အဓိပ္ပါယ်ဖွင့်ဆိုချက်
Barbiturate abuse (Barbiturate ဆေး အလွဲသုံးခြင်း) ကဘာလဲ။
ဆေးများသည် တချိန်က အိပ်ဆေး/စိတ်ငြိမ်ဆေးအဖြစ် အသုံးတွင်ကျယ်ခဲ့သော ဆေးများဖြစ်သည်။ ဆရာဝန်ထံမှ ဆေးညွှန်းမပါဘဲသုံးပါက တရားမဝင်ပါ။ အတက်ရောဂါနှင့် မခွဲစိတ်မီ အိပ်ဆေးအဖြစ် ကန့်သတ်သုံးစွဲသည်။ ခေါင်းကိုက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်းတို့ အတွက်လည်း ရှားရှားပါးပါးသုံးကြသည်။ သို့သော် ဆေးလောကတွင် ဤဆေးများ၏အသုံးကို အခြားပိုမိုစိတ်ချရသော ဆေးများနှင့် အစားထိုးသုံးစွဲနေကြပြီ ဖြစ်သည်။ အလွဲသုံးနိုင်ခြေ၊ ဆေးစွဲနိုင်ခြေရှိခြင်းကြောင့် မြေဘငအကမအေန ဆေးများကို ထိန်းချုပ်ဆေးအဖြစ် သတ်မှတ်ထားသည်။
အတွေ့ရများသော ဆေးများမှာ
- Luminal (phenobarbital).
- Brevital (methohexital).
- Seconal (secobarbital).
- Butisol (butabarbital).
- Fiorinal (butalbital) တို့ဖြစ်သည်။
Barbiturate သုံးလျှင်ထိရောက်၍ အန္တရာယ်ကင်းသော အခြေအနေရရှိရန် ဆေးအချိန်အဆ ကွက်တိမှန်ရန်လိုသည်။ အတက်ရောဂါအတွက် ထိုဆေးသောက်နေသူများသည် ခန္ဓါကိုယ်တွင်းရှိ ဆေးပမာဏကို ပုံမှန် စစ်ဆေးနေရန် လိုအပ်သည်။ ဆေးကို အလွဲသုံးနေသူများမှာမူ ထိုသို့စစ်ဆေးခံရန် ဆရာဝန်ထံ ရောက်လာနိုင်ခြေ အလွန်နည်းပါးသည်။ ဆေးကို ပုံမှန်အလွဲသုံးနေပါက ခန္ဓါကိုယ်တွင်းရှိ ဆေးပမာဏကို အဆိပ်အတောက်ဖြစ်သည့် အဆင့်သို့ အမြန်မြှင့်တင်နိုင်ခြေရှိသည်။
ယာယီအနေဖြင့် ဆေးကိုပိုသောက်မိလျှင်ပင် ခန္ဓါကိုယ်တွင်းရှိ ဆေးပမာဏကို အန္တရာယ်ရှိသည့် အဆင့်သို့ရောက်စေပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။ Barbiturate ဆေးများကို အရက်၊ မူးယစ်ဆေးပါသည့် အကိုက်အခဲပျောက်ဆေးများ၊ စိတ်ကြွဆေးများနှင့်တွဲသုံးမိပါက အန္တရာယ်ဖြစ်နိုင်ခြေပိုမို မြင့်မားသည်။
Barbiturate ဆေးကပေးသည့် အရက်သောက်ခြင်းနှင့်တူသော နှစ်လိုဖွယ် စိတ်ခံစားမှုမျိုးကို လိုချင်သောကြောင့် အချို့လူများက ထိုဆေးကို အလွဲသုံးကြသည်။ ဆေးသုံးသူကို ပျော်ရွှင်စေ၊ အပန်းပြေစေပြီး စကားပိုများလာကာ အထိန်းအကွပ်မဲ့လာစေသည်။
သောက်ဆေးအနေဖြင့်လည်းကောင်း ကျိတ်ခြေ၍ရှူခြင်း၊ အကြောထဲဆေးထိုးခြင်းဖြင့် လည်းကောင်း အသုံးပြုကြသည်။
Barbiturate ဆေးအလွဲသုံးခြင်းသည် အလွန်အန္တရာယ်များပြီး ပြင်းထန်ဆိုးရွားသော ရေတို၊ရေရှည် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ဆေးစွဲခြင်းနှင့် မတော်တဆ သေဆုံးသည်အထိ ဖြစ်နိုင်သည်။
လက္ခဏာများ
Barbiturate abuse (Barbiturate ဆေး အလွဲသုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
Barbiturate ဆေးအလွဲသုံးခြင်း၏ အဖြစ်များသော လက္ခဏာများမှာ
စဉ်းစားတွေးခေါ်ရခက်ခြင်း
ဝေဖန်ပိုင်းခြားနိုင်မှုမရှိခြင်း
အသက်ရှူနှေးခြင်း၊ တိမ်ခြင်း
စကားပြောလေးခြင်း
နုံးချိခြင်း
အလွန်အိပ်ငိုက်ခြင်း၊ သတိလစ်မေ့မျောခြင်း
ခန္ဓါကိုယ်အစိတ်အပိုင်းများ ပူးပေါင်းဆောင်ရွက်မှု အားနည်းလာခြင်း
လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း၊ ထော့ခြင်း။ ခလုတ်တိုက်ခြင်း တို့ဖြစ်သည်။
Barbiturate ဆေးအလွဲသုံးသည့် အချိန်ကြာလျှင် လုပ်သင့်သလောက် အလုပ်မလုပ်နိုင်တော့ဘဲ ဖြစ်မည်။ စိတ်အလိုမကျ ဖြစ်လွယ်ပြီး မှတ်ဉာဏ်အားနည်းလာမည်။ သူတို့၏ ပတ်ဝန်းကျင်၊ ပြဿနာများနှင့် အန္တရာယ်များကို သတိမမူမိဘဲ ဖြစ်လာမည်။
ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးတွင် မွေးရာပါချို့ယွင်းချက်ပါလာခြင်းသည်လည်း မြေဘငအကမအေန ဆေးအလွဲသုံးခြင်း၏ လက္ခဏာများဖြစ်သည်။
အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
တစုံတယောက် Barbiturate ဆေးအလွဲသုံးနေသည်ဟုထင်ပါက ဆေးရုံရှိအရေးပေါ်ဌာနသို့ ခေါ်လာ၍ ဆရာဝန်နှင့် ပြပါ။ ဆေးသောက်ပြီးကာစတွင် ထိုသူသည် ငိုက်မြည်းနေပုံသာ ပေါ်သော်လည်း နောက်ပိုင်းတွင် ပိုမိုပြင်းထန်သော လက္ခဏာများ ဆိုင်းမဆင့်ဗုံမဆင့် အလျင်အမြန် ပေါ်ပေါက်လာတတ်သည်။
ငိုက်မြည်းပြီး နှိုးမရသောလူကို တွေ့ပါက ထိုလူသည် သတိလစ်မေ့မျောနေခြင်းဖြစ်နိုင်သည်။ ၁၉၉ သို့မဟုတ် အရေးပေါ်လူနာတင်ယာဉ်ကို ခေါ်၍ ယာဉ်ပေါ်တွင် ချက်ခြင်းကုသမှု ပေးနိုင်သည်။
ကျန်နေသောဆေးများ၊ ဆေးပုလင်းများ၊ ထိုသူသောက်ခဲ့နိုင်ခြေရှိသော ဆေးများကို ဆေးရုံသို့တပါတည်းယူဆောင်လာခဲ့ပါ။
အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။
အကြောင်းရင်းများ
Barbiturate abuse (Barbiturate ဆေး အလွဲသုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ
၁၉၇၀နှစ်များမှစ၍ Barbiturate ကို ဆေးပညာအရ အသုံးပြုမှု ကျဆင်းလာသော်လည်း အထက်တန်းကျောင်းများတွင် ကောက်ယူသော စစ်တမ်းများအရ လွန်ခဲ့သော ၁၀နှစ်အတွင်း အလွဲသုံးမှုများ မြင့်တက်လာကြောင်း သိရသည်။ ကိုကင်း၊ မက်အမ်ဖက်တမင်း တို့ကဲ့သို့ စိတ်ကြွဆေးများသုံးရာမှရသည့် စိတ်လှုပ်ရှားခြင်း၊ တက်ကြွခြင်းတို့ကို ချေဖျက်ရန် ရည်ရွယ်ပြီး အသုံးပြုလေ့ရှိသည်။
ယနေ့ဆေးအလွဲသုံးသူများသည် ၁၉၇၀နှစ်များဆီက Barbiturate ၏ သေစေတတ်သော အန္တရာယ်များကို သိရှိရန် ငယ်လွန်းသောကြောင့် ခပ်ပေါ့ပေါ့သဘောထားပြီး အသုံးပြုနေကြသည်။ Barbiturate ဆေးများကို သေကြောင်းကြံစည်ရန်အတွက်လည်း အသုံးပြုလေ့ရှိကြသည်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Barbiturate abuse (Barbiturate ဆေး အလွဲသုံးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
မိသားစုထဲတွင် ဆေးအလွဲသုံးသည့် ရာဇဝင်ရှိခြင်း
လူနာကိုယ်တိုင် ဆေးအလွဲသုံးသည့် ရာဇဝင်ရှိခြင်း
စိတ်မထိန်းနိုင်ခြင်း၊ စမ်းသပ်စွန့်စားလိုသည့် အလေ့အကျင့်ရှိခြင်း
Barbiturate ဆေးဖြင့် ကုသမှုခံယူနေခြင်း
အခြားဆေးများ/အခြားအရာများ အလွဲသုံးနေခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Barbiturate abuse (Barbiturate ဆေး အလွဲသုံးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆီးစစ်ခြင်းဖြင့် Barbiturate ဆေးသုံးထားကြောင်း လွယ်လင့်တကူ သိနိုင်သည်။ ဆေးရုံရှိအရေးပေါ်ဌာနတွင် ရောဂါရှာဖွေခြင်းသည် အခြားငိုက်မြည်းစေနိုင်သည့် အကြောင်းရင်းများကိုလည်း အလေးပေးဖေါ်ထုတ်ပေးသည်။ ဥပမာ အခြားဆေးများသောက်ထားခြင်း၊ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ လေဖြတ်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ရှော့ခ်ရခြင်း။ လူနာကို ကုသပေးနေရင်းနှင့် ထိုရောဂါရှာဖွေမှုများ ပြုလုပ်သည်။
ယေဘူယျအားဖြင့် လူနာကို အကြောဆေးသွင်းမည်။ သွေးဖောက်စစ်ဆေးမည်။ နှလုံးခုန်နှုန်း မှန်မမှန် အီးစီဂျီဆွဲမည်။ အခြေအနေပေါ်မူတည်၍ လိုအပ်သည့် ရောဂါရှာဖွေမှုများ ပြုလုပ်မည်။
Barbiturate abuse (Barbiturate ဆေး အလွဲသုံးခြင်း) ကို ဘယ်လိုကုသပါသလဲ
Barbiturate ဆေး အလွဲသုံးခြင်းကို ကုသရာတွင် လူနာ၏ရောဂါလက္ခဏာအလိုက် နည်းလမ်းအမျိုးမျိုးရှိသည်။
လူနာသည် ငိုက်မြည်းနေသော်လည်း ပြန်ထနိုင်လျှင်၊ အစာမျိုရာ၊ အသက်ရှူရာတွင် အခက်အခဲမရှိလျှင် လူနာကို အနီးကပ်စောင့်ကြည့်ရုံသာ လိုသည်။
လူနာသည် အသက်မရှူလျှင် Barbiturate ဆေး အရှိန်ပျယ်ပြီး အသက်ကောင်းကောင်းရျူနိုင်သည်အထိ အသက်ရှူစက်တင်ထားရန် လိုသည်။
အများစု၏် အစာအိမ်ထဲရှိ ဆေးများနှင့်ပေါင်းယူရန် စွမ်းအားမြင့်မီးသွေးအရည်ကို သုံးရသည်။ အစာအိမ်ထဲသို့ နှာခေါင်း/ပါးစပ်မှ ပိုက်ဖြင့်ထည့်ခြင်းဖြင့်လည်းကောင်း သောက်ခြင်းဖြင့်လည်းကောင်း ကုသနိုင်သည်။
အများစုကို အရေးပေါ်ဌာနတွင် နာရီအနည်းငယ်ထားပြီး စောင့်ကြည့်၍ ဆက်လက်စောင့်ကြည့်ရန်နှင့် ကုသရန် လိုအပ်ပါက ဆေးရုံတင်ရမည်။ အခြေအနေပေါ်မူတည်၍ အခြားလိုအပ်သည့် ကုသမှုများ ပြုလုပ်မည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
Barbiturate ဆေး အလွဲသုံးခြင်းကို အိမ်တွင်ကုသ၍မရပါ။ တစုံတယောက် Barbiturate ဆေးအလွဲသုံးနေသည်ဟုထင်ပါက ဆေးရုံရှိအရေးပေါ်ဌာနသို့ ခေါ်လာ၍ ဆရာဝန်နှင့် ပြပါ။
Barbiturate ဆေးသည် သောက်၇မည့်ပမာဏ အတိမ်းအစောင်းမခံသဖြင့် မှားယွင်းသောက်သုံးမိလျှင် သတိလစ်မေ့မျောခြင်း၊ သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။ အထူးသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ပိုဖြစ်နိုင်သည်။
သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။