အနာကျက်သွားတဲ့အခါ ဖိုက်ဖရင်အမျှင်အရည်ပျော်သွားပြီး သွေးမွှားဆဲလ်တွေလည်း ပုံမှန်သွေးထဲမှာ ရှိနေကျပုံစံမျိုး ပြန်ဖြစ်သွားပါတယ်။

Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေး အလွန့်အလွန်အဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပြတ်ရှဒဏ်ရာတွေရတဲ့အခါမှာ သတိပြုမိပါလိမ့်မယ်။ ယင်းဒဏ်ရာပတ်ပတ်လည်မှာ ရောင်ရမ်းလာလိမ့်မယ်၊ နာကျင်လာမယ်။ တစ်ခါတစ်ရံ ယားယံလာမယ်။ ကိုယ်ဘာသာခိုက်မိတာပဲဖြစ်ဖြစ်၊ သူများလုပ်တာပဲဖြစ်ဖြစ် သွေးခဲခြင်းကတော့ အတူတူပါပဲ။ သွေးပြန်ကြောထဲမှာ သွေးခဲမယ်ဆိုရင်တော့ ပူ၊နီ၊နာ၊ရောင်လက္ခဏာတွေ တွေ့ရပါလိမ့်မယ်။ တစ်ခါတစ်ရံ သွေးခဲကြီးမယ်ဆိုရင် ရောင်နေတဲ့ နေရာတစ်ခုလုံး ပြာနှမ်းနေပါလိမ့်မယ်။

သို့ပေမယ့်လည်း သွေးလွတ်ကြောတွေမှာ သွေးခဲပြီဆိုရင်တော့ စိုးရိမ်စရာတွေ ဖြစ်လာပါတော့မယ်။ အရေးကြီးတဲ့ အောက်စီဂျင်ဖြန့်ဝေပေးခြင်းလိုမျိုး ဇီဝလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့ သွေးလွှတ်ကြောကို သွေးတွေ ဖြတ်သန်းစီးဆင်းကြတာပါ။ သွေးခဲသွားမယ်ဆိုရင် ချွေးပြန်ခြင်းနဲ့ အသက်ရှုမဝခြင်းတို့ ဖြစ်နိုင်ပြီး တစ်ခါတစ်ရံ မအီမသာဖြစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဖိထားသလိုဖြစ်ခြင်း၊ အစာမကျေခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ ဦးနှောက်ကို သွေးကောင်းကောင်းမရောက်တော့ရင် စိတ်ရှုပ်ထွေးခြင်း၊ အမြင်မကောင်းခြင်းနဲ့ စကားမပြောနိုင်တော့ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ လေဖြတ်တယ်ဆိုတာ ခန္ဓါကိုယ်ရှိတစ်နေရာရာမှာ သွေးခဲရှိနေတာကို ဖော်ပြတာပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိနေမယ် ဒါမှမဟုတ် မေးစရာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်း မတူညီကြပါပါဘူး။ မိမိအခြေအနေအတွက် ဘာက အသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ) ကိုဘာတွေကဖြစ်စေသလဲ

ပြတ်ရှရာတွေ ဖြစ်တဲ့အခါမှာ သွေးခဲတွေဖြစ်ပေါ်တတ်ပါတယ်။ သွေးလည်ပတ်ရခက်နေတာ ဒါမှမဟုတ် ပိတ်နေတာဆိုရင်လည်း သွေးခဲနိုင်ပါတယ်။ အတွင်းပိုင်းသွေးပြန်ကြောသွေးခဲခြင်းနှင့် နှလုံးသွေးဝင်ခန်းစည်းချက်မမှန်ခြင်းတို့ကြောင့်လဲ သွေးစီးဆင်းမှုနှေးပြီး သွေးခဲနိုင်ပါတယ်။ သွေးပြန်ကြောမှာ သွေးခဲတယ်ဆိုတာ သွေးကပြစ်ခဲနေပြီး မစီးဆင်းတာဖြစ်ပါတယ်။ သွေးဝင်ခန်းစည်းချက်မမှန်ခြင်းကတော့ နှလုံးဟာ မှန်မှန်မခုန်တော့ပဲ ခုန်ချင်သလိုခုန်ပြီး သွေးကို ညှစ်ထုတ်နေတာပါ။

သွေးထဲမှာ ကိုလက်စထရောများခြင်းက သွေးကြောအတွင်းမှာ အဆီခဲ၊သွေးခဲတွေ ဖြစ်ပေါ်စေတာကြောင့် တရားခံတစ်ခုပဲ ဖြစ်ပါတယ်။ ယင်းအဆီခဲ၊သွေးခဲတွေ ပေါက်သွားတဲ့အခါမှာတော့ သွေးခဲခြင်းဖြစ်ပေါ်လာပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါလူသိများတဲ့ အချက်တွေက သွေးခဲနိုင်ခြေအန္တရယ်မြင့်မားစေပါတယ်။

  • သွေးပေါင်ချိန်တက်ခြင်း
  • ကိုလက်စထရောဓါတ်များခြင်း
  • ဆီးချိုသွေးချိုရှိခြင်း
  • ဆေးလိပ်သောက်ခြင်း
  • နှလုံးသွေးကြောပိတ်ခြင်း ဒါမှမဟုတ် လေဖြတ်ခြင်းနှင့်ဆိုင်သောကျန်းမာရေးအခြေအနေများ မိသားစုထဲမှာ ဖြစ်ဖူးခြင်း
  • ကင်ဆာရှိနေခြင်း
  • မလှုပ်ရှားနိုင်သောသူများ ( ဒဏ်ရာရသူများနှင့် အချိန်ကြာထိုင်ရသူများ)
  • မျိုးရိုးဗီဇပြဿနာများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

ပထမဦးဆုံး သွေးခဲစေသော အခြေအနေတွေရှိခဲ့လားသိရှိစေဖို့ လူနာဆေးမှတ်တမ်းကို ကြည့်ရပါလိမ့်မယ်။ သွေးခဲခြင်းဆိုတာ တစ်ခုခုမှားသွားတဲ့အခါမှာ ပြန်ပြင်ပေးတဲ့ ကိုယ်ခန္ဓါရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒါကြောင့် အခြေအနေတစ်ရပ်လုံးကို သိရှိနေခြင်းက ကုသမှုကို ကူညီပေးနိုင်မှာပါ။

သွေးခဲခြင်းအမျိုးမျိုးက ကွဲပြားမှုအသီးသီးရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေါင်းစခြေအဆုံးတစ်ကိုယ်လုံးမှာ သွေးခဲတတ်လို့ပါ။ နောက်ထပ်စစ်ဆေးမှုတွေအတွက် အယ်ထရာဆောင်း၊ အီးအီးဂျီ၊ အီကေဂျီ၊ စီတင်စကင်နဲ့ အခြားနည်းတွေ လိုအပ်အုန်းမှာပါ။

Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ) ကို ဘယ်လိုကုသပါသလဲ

သွေးခဲခြင်းအမျိုးမျိုးရှိတာကြောင့် ကုသမှုကလည်း ဆေးသောက်ခြင်းကနေ ခွဲစိတ်ခြင်းအထိ အမျိုးမျိုးရှိနိုင်ပါတယ်။ ဘယ်လိုကုသမှုမျိုး လိုအပ်တယ်ဆိုတာကို ဘယ်နေရာမှာ ဖြစ်တယ်နဲ့ ဘယ်လောက်ပြင်းထန်သလဲဆိုတာပေါ်မှာ မူတည်ပါတယ်။

ခြုံပြောရမယ်ဆိုရင် သွေးခဲမှုမရှိစေဘဲ သွေးကိုပုံမှန်ပြန်လည်စီးဆင်းစေနေဖို့က ကုသမှုရည်ရွယ်ချက်ပါ။ ကုသမှုပိုအောင်မြင်အောင် ကျန်းမာစွာစားသောက်နေထိုင်ခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။ ရံဖန်ရံခါလေ့ကျင့်ခန်းလုပ်ပေးခြင်းက သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ အာမခံနိုင်ပါတယ်။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

သွေးခဲခြင်းကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက သွေးခဲခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

  • လှုပ်လှုပ်ရှားရှားနေပါ။
  • ကျန်းမာစွာစားသောက်ခြင်းဖြင့် ကိုယ်တွင်းကိုလက်စထရောဓါတ်ကို ထိန်းချုပ်ပါ။
  • ပြည့်ဝဆီ၊ ကိုလက်စထရောနဲ့ ဆိုဒီယမ်နည်းသော အစားအစာများ စားသုံးပါ။
  • သွေးပေါင်ချိန်ထိန်းပါ။
  • ကိုယ်အလေးချိန်ချပါ။
  • သွေးတွင်းသကြားဓါတ်လျော့ချပါ။

မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement