backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Blackheads (ဆားဝက်ခြံ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 19/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Blackheads (ဆားဝက်ခြံ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Blackheads (ဆားဝက်ခြံ) ကဘာလဲ။

ဆားဝက်ခြံတွေဆိုတာဟာ open comedo လို့ခေါ်တဲ့ အရေပြားပေါ်မှ မွေးညင်းပေါက်တွေ ပိတ်နေသောကြောင့် ဆူထွက်နေသော အဖုလေးတွေပါ။ ဘက်တီးရီးယားတွေ ဆဲလ်သေတွေ အဆီတွေနဲ့ ပိတ်နေတဲ့ အခါမှာ ဖြစ်ပွားတတ်ပါတယ်။

ဖုန်မှုန့်တွေနဲ့ ပိတ်နေတယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ အဆီနဲ့ ဘက်တီးရီးယားတွေနဲ့ ပိတ်ပြီး လေနဲ့ထိတဲ့အခါမှာ အနက်ရောင်ပြောင်းသွားတာပါ။ Closed comedo လို့ခေါ်တဲ့ ပြည်တည်ဖုတွေနဲ့ ကွဲပြားခြားနားပါတယ်။

ဆားဝက်ခြံတွေဟာ ဝက်ခြံတွေရဲ့ အဖြစ်များတဲ့ လက္ခဏာဖြစ်ပြီး များသောအားဖြင့် မျက်နှာပေါ်မှာ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်ရံ ကျောကုန်း၊ ရင်ဘတ်၊ လည်ပင်း၊ လက်နဲ့ ပခုံးပေါ်တွေမှာလည်း ဖြစ်တတ်ပါတယ်။

Blackheads (ဆားဝက်ခြံ) က ဘယ်လောက်အဖြစ်များသလဲ

ဆားဝက်ခြံတွေက ဝက်ခြံပေါက်တဲ့လူတွေမှာ အဖြစ်များတတ်ပါတယ်။ မိန်းမတွေက ယောက်ျားတွေထက်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့လည်း ဝက်ခြံအပေါက်များတဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆားဝက်ခြံတွေကို ဝက်ခြံတွေရင်ဆိုင်တဲ့နည်းလမ်းနဲ့ အတူ ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။

လက္ခဏာများ

Blackheads (ဆားဝက်ခြံ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆားဝက်ခြံတွေကို အရေပြားပေါ်မှာတင် တွေ့နိုင်ပါတယ်။ သေးသေး၊ မဲမဲနဲ့ အရေပြားပေါ်မှာ ဆူထွက်နေတဲ့ အရာလေးတွေပါ။ အဆီတွေ၊ အရေပြားဆဲလ်အသေတွေ၊ ဘက်တီးရီးယားတွေဟာ လေနဲ့ ဓါတ်ပြုကြပြီး အပေါက်တွေမှာ အမဲရောင်တွေ ဖြစ်ပေါ်လာစေပါတယ်။

ဝက်ခြံတွေလိုတော့ ပူလောင်နာကျင်ခြင်းမရှိပါဘူး။ ပြည်ဖု၊ ပြည်နာနဲ့ အဖုအပိမ့်တွေလို ဝက်ခြံရဲ့ လက္ခဏာတွေနဲ့တော့ဆက်စပ်မှုတော့ ရှိပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါတို့ဖြစ်နေပါက ဆရာဝန်ပြသင့်ပါတယ်။

  • ဆားဝက်ခြံတွေပျောက်အောင် အိမ်တွင်ဆေးဝါးများက မစွမ်းဆောင်နိုင်တော့ခြင်း
  • ဆားဝက်ခြံများက ဆက်လက်ရှိနေခြင်း၊ ပိုဆိုးလာခြင်း
  • စိတ်မသက်မသာဖြစ်စေသော အခြား ဝက်ခြံလက္ခဏာများ ရှိနေခြင်း

အကြောင်းရင်းများ

Blackheads (ဆားဝက်ခြံ) ကိုဘာတွေကဖြစ်စေသလဲ

ဆားဝက်ခြံတွေဖြစ်ရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ပတ်ဝန်းကျင်ကြောင့်ဖြစ်နိုင်သလို ဟော်မုန်းတွေ မညီမျှလို့လဲ ဖြစ်နိုင်ပါတယ်။ ဆားဝက်ခြံများဟာ အောက်ပါတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။

  • အဆီဂလင်းတွေက အဆီများကို လိုသည်ထက် ပိုထုတ်နေခြင်း
  • အဆီတွေနဲ့ အရေပြားဆဲလ်အသေတွေ ပေါင်းစုပြီး ချွေးပေါက်ပိတ်စေခြင်း
  • Open comedo မှာ အဆီခဲတွေဟာ လေကို ထိတွေ့ခြင်း
  • ခန္ဓါကိုယ်က အဆီတွေ လိုတာထက် ပိုထုတ်လာခြင်း
  • စတီးရွိုက်၊ ကိုယ်ဝန်တားဆေး၊ လစ်သီယမ်၊ ကျားဟော်မုန်းတို့လို ဆေးဝါးများ အသုံးပြုနေခြင်း
  • လူပျိုဖော်အပျိုဖော်ဝင်ခြင်းနဲ့ ရာသီလာခြင်းကဲ့သို့သော အဆီထုတ်လုပ်မှုများစေသည့် ဟော်မုန်းအပြောင်းအလဲများခြင်းဖြင့် ကြုံတွေ့နေရခြင်း
  • ဘက်တီးရီးယားများ အထူးသဖြင့် acnes ဘက်တီးရီးယား (propionibacterium acnes) သည် အရေပြားအပေါ်တွင် အလွန်များပြားနေခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Blackheads (ဆားဝက်ခြံ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါတို့က ဆားဝက်ခြံဖြစ်နိုင်ခြေကို များစေပါတယ်။

  • ဆယ်ကျော်သက်အရွယ်၊ ဓမ္မတာလာနေစဉ်အတွင်းနဲ့ တားဆေးတွေသောက်သုံးနေစဉ်အတွင်းမှာ ဖြစ်လာတဲ့ ဟော်မုန်းအပြောင်းအလဲတွေက အဆီထုတ်လုတ်မှုကို များစေခြင်း
  • စတီးရွိုက်၊ လစ်သီယမ်နဲ့ ကျားဟော်မုန်းများကဲ့သို့သော ဆေးများ သောက်သုံးခြင်း
  • ချွေးပေါက်များပိတ်စေသော အလှကုန်များ၊ သန့်စင်ဆေးနဲ့ အဝတ်များ အသုံးပြုခြင်း
  • ချွေးအလွန်အကျွန်ထွက်ခြင်း၊ စိုထိုင်းဆ များနေခြင်း
  • အရေပြားဆဲလ်များ ပျက်စီးခြင်းကို အားပေးသော အစားအသောက်များ၊ ရောဂါများ၊ ဆေးဝါးများ သုံးစွဲခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Blackheads (ဆားဝက်ခြံ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင်ဘယ်လို အရေပြားမျိုးရှိလဲဆိုတာကို ဆရာဝန်က စစ်ဆေးပါလိမ့်မယ်။ စတီးရွိုက်တွေလိုမျိုး မှည့်ခြောက်များဖြစ်စေတဲ့ ဆေးဝါးတွေသောက်သုံးနေလား ဆိုတာကိုလည်း စစ်ဆေးပါလိမ့်မယ်။

စစ်ဆေးမှုတွေမှာ ပြင်းထန်လား၊မပြင်းထန်လားဆိုတာများ ပါပါလိမ့်မယ်။ ယင်းစစ်ဆေးမှုတွေက စိတ်ပိုင်းဆိုင်းရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ သက်ရောက်မှုများရှိလား၊ ကုသမှုတွေလိုလားမလိုဘူးလားဆိုတာ ဆုံးဖြတ်ဖို့ကူညီမှာပါ။

Blackheads (ဆားဝက်ခြံ) ကို ဘယ်လိုကုသပါသလဲ

ဆားဝက်ခြံကုသနည်းတွေ များစွာရှိပါတယ်။ Over The Counter (OTC) လို့ခေါ်တဲ့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူ ဝယ်ယူရရှိနိုင်မယ့်ဆေးတွေ ရှိပါတယ်။ ယင်းတို့မှာ salicylic acid နှင့် benzoyl peroxide တို့ပါဝင်ပြီး ခရင်၊ အဆီ၊ ဆပ်ပြာတောင့် အနေဖြင့် ပြုလုပ်ထားပါတယ်။ ယင်း OTC ဆေးဝါးတွေ အလုပ်မလုပ်ဘူးဆိုရင်တော့ ဆရာဝန်က ပိုမို အားပြင်းတဲ့ ညွှန်ကြားပါလိမ့်မယ်။ ယင်းဆေးဝါးတွေမှာ tretinoin, tazarotene နှင့် adapalene ကဲသို့သော Vitamin A ပုံစံအမျိုးမျိုးပါဝင်ပါတယ်။ ပြီတော့ အဆီခဲတွေ မဖြစ်အောင် တားဆီးပြီး အရေပြားဆဲလ်များ ပျက်ဆီးအသုံးပြုခြင်းကို ပိုမြန်စေပါတယ်။

အရေပြားကျွမ်းကျင်သူတွေနဲ့ အထူးကုတွေကတော့ အကွင်းပုံစံ အထူးပြုလုပ်ထားသော ကိရိယာကို အသုံးပြုပြီး ဆားဝက်ခြံတွေကို ဖယ်ထုတ်ပေးပါလိမ့်မယ်။ တချို့ကတော့ မျက်နှာပြင်ကြမ်းတဲ့ အထူးကိရိယာလေးကိုသုံးပြီး အရေပြားအပေါ်ဆုံးအလွှာကို ကော်ပတ်စားသလို ပွတ်တိုက်ပေးပါလိမ့်မယ်။ ယင်းကဲသို့ ကော်ပတ်စားခြင်းက မှည့်ခြောက်တွေ ဖြစ်စေတဲ့ အဖတ်တွေကို ဖယ်ရှားပေးပါတယ်။

ဆားဝက်ခြံတွေကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဆားဝက်ခြံတွေကို ကိုရင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

  • မျက်နှာ မှန်မှန် သစ်ပါ။ မျက်နှာသစ်ဆေးနဲ့ တစ်နေ့နှစ်ကြိမ်သစ်သင့်ပါတယ်လို့ အကြံပေးထားပါတယ်။ အဆီများစုပုံလာပြီး ဆားဝက်ခြံများမဖြစ်လာစေရန် မနက်နိုးပြီးတစ်ကြိမ်၊ ညမအိပ်ခင်တစ်ကြိမ် သစ်ပေးရပါမယ်။
  • တစ်နေ့နှစ်ကြိမ်ထက် ပိုသစ်မယ်ဆိုရင်တော့ အရေပြား နေမထိထိုင်မသာဖြစ်ကာ ဝက်ခြံတွေ ပိုဆိုးလာနိုင်ပါတယ်။ အရေပြားကို မထိခိုက်စေသော ပျော့ပြောင်းညင်သာသော မျက်နှာသစ်ဆေးအသုံးပြုဖို့လိုပါတယ်။ ဒါ့အပြင် ပီဇာလိုမျိုး အဆီများသော အစားအစာများ စားပြီးပါကလည်း မျက်နှာသစ်ဖို့ မမေ့ပါနှင့်။
  • ခေါင်းပုံမှန်လျော်ပေးပါ။ ဆံပင်က အဆီတွေပြန်နေမယ်ဆိုရင် ချွေးပေါက်တွေထံသို့ ပျံ့နှံ့သွားနိုင်ပါတယ်။
  • အဆီမပါသော အလှကုန်များ သုံးပါ။ အဆီပါသော ထုတ်ကုန်တွေက ဆားဝက်ခြံအသစ်များ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ပိုမိုမဆိုးဝါးသွားစေရန် အဆီပါသော မိတ်ကပ်၊ လိုးရှင်း၊ နေရောင်ခံလိမ်းဆေးတို့ အသုံးပြုခြင်းအား ရှောင်ရှားသင့်ပါတယ်။
  • ချီးချွတ်ဆေးအား စမ်းသုံးကြည့်ပါ။ ချီးချွတ်ဆေးနဲ့ ချီးချွတ် mask တွေက အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး မှည့်ခြောက်တွေ နည်းပါးသွားစေပါလိမ့်မယ်။ အရေပြားနဲ့ ဓါတ်တည့်မယ့် ပစ္စည်းကိုသာ ရွေးချယ်သင့်ပါတယ်။

မေးမြန်းလိုသည်များအတွက် ပိုမိုနားလည်ပြီး အကောင်းဆုံးဖြေရှင်းနိုင်ရန် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 19/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement