backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Antimitochondrial Antibody (မိုင်တိုကွန်ဒရီးရယ်ဆန့်ကျင် အန်တီဘော်ဒီ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Antimitochondrial antibody ဆိုတာ ဘာလဲ

Antimitochondrial antibody စစ်ဆေးခြင်းအား မကြာခဏ ဆိုသလို Primary Biliary cirrhosis (PBC) ရောဂါအမည် တပ်ရာတွင် အထောက်အကူရရန် သုံး၏။

Antimitochondrial antibodies များသည် cytoplasmic antibodies များဖြစ်ကြပြီး Mitochondria ပေါ်ရှိ lipoprotein များအား တိုက်ရိုက် တိုက်ခိုက်ကြသည်။

Antimitochondrial antibodies များအား PBC ရှိသော လူနာ ၉၄ ရာခိုင်နှုန်းတွင် တွေ့ရှိရပါသည်။

အုပ်စု M-2 antibody များသည် PBC ရောဂါအမည် တပ်နိုင်ရန်အတွက် သီးသန့်သုံးနိုင်သည်။ သို့သော် ဤ antibody သည် ရောဂါတိုးတက်မှု အခြေအနေကို စောင့်ကြည့်ရာတွင် အသုံးမဝင်ပါ။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Antimitochondrial antibody ကို ဘာကြောင့် စစ်ရသလဲ

AMA (သို့) AMA-M2 စစ်ဆေးမှုကို သင့်၌ ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သည့် PBC ကဲ့သို့ ရောဂါများ ရှိကြောင်း ဆရာဝန်မှ သံသယရှိလျှင် စစ်ဆေးခိုင်းမည် ဖြစ်သည်။

Primary biliary cirrhosis cholestasis ၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်။

  • ယားယံခြင်း
  • အသားဝါခြင်း
  • မောပန်းလွယ်ခြင်း
  • ဗိုက်နာခြင်း
  • အသည်းကြီးခြင်း

Primary biliary cirrhosis cholestasis ၏ အစောပိုင်းအဆင့်ကို ခံစားနေရသော လူများတွင် လက္ခဏာများ မပေါ်တတ်ပါ။ ဤရောဂါကို များသောအားဖြင့် အသည်း အင်ဇိုင်းများ စစ်သည့်အခါ alkaline phosphatase တက်နေသည်ကို တွေ့ရမှ ပထမဆုံး သတိထားမိနိုင်ခြင်းမျိုး ဖြစ်တတ်ပါသည်။

Antimitochondrial antibody မစစ်ခင် ဘာတွေ သိထားရမလဲ

AMA (သို့) AMA-M2 စစ်ဆေးခြင်းအား အသည်းရောဂါသို့ ထိခိုက်ခြင်း၏ အကြောင်းရင်းကို ရှာနိုင်မည့် တခြားသော စစ်ဆေးချက်များ နှင့်အတူ တွဲစစ်ဆေးနိုင်သည်။ ဤအကြောင်းရင်းများတွင် ကူးစက်ရောဂါ ဥပမာ အသည်းရောင် ဗိုင်းရပ်စ်ကူးခြင်း၊ ဆေးများ၊ အရက်သောက်ခြင်း၊ အဆိပ်၊ မျိုးရိုးလိုက်သော ရောဂါများ၊ ဇီဝရုပ် ဖြစ်ပျက်ခြင်းနှင့် ဆိုင်သည့် ရောဂါများနှင့် ကိုယ်ခံအားမှ အသည်းကို ပြန်တိုက်သောကြောင့် အသည်းရောင်ခြင်း (Autoimmune hepatitis) တို့ ပါဝင်၏။

AMA နှင့် AMA-2 စစ်ဆေးချက်သည် primary cholestatic cirrhosis ရှိ၊ မရှိအား မသတ်မှတ်နိုင်ပါ။ primary cholestatic cirrhosis အတွက် တခြားသော စစ်ဆေးချက်များ လက္ခဏာ ရှာဖွေခြင်းများ လိုအပ်ပါလိမ့်မည်။

ဆရာဝန်က စစ်ဆေးခိုင်းနိုင်သော တခြား စစ်ဆေးချက်များမှာ –

  • Anti-nuclear antibodies (ANA);
  • Immunoglobulin M (IgM);
  • Bilirubin;
  • Albumin;
  • C-reactive protein;
  • Smooth muscle antibodies (SMA).

PBC ကို အတည်ပြုနိုင်ရန် AMA နှင့် တခြား အသည်း အင်းဇိုင်းများ မြင့်တက်နေပါက အသည်းအသားယူပြီး စစ်ဆေးဖို့ လိုပါလိမ့်မည်။

Primary cholestatic cirrhosis ရှိသော လူနာ ၅၀ ရာခိုင်နှုန်းတွင်သာ သိသာသည့် လက္ခဏာ မပြသေးဘဲနှင့် သိရှိနိုင်မည် ဖြစ်သည်။

ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်မံ၍ သိလိုသည်များရှိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကြိုတင်ပြင်ဆင်ခြင်း

Antimitochondrial antibody မစစ်ဆေးခင် ဘာတွေ ပြင်ဆင်ထားရမလဲ

  • ဆရာဝန်က စစ်ဆေးမှုအကြောင်း ရှင်းပြသည်ကို သေချာနားထောင်ပါ။
  • မစစ်ဆေးခင် အစာမစားထားရန် (သို့) အထူးပြင်ဆင်ရန် မလိုအပ်ပါ။
  • စမ်းသပ် စစ်ဆေးခြင်း

    Antimitochondrial antibody စစ်ဆေးနေစဉ် ဘာဖြစ်နိုင်မလဲ

    • သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း
    • အပ်ထိုးသည့်နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့် ပိုးသတ်ခြင်း
    • သွေးပြန်ကြောထဲသို့ အပ်စိုက်ခြင်း။ လိုအပ်လျှင် တစ်ခါထက်ပိုပြီး စိုက်ပါလိမ့်မည်။
    • ပိုက်နှင့်သွေးကို ယူခြင်း
    • လိုအပ်သည့် ပမာဏရပါက လက်မောင်းတွင် ပတ်ထားသည့် တိပ်များကိုဖယ်ခြင်း
    • အပ်စိုက်ရာတွင် ပတ်တီး (သို့) ဂွမ်းဖြင့်ဖိခြင်း
    • Urgo ဆေးများသုံးခြင်း

    Antimitochondrial antibody စစ်ဆေးပြီးနောက် ဘာဖြစ်နိုင်မလဲ

    အသည်းပြဿနာရှိသူ ဆိုပါက သွေးကြောကို သေချာဖိပါ။ သင့်တွင် သွေးမတိတ်သည့်ရောဂါ ရှိနေနိုင်သည်။

    Antimitochondrial antibody စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမို နားလည်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    အဖြေကိုသိရှိခြင်း

    သင့်ရလဒ်အဖြေက ဘာအဓိပ္ပါယ်ရှိမလဲ

    ပုံမှန်ရလဒ်

    antimitochondrial antibody ကို titre တစ်ခုအတွင်း လုံးဝ မတွေ့ရပါ – >1:5 သို့ Antibody လယ်ဗယ် <0.1 units

    ပုံမှန်မဟုတ်သော ရလဒ်

    Antibodies ပမာဏများနေလျှင်

    • Primary biliary cirrhosis (PBC);
    • Active chronic hepatitis (နာတာရှည် အသည်းရောင်ခြင်း)
    • Systemic lupus erythematosus
    • Syphilis (ကာလသားရောဂါ)
    • ဆေးကြောင့်ဖြစ်သော သည်းခြေပြွန်ပိတ်ခြင်း
    • Autoimmune hepatitis (ကိုယ်ခံအားမှ ပြန်တိုက်သောကြောင့် အသည်းရောင်ခြင်း)
    • အသည်းပြင်ပတွင် ပိတ်ခြင်း
    • ရုတ်တရက်ဖြစ်သော ကူးစက်ပိုးကြောင့် အသည်းရောင်ခြင်း

    ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ် မူတည်ပြီး antimitochondrial antibody ပုံမှန် တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement