အဓိပ္ပါယ်ဖွင့်ဆိုချက်
Benzodiazepine abuse (Benzodiazepine အလွဲသုံးခြင်း) ကဘာလဲ။
အမေရိကန်ပြည်ထောင်စုတွင် အပေးအများဆုံး ဆေးများထဲတွင် ပါဝင်သည်။ ဆေးညွှန်းခြင်း မခံရသူများက ယူပြီး အိပ်ဆေးအဖြစ်သုံးသောကြောင့် အလွဲသုံးခြင်း ဖြစ်လာသည်။
benzodiazepine ကို
- စိုးရိမ်ပူပန်ခြင်း
- အိပ်မပျော်ခြင်း
- အရက်ဖြတ်ခြင်း
- အတက်ရောဂါ
- ကြွက်သားများပြေလျော့ရန်
- ကသိကအောက်ဖြစ်စေသော အခြေအနေများအတွက် သတိမေ့ဆေးအဖြစ်
- ခွဲစိတ်မှုအတွက်မေ့ဆေးမပေးမီ သုံးနိုင်သည်။
ထိုဆေးသည်ဗဟိုအာရုံကြောစနစ်အပေါ်သက်ရောက်မှုရှိပြီ်း အိပ်ပျော်စေခြင်း၊ ကြွက်သားများပြေလျော့စေခြင်းနှင့် စိတ်ပူပန်မှုများလျော့ကျစေခြင်းတို့ ဖြစ်စေသည်။
Benzodiazepines အမျိုးပေါင်း ၂၀ဝဝကျော်ထုတ်လုပ်ခဲ့သော်လည်း လက်ရှိတွင် ၁၅မျိုးသာ အမေရိကန် FDA ၏ အသိအမှတ်ပြုမှုကို ရရှိထားသည်။ ဆေးစွမ်းပြချိန် ကြာရှည်မှုအပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားသည်။
- အလွန်မြန်သော Midazolam triazolam • မြန်သော Alprazolam (Xanax) lorazepam (Ativan)
- ကြာသော Chlordiazepoxide (Librium), diazepam (Valium)
Benzodiazepine abuse (Benzodiazepine အလွဲသုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ဆေး၏ အစွမ်းကြောင့် အပြင် အလွယ်တကူရရှိနိုင်ခြင်း ကြောင့်လည်းဖြစ်သည်။ ကာလရှည်ကြာစွာ အလွဲသုံးနေခြင်းဖြစ်နိုင်သလို ဆေးရုံအရေးပေါ်ဌာနတွင် အတွေ့ရများသည့် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မတော်တဆ ဆေးလွန်ခြင်းလည်း ဖြစ်နိုင်သည်။ နြညဖသိငဖေနစငညန အလွဲသုံးခြင်း တစ်မျိုးတည်းမှ သေဆုံးခြင်းနှင့် ပြင်းထန်သည့်ဆိုးကျိုးများ ဖြစ်ခဲသော်လည်း အရက် သို့မဟုတ် အခြားဆေးများနှင့် တွဲသောက်တတ်ကြ၍ ထိုသို့သောက်သုံးပါက အသက်အန္တရာယ်အထိ ဖြစ်နိုင်သည်။
Benzodiazepines သောက်မိသူသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများကိုပင် ခုခံနိုင်စွမ်း/ခုခံလိုစိတ် မရှိတော့သဖြင့် မသမာသူများက ထိုဆေးကို အသုံးချကြသည်။ ယခုလတ်တလောနှစ်များတွင် ထိုကဲ့သို့အမှုများ ဖမ်းဆီးရမိမှု သိသိသာသာမြင့်တက်လာသည်။ အရက်ပါသောအဖျော်ယမကာများနှင့် အအေးများတွင်ပင် ထိုဆေးကို အရည် သို့မဟုတ် အမှုန့်ပုံစံဖြင့် ရောနှောထည့်လေ့ရှိပြီး အရသာသိရန်ခက်ခဲသည်။
လက္ခဏာများ
Benzodiazepine abuse (Benzodiazepine အလွဲသုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အဖြစ်များသော လက္ခဏာများမှာ
- ငိုက်မြည်ခြင်း
- မူးဝေခြင်း
- အမြင်အာရုံနှစ်ထပ်ဖြစ်ခြင်း
- စကားပြောလေးလာခြင်း
- တုန့်ပြန်မှုအချိန်ကြာခြင်း
- ခန္ဓါကိုယ်အစိတ်အပိုင်းများ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ကျဆင်းခြင်း
- အာရုံစူးစိုက်နိုင်မှုနှင့် မှတ်Óဏ်အားနည်းခြင်း
- သတိမကောင်းခြင်း
- မေ့မျောခြင်း တို့ဖြစ်သည်။
ဆေးအသုံးမပြုတော့သည်နှင့် ဆေးပြတ်သော လက္ဓဏာများ ပေါ်လာခြင်းသည် ဆေးစွဲခဲ့ကြောင်း ထင်ရှားသည့် အမှတ်သင်္ကေတဖြစ်သည်။ Benzodiazepines ဆေးပြတ်သော လက္ဓဏာများမှာ
- စိုးရိမ်ပူပန်ခြင်း
- စိတ်ကျခြင်း
- အိပ်မပျော်ခြင်း
- သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းတက်ခြင်း
- ချွေးထွက်လွန်ခြင်း
- လက်တုန်ခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း
- တက်ခြင်း တို့ဖြစ်သည်။
ဆေးပြတ်သော လက္ဓဏာများ ပေါ်လာပြီးနောက် စိုးရိမ်ပူပန်ခြင်း၊ စိတ်ကျခြင်း၊ အိပ်မပျော်ခြင်း တို့သည် လအနည်းငယ် ဆက်ဖြစ်နေတတ်ပြီး နေကောင်းကာစလူများတွင် ထပ်လည်းဖြစ်နိုင်သည်။
အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။
အကြောင်းရင်းများ
Benzodiazepine abuse (Benzodiazepine အလွဲသုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဆေးစွဲနိင်ခြေပိုများသည့် မျိုးရိုးဟူ၍ ရှိသော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များသည် အရေးကြီးသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ၎င်းတို့မှာ လူမှုစီးပွားရေးနိမ့်ကျခြင်း၊ အလုပ်အကိုင်မရှိခြင်းနှင့် အပေါင်းအသင်းများ၏ ဖိအားပေးမှုတို့ ဖြစ်သည်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Benzodiazepine abuse (Benzodiazepine အလွဲသုံးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
Benzodiazepines ဆေး အလွဲသုံးနိုင်ခြေများသူများမှာ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ဖြစ်သည်။ နြညဖသိငဖေနစငညန ကို အမျိုးသားများထက်စာလျှင် အမျိုးသမီးများအား ပိုပေးဖြစ်သောကြောင့် အမျိုးသမီးများသည် ဆေးနှင့် ထိတွေ့မှုပိုများပြီး အလွဲသုံးနိုင်ခြေ ပိုများသည်။ စိတ်ကျသည့် လက္ခဏာများရှိသည့် သက်ကြီးရွယ်အိုများကိုလည်း ဆရာဝန်များက Benzodiazepines များ မပေးသင့်ဘဲပေးသောကြောင့် အလွဲသုံးနိုင်ခြေ ပိုများလာသည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Benzodiazepine abuse (Benzodiazepine အလွဲသုံးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
သင်၏ရောဂါရာဇဝင်၊ ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်းတို့မှ သိနိုင်သည်။ လောလောလတ်လတ် သောက်လိုက်လျှင် မိသားစုမှလည်း ဘာသောက်လိုက်ကြောင်း အတိအကျပြန်ပြောပြနိင်သဖြင့် ကောင်းစွာသိနိုင်သည်။ ကာလရှည်ကြာစွာဆေးအလွဲသုံးနေသူတွင် သူနှင့် မိသားစုကပါ ဖုံးကွယ်ဖို့ ကြိုးစားလေ့ရှိသဖြင့် သိရှိရန် ခက်ခဲသည်။
အရေးပေါ်ဌာနမှစစ်သည့် အလွဲသုံးနိုင်ခြေရှိသော ဆေးများစစ်ဆေးမှုဖြင့် ကနဦးစစ်ဆေးမည်။ ဆရာဝန်များက သင်အသက်ကောင်းကောင်းရှူမရှူ စစ်ဆေးမည်။ ကျန်စစ်ဆေးမှုများသည် ရောဂါလက္ဓဏာအပေါ်တွင် မူတည်သည်။ ဆရာဝန်က သင့်ကို ရောဂါလက္ဓဏာအကြောင်း မေးခွန်းအများအပြားမေးလိမ့်မည်။ သင်က Benzodiazepines ဆေး အလွဲသုံးကြောင်း ဖုံးကွယ်ထားလိုလျှင်၊ သင့်မိသားစုမှလည်း ကူညီမဖြေဆိုပေးလျှင် ဖုံးကွယ်ရလွယ်မည်ဖြစ်သည်။
စောင့်ကြည့်ခြင်းနှင့် စစ်ဆေးခြင်း
အရေးပေါ်ဌာနတွင် သင့် နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ သွေးတွင်းအောက်ဆီဂျင်တို့ကို စောင့်ကြည့်သည့်စက်နှင့် ထားမည်။ အကြောဆေးပေးမည်။ အသက်ရှူမဝလျှင်/ သတိကောင်းစွာမရလျှင် အောက်ဆီဂျင်ပေးမည်။
တခါတရံ ဆီးထဲမှ ဆေးပါဝင်မှုကို စစ်မည်။ ထိုသို့ စစ်ဆေးခြင်းသည် Benzodiazepines အပါအဝင် အလွဲသုံးလေ့ရှိသော အခြားဆေးများကိုပါ စစ်ဆေးနိုင်သည်။ (အားလုံးကိုတော့ တွေ့ချင်မှတွေ့နိုင်မည်။) ဆီးထဲမှ ဆေးစစ်ခြင်းသည် သောက်ထားသောဆေး ပမာဏ အတိအကျကိုတော့ မသိနိုင်ပါ။ ကိုယ်ဝန်ဆောင်နိုင်သော အသက်အပိုင်းအခြားရှိ အမျိုးသမီးအားလုံးကို ကိုယ်ဝန်ရှိမရှိ ဆီးစစ်ကြည့်ရမည်။
အခြားအန္တရာယ်ရှိသော ဆေးများသောက်ထားသည်ဟု ယူဆပါက သွေးစစ်ခြင်း၊ အီးစီဂျီနှင့် ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်ရမည်။
Benzodiazepine abuse (Benzodiazepine အလွဲသုံးခြင်း) ကို ဘယ်လိုကုသပါသလဲ
အချိန်တိုအတွင်း အလွဲသုံးခြင်း။ သောက်သောဆေးနှင့် ပမာဏအပေါ် မူတည်၍ ကုသမှုကွဲပြားသည်။ အများအားဖြင့် အရေးပေါ်ဌာနတွင် ခေတ္တမျှကုသရန်သာ လိုသည်။
လွန်ခဲ့သော နာရီပိုင်းအတွင်းက သောက်ထားခဲ့လျှင် ဆရာဝန်က အစာအိမ်ဆေးခြင်း ပြုလုပ်မည်။ ပိုက်ကြီးကြီးတစ်ခုကို ပါးစပ်/နှာခေါင်းမှ အစာအိမ်ထဲသို့ တိုက်ရိုက်ထည့်မည်။ အစာအိမ်ထဲရှိ ဆေးအစအနများကို ရေများများဖြင့် ဆေးကြောပစ်မည်။ အခြားသေစေတတ်သောဆေးများပါသောက်ထားလျှင် လုပ်ရတတ်ပြီး အများအားဖြင့် လုပ်လေ့မရှိပါ။
ဆေးသောက်ပြီး၄နာရီအတွင်း အရေးပေါ်ဌာနရောက်လာသူကို စွမ်းအားမြင့်မီးသွေးဆေး တစ်ခွက်တိုက်လိမ့်မည်။ မီးသွေးသည် ဆေးကိုအစာအိမ်မှ စုပ်ယူခြင်းကို တားဆီးပေးသည်။ အနက်ရောင်အမှုန့်ကို ရေနှင့်ရောပြီးသောက်ရသည်။ ပျို့အန်ခြင်း၊ ဗိုက်နာခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ရှိတတ်သည်။
Benzodiazepines ၏ အဆိပ်အတောက်ကို ဖြေပေးမည့် flumazenil (or Romazicon)ဟုခေါ်သည့် ဆေးရှိသည်။ benzodiazepines ၏ ငိုက်မြည်းစေနိုင်မှုကို ဖြေဖျောက်ပေးသည်။ သို့သော်ထိုဆေးကို ပြင်းထန်သောအဆိပ်အတောက်ဖြစ်ခြင်းတွင်သာ သုံးရန်ထားသည်။ အဘယ့်ကြောင့်ဆိုသော် ကာလရှည်ကြာစွာ အလွဲသုံးသူများ သောက်မိပါက ဆေးပြတ်သည့်လက္ခဏာများ ပေါ်လာပြီး တက်တတ်သည်။ ဆေးစွမ်းပြချိန်တိုသောကြောင့် ထိုဆေးကို သုံးပါက အကြိမ်ကြိမ်ထပ်ပေးရန်လိုပြီး အနီးကပ်စောင့်ကြည့်ရန်လည်းလိုသည်။
ကာလရှည်ကြာစွာ အလွဲသုံးခြင်း။ ဆရာဝန်၏အကူအညီဖြင့် အိမ်တွင်ကုသနိုင်သည်။ သက်ဆိုင်ရာဆေးဖြတ်ပေးသည့် ပြန်လည်ထူထောင်ရေးစခန်းများတွင်လည်း ကုသနိုင်သည်။ ပထမအဆင့်တွင် ဆေးပြတ်သည့်လက္ခဏာများ ပေါ်လာပြီး တက်ခြင်းမဖြစ်ရန် ဆေးကို ဖြည်းဖြည်းခြင်းလျှော့ပေးရမည်။ ဆေးလုံးဝမသောက်ဘဲကြာရှည်နေရသည့် နောက်ပိုင်းအဆင့်ထက် လွယ်ကူသည်။ ဆေးဝါးကုသမှုအပြင် ဆေးအလွဲသုံးသူများသည် လူမှုရေးဆိုင်ရာ ကူညီထောက်ပံ့မှုများနှင့် အလုပ်အကိုင်နှင့် နေစရာရှာဖွေရေးတွင်ပါ အကူအညီလိုအပ်သည်။ ထိုခက်ခဲသောအဆင့်တွင် မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများ၏ အကူအညီသည် အရေးကြီးသည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
သိလိုသည်များရှိပါက ဆရာဝန်ကိုမေးပါ။ တစုံတယောက် ဆေးကုသမှုခံယူသင့်သည်ဟု သင်ထင်ပါက ဆေးရုံအရေးပေးဌာနသို့သာ ခေါ်လာပါ။
သင် သို့မဟုတ် တစုံတယောက်က ဆေးလွန်သွားပြီဟု ထင်ပါက ချက်ခြင်းဆေးကုသမှု ခံယူရန်အရေးြွကီးသည်။ အနီးဆုံးအရေးပေါ်ဌာနသို့သွားခြင်း/ဖုန်းခေါ်ခြင်း ပြုလုပ်ပါ။ ဆေးလွန်သွားပြီးပြီးခြင်း သိသာထင်ရှားသော လက္ခဏာပြမည် မဟုတ်ပါ။
ဆေးပုလင်းများတွေ့ပါက တပါတည်းယူလာခြင်းဖြင့် ဆရာဝန်၏ ဆေးအမျိုးအစားနှင့် အရေအတွက် ဆုံးဖြတ်ရာတွင် အကူအညီ ဖြစ်နိုင်သည်။
သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။ Hello Sayarwon မှ ဆေးပညာဆိုင်ရာ အကြံÓဏ်ပေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်းများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။