backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်)


Nadi မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်) ကဘာလဲ။

အဆီကျိတ်ဆိုတာ တဖြည်းဖြည်းချင်းကြီးလာတဲ့ အဆီခဲတခုဖြစ်ပြီး သင့်အရေပြားနှင့် သင့်ကြွက်သားတို့အောက်တွင်အများဆုံးရှိတတ်သည်။ ဂျုံနယ်သလိုများခံစားရတတ်ပြီး မနာပါ။ လက်ချောင်းဖြင့်အနည်းငယ်ဖိလိုက်ပါက လှုပ်သည်။

အဆီကျိတ်သည် ကင်ဆာမဟုတ်ပါ။ ပုံမှန်အားဖြင့်လည်း အန္ဓါရယ်မရျိပါ။ ကုသမှုမလိုအပ်တတ်သော်လည်း သင့်အားအနှောက်အယှက်ဖြစ်စေပါက နာလာပါက ပိုကြီးလာပါက သင့်ထုတ်လိုပါက ထုတ်နိုင်သည်။

Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်) က ဘယ်လောက်အဖြစ်များသလဲ

အသက်အလယ်အလတ်တွင်ဖြစ်တတ်သည်။ တချို့သူများတွင်အဆီကျိတ်တခုထက်ပိုရှိတတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

အရေပြားတွင် ဖြစ်သောအကျိတ်ပုံစံအများအပြားရှိသောလည်း အဆီကျိတ်တွင် ထူးခြားသောသွင်ပြင်ရှိသည်။ အဆီကျိတ်ဟုသံသယရှိပါက တဖြည်းဖြည်းချင်း

ကိုင်ပါကနူးညံသည်။

လက်ချောင်းဖြင့်ဖိပါက လွယ်လွယ်ကူကူရွေ့သည်။

အရေပြားအောက်တွင်သာရှိသည်။

ဖြူဖျော့သည်။

အရောင်မရှိပါ။

တဖြည်းဖြည်းချင်းကြီးလာမည်။

အဆီကျိတ်သည်များသောအားဖြင့် လည်ပင်း အနောက် ပုခုံးတို့တွင်ရှိတတ်သည် သို့သော် အစာအိမ်ပေါင်နှင့် လက်မောင်းတို့တွင်တော့မဖြစ်ပါ။ အဆီကျိတ်သည် အရေပြားအောက်ရှိ အာရုံကြော်ပေါ်တွင် ကြီးလာမှသာ နာတတ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားစေသောအကြောင်းအားမသိပါ။ မိသားစုမျိုးရိုးသည်လဲ တစိတ်တပိုင်းပါမည်ဟု ယူဆရသည်။

ဖြစ်နိုင်ခြေများ

Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အဆီကျိတ်ကို ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်လေးဆယ်နှင့်ခြောက်ဆယ်အရွယ်ကြား။ အသက်အရွယ်မျိုးစုံတွင်ဖြစ်နိုင်သော်လည်း အဆီကျိတ်သည် ဤအသက်အရွယ်တွင်ပိုဖြစ်နိုင်သည်။ ကလေးများတွင်ရှားသည်။

အချို့သောရောဂါများရှိခြင်း။ဥပမာ ခန္ဓါကိုယ်အတွင်းအဆီများသောရောဂါ ကောင်းဒန်ရောဂါ နှင့် ဂါ့နာရောဂါများတွင် အဆီကျိတ်များစွာပိုဖြစ်နိုင်သည်။

မိသားစုမျိုးရိုးရှိလျင်လည်းဖြစ်နိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှစမ်းသက်မှုများလုပ်လိမ့်မည်။ အဆီကျိတ်သည် ပျော့ပြောင်းသည် မနာကျင်ပါ ထိုအပြင် အဆီ တစ်သျူးများဖြင့်လုပ်ထားတာဖြစ်သောကြောင့် ကိုင်လျှုင်လွယ်ကူစွာလှုပ်သည်။

အချို့ကိစ္စများတွင် အရေပြားဆရာဝန်မှ အဆီကျိတ်ကို အသားစယူလိမ့်မည်။ ထိုလုပ်ဆောင်ချက်များတွင် အသားစအနည်းငယ်ကိုယူပြီး ဓါတ်ခွဲခန်းပို့စမ်းသက်လိမ့်မည်။ အဆီကျိတ်သည် ကင်ဆာမဖြစ်နိုင်သော်လည်း အဆီတစ်သျူးမှဖြစ်သောကင်ဆာနှင့်တူနိုင်သည်။ အဆီကျိတ်နှင့်မတူ ထိုအရာသည် နာသည် အချိန်တိုအတွင်းလျှင်မြန်စွာကြီးသည်။

အကယ်၍ အဆီကျိတ်ဟုသံသယဖြစ်ပြီး အဆီကျိတ်ကင်ဆာဖြစ်နေပါကကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း သံလိုက်ဓါတ်အားတုံပြန်မှုစမ်းသက်ခြင်းများလုပ်နိုင်သည်။

Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်) ကို ဘယ်လိုကုသပါသလဲ

ကုသမှုမလိုအပ်တတ်သော်လည်း သင့်အားအနှောက်အယှက်ဖြစ်စေပါက နာလာပါက ပိုကြီးလာပါက သင့်ထုတ်လိုပါက ထုတ်နိုင်သည်။ အဆီကျိတ်ကုသမှုများတွင်

ခွဲထုတ်ခြင်း။ များသောအားဖြင့် ခွဲ၍လှီးထုတ်ကြသည်။ ပြန်ဖြစ်သည်ကားရှားသည်။ ဖြစ်နိုင်သော နောက်ဆက်တွဲမှာ အမာရွတ်ထင်ခြင်းအညိုအမဲစွဲခြင်းတို့ဖြစ်သည်။ အနည်းငယ်ခွဲ၍ထုတ်ခြင်းကား အမာရွတ်ထင်ခြင်းအားလျော့ချစေနိုင်သည်။

စတီးရွီုက်ထိုးခြင်း။ အဆီကျိတ်အားသေးစေသော်လည်းလုံးဝမပျောက်စေပါ။ ခွဲစိတ်မှုပြီး ထိုးပါက အသုံးဝင်သည်မဝင်သည်ကိုလေ့လာနေဆဲဖြစ်သည်။ ကုသမှုတွင်အပ်အကြီးတခုကိုအသုံးပြု၍ အဆီကျိတ်အားဖယ်ခြင်းပါဝင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အဆီကျိတ်ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အဆီကျိတ်သည်ကိုယ်တိုင်ဂရုစိုက်မှုလုပ်ရုံနှင့်မသက်သာပါ။ ရေခဲ အပူတို့က အခြားအကျိတ်များပေါ်တွင် အလုပ်လုပ်ကောင်းလုပ်လိမ့်မည်ဖြစ်သောေ်လည်း အဆီကြောင့်ဖြစ်သောဤအကျိတ်တွင်အထောက်အကူမဖြစ်ပါ။ အဆီကျိတ်အားစိတ်ပူပါက ကုသမှုအတွက်ဆရာဝန်နှင့်တိုင်ပင်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Nadi မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement