backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Binge Eating Disorder (အစားလွန်ရောဂါ)


Hello Sayarwon မှ ရေးသားသည်။ · 14/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Binge Eating Disorder (အစားလွန်ရောဂါ) ကဘာလဲ။

အစားလွန်ရောဂါ (Binge eating disorder) ဆိုတာ အစားစားတာကို မထိန်းနိုင်တဲ့ အပြုအမူအလေ့အထကို ခေါ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် အစားစားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့သလို ခံစားရမယ်၊ နေ့ရှိသရွေ့ အစားစားဖို့ပဲ အာရုံရောက်နေမယ်၊ ဘယ်သူမှမသိအောင် ကျိတ်စားမယ်၊ ငြီးငွေ့ဖွယ်ကောင်းတဲ့ နေ့စဉ်ဘ၀ ဒါမှမဟုတ် စိတ်ဖီးစီးစရာကောင်းတဲ့ နေ့စဉ်ဘဝကနေ လွတ်မြောက်ဖို့ရည်ရွယ်ပြီး အစားစားပေမယ့် သင်ခံစားနေရတာတွေ မပျောက်ဘဲဖြစ်နေမယ် ဆိုရင်တော့ ဒါဟာ အစားလွန်ရောဂါရဲ့ လက္ခဏာတွေလို့ ဆိုနိုင်ပါတယ်။

အံ့သြစရာကောင်းလောက်အောင်ပဲ အစားလွန်ရောဂါဟာ အလွန်အဖြစ်များပါတယ်။ လူတွေဟာ တစ်သက်မှာ တစ်ချိန်မဟုတ်တစ်ချိန် ဒီရောဂါရလာနိုင်ပါတယ်။ ဒါပေမယ့် ရောဂါရှိလို့ရှိနေမှန်း စောစောသတိမထားမိကြဘဲ အဝလွန်ခြင်းလို နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာမှသာ သတိထားမိတတ်ကြပါတယ်။

Binge Eating Disorder (အစားလွန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Binge Eating Disorder (အစားလွန်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အစားလွန်ရောဂါရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

မရပ်မနားစားခြင်း၊ အစားများခြင်း

အစားအသောက်မဆင်ခြင်နိုင်ခြင်း

ဗိုက်ပြည့်နေသော်လည်း ထပ်စားချင်နေခြင်း

အစားအသောက် မပြတ်အောင်ထားခြင်း

အစားစားလိုက်မှ နေသာထိုင်သာရှိသလို ခံစားရသော်လည်း စားပြီးသောအခါ စိတ်ကသိကအောင့်ဖြစ်ရခြင်း၊ အပြစ်ရှိသလို ခံစားရခြင်း

တချိန်လုံး အစားအသောက်ကိုတောင့်တနေခြင်း

ကိုယ်အလေးချိန်အတွက် စိတ်ညစ်ရခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Binge Eating Disorder (အစားလွန်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အစားလွန်ရောဂါဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့-

အစားစားခြင်းဆိုင်ရာ စိတ်ကျန်းမာရေးပြဿနာ

မျိုးရိုးဗီဇ

ခန္ဓါကိုယ်ကို လှောင်ပြောင်ပြက်ရယ်ပြုမှုအပေါ် စိတ်အစွဲအလမ်းရှိခြင်း

ယဉ်ကျေးမှုနှင့် လူမှုပတ်ဝန်းကျင်၏ လွှမ်းမိုးမှု

မိမိကိုယ်ကိုယ် တန်ဖိုးမထားနိုင်ခြင်း

အထီးကျန်ဆန်ခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Binge Eating Disorder (အစားလွန်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အစားလွန်ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတချို့ကတော့-

လူနေမှုဘဝပုံစံ

စိတ်နေသဘောထား

စိတ်ကျန်းမာရေး

မျိုးရိုးဗီဇ တို့ပဲဖြစ်ပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့health condition မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Binge Eating Disorder (အစားလွန်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်အနေနဲ့ အစားလွန်ရခြင်းရဲ့ အကြောင်းအရင်းကို ရှာဖွေဖို့ သင့်ရဲ့ စားသောက်ပုံနဲ့ ဒီပြဿနာဖြစ်နေတာ ဘယ်လောက်ကြာပြီဆိုတာကို မေးမြန်းပါလိမ့်မယ်။ ရောဂါရှာဖွေစစ်ဆေးမှုတချို့ ပြုလုပ်ဖို့ လည်း လိုကောင်းလိုအပ်မှာ ဖြစ်ပါတယ်။

Binge Eating Disorder (အစားလွန်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဒီရောဂါကို ကုသရာမှာ ထိရောက်မှုရှိစေမယ့် နည်းလမ်းသုံးမျိုးကတော့-

အတွေးနဲ့အပြုအမူဆိုင်ရာကုထုံး (CBT) – ဒီကုထုံးကတော့ အစားလွန်ရောဂါရှိနေသူကို သူ့ရဲ့အတွေး၊ စိတ်ခံစားချက်တွေကို ကိုယ်တိုင်သတိပြုမိပြီး အပြုအမူကိုပါ ပြုပြင်ပြောင်းလဲနိုင်အောင် အကူအညီပေးတဲ့ ကုထုံးဖြစ်ပါတယ်။

လူမှုဆက်ဆံရေးဆိုင်ရာ စိတ်ကုထုံး (IPT) – ရောဂါခံစားနေရသူနဲ့ သူ့ရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကြား ပေါင်းသင်းဆက်ဆံရေးကို အဓိကဦးတည်တဲ့ ကုထုံးဖြစ်ပါတယ်။

ကျိုးကြောင်းဆင်ခြင်ပြုမူခြင်း ကုထုံး (DBT) – မိမိကိုယ်ကိုယ် ထိန်းကျောင်းပြုမူခြင်း၊ စိတ်ခံစားမှုအလိုက် ပြုမူဆောင်ရွက်ခြင်းနဲ့ ဆက်စပ်ပြီး လေ့ကျင့်ပေးတဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်။

အထက်မှာပြောခဲ့တဲ့ ကုထုံးတွေအပြင် နှစ်သိမ့်ဆွေးနွေးပညာပေးအုပ်စုတွေမှာ ပါဝင်ခြင်းအားဖြင့်လည်း အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရရှိစေမှာဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အစားလွန်ရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အစားလွန်ရောဂါကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ဒီရောဂါဟာ စိတ်ကြောင့် အဓိကဖြစ်ရတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် ရောဂါလက္ခဏာတွေရှိမရှိ မိမိကိုယ်ကိုယ် သတိထားပြီး ပြုပြင်ပြောင်းလဲခြင်းဟာ အကောင်းဆုံးအဖြေ ဖြစ်ပါတယ်။

အများအားဖြင့် စိတ်ခံစားမှုတွေကြောင့် အစားအသောက်ကို တောင့်တတာဖြစ်တဲ့အတွက် တကယ်ဗိုက်ဆာတာ ဟုတ်မဟုတ် ခွဲခြားသိအောင် ကြိုးစားသင့်ပါတယ်။ တစ်နေ့ကို အစားသုံးနပ်ပုံမှန်စားမယ်၊ နေ့ခင်းနေ့လည် အဆာပြေတစ်ခုခုစားမယ် စသည်ဖြင့် အစားစားဖို့အချိန် သတ်သတ်မှတ်မှတ်ထားပြီး တိတိကျကျ လိုက်နာရမှာဖြစ်ပါတယ်။

အစားစားချိန်မဟုတ်ဘဲ စားဖို့အာသီသဖြစ်လာရင် အသက်၀၀ရှုသွင်းပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရပါမယ်။ အခုအချိန်မှာ စားဖို့လိုရဲ့လား၊ နောက်မှစားလို့ မရဘူးလား၊ ဘာကြောင့် ဒီအစာကို စားရမလဲ၊ အခု ဘယ်လိုခံစားနေရလဲ စသည့်ဖြင့် မိမိကိုယ်ကိုယ် မေးမြန်းရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အစားစားချင်စိတ်ကို လျော့နည်းသွားစေပြီး စားဖြစ်တော့မှာ မဟုတ်ပါဘူး။

တကယ်တော့ ကျန်းမာရေးကောင်းမွန်စေတဲ့ လူနေမှုဘဝပုံစံ တည်ဆောက်ခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ အိပ်ချိန်ကို ဂရုစိုက်တာ၊ မိမိလိုပဲ အစားလွန်ရောဂါရှိသူတွေနဲ့ စကားပြောတာ စတဲ့နည်းလမ်းတွေက သင့်ကို တနေ့ထက်တနေ့ ပိုမိုလန်းဆန်းစေပြီး အထီးကျန်မဆန်ရအောင် အများကြီး အထောက်အကူပြုပါလိမ့်မယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 14/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement