အဓိပ္ပါယ်ဖွင့်ဆိုချက်
agoraphobia (လူစုလူဝေးကြောက်ရွံ့ခြင်း) ကဘာလဲ။
လူစုလူဝေးကြောက်ရွံ့ခြင်းဆိုတာ မိမိကို ချောင်ပိတ်ပြီး သက်တောင့်သက်သာ မဖြစ်စေမယ့်၊ အကူအညီ ကင်းမဲ့စေမယ့် နေရာတွေကို ရှောင်ကြဉ်လိုတဲ့ စိတ်ပူပန်မှုရောဂါတမျိုး ဖြစ်ပါတယ်။ လူစုလူဝေးရှိတဲ့ နေရာတွေ၊ လူအများ သွားလာတဲ့ ဘတ်စ်ကား ရထားဂိတ်တွေ စတာတွေကို ကြောက်ရွံ့တတ်ပါတယ်။ ဒီပြသနာရှိသူများဟာ လူအုပ်ကြားထဲရောက်နေရင် လုံခြုံမှု မရှိသလို ခံစားနေရပါတယ်။ လူများတဲ့နေရာကိုသွားရင် ရင်းနှီးတဲ့ အမျိုး၊ သူငယ်ချင်း တယောက်ယောက်ကို အဖော်ပြုသွားလာတတ်ပါတယ်။ တခါတရံ ကြောက်ရွံ့တဲ့စိတ်ကြီးလွန်းလာရင် အိမ်ကနေ မခွာဘဲတောင် နေလာတတ်ပါတယ်။
agoraphobia (လူစုလူဝေးကြောက်ရွံ့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အဖြစ်များပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၂ဆ ပိုပြီးအဖြစ်များပါတယ်။ အသက် ၁၈နဲ့ ၃၅ကြားထဲမှာ ပိုအဖြစ်များပါတယ်။
ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
လက္ခဏာများ
agoraphobia (လူစုလူဝေးကြောက်ရွံ့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အောက်ပါ အခြေအနေတွေကို ကြောက်ရွံ့တတ်ပါတယ်။
- အိမ်ကနေ တယောက်တည်း အပြင်ထွက်ရခြင်း
- လူစုလူဝေးထဲ နေရခြင်း
- ပိတ်ထားသောနေရာများထဲ (ဥပမာ- ရုပ်ရှင်ရုံ၊ ဓါတ်လှေကား၊ စတိုးဆိုင်) ရောက်နေခြင်း
- ဖွင့်ထားသောနေရာများ (ကားပါကင်၊ တံတား၊ ရှော့ပင်းမော) ရောက်နေခြင်း
- လူအများနှင့်သွားလာနေရခြင်း (ရထား၊ ဘတ်စ်ကား၊ လေယာဉ်)
အဲဒီအခြေအနေတွေမှာ ကြောက်ရွံ့စိတ်၊ မသက်မသာဖြစ်တဲ့စိတ်တွေ ပေါ်ပေါက်ပြီး ကူရာမဲ့သလို ခံစားလာရတတ်ပါတယ်။
ဒါ့အပြင် ကြောက်ရွံ့စိုးရိမ်မှုဟာ အခြေအနေတချို့ကို ထိတွေ့ရာကနေ အမြဲပေါ်လာတတ်ပါတယ်။
ကြောက်ရွံ့စိုးရိမ်မှုဟာ လက်တွေ့မှာ ရှိသင့်တာထက် ပိုဆိုးနေတတ်ပါတယ်။
ဒီလိုအခြေအနေတွေကို ကျော်ဖြတ်ဖို့ အဖော်တယောက်ယောက် အတူပါမှသာ သွားလာရဲတဲ့ အခြေအနေကို ရောက်သွားပါတယ်။
ဒါကြောင့် လူအများနဲ့ ပေါင်းသင်းဆက်ဆံရတဲ့ နေရာတွေမှာ ရှောင်ရြှးလိုစိတ်တွေ၊ ဖိစီးမှုတွေ၊ ပြသနာတွေ ပေါ်လာတတ်ပါတယ်။
အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ ဒီကြောက်ရွံ့မှု၊ ရှောင်ရှားလိုမှုတွေဟာ ၆လနဲ့ အထက် ကြာလာတတ်ပါတယ်။
အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ဒီပြသနာဟာ လူမှုဆက်ဆံရေး၊ လုပ်ငန်းခွင်နဲ့ အရေးကြီးကိစ္စရပ်တွေကို ဆောင်ရွက်ရာမှာ ကန့်သတ်ချက်များစွာ ဖြစ်စေပါတယ်။
အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
အကြောင်းရင်းများ
agoraphobia (လူစုလူဝေးကြောက်ရွံ့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဘာကြောင့်ဖြစ်ပွားရတယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ကြောက်ရွံ့မှုကို တုံ့ပြန်တဲ့ ဦးနှောက် အစိတ်အပိုင်းဟာ အရေးပါတဲ့နေရာက ပါဝင်တယ်လို့ ယူဆရပါတယ်။
ယခင်က အဆင်မပြေဖြစ်ခဲ့ဘူးတဲ့ ပတ်ဝန်းကျင် အကြောင်းခြင်းရာတွေကြောင့်လည်း ဖြစ်ပါတယ်။
မိသားစုရာဇဝင်ရှိတာနဲ့ ဆက်စပ်နေတာကြောင့် မျိုးရိုးဗီဇလည်း ပါဝင်ပတ်သက်နေမယ်လို့ ယူဆရပါတယ်။
တချို့လူတွေမှာ ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်ပွားဖူးတယ်ဆိုရင် နောက်ထပ်ကြုံရမှာ ကြောက်ရွံ့တတ်ပါတယ်။
တခြားကြောက်ရွံ့မှုတွေဟာလည်း ပါဝင်ပတ်သက် နေတတ်ပါတယ်။
ဖြစ်နိုင်ခြေများ
agoraphobia (လူစုလူဝေးကြောက်ရွံ့ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
- အခြားထိတ်လန့်ကြောက်ရွံ့မှု ပုံစံများရှိခြင်း
- ကြေက်ရွံ့ဖွယ်အခြေအနေများကို လွန်ကဲဆိုးရွားသော ကြောက်ရွံ့မှု၊ ရှောင်ရှားမှုများဖြင့် တုံ့ပြန်ခြင်း
- အနိုင်ကျင့်ခံရခြင်း၊ မိဘများဆုံးပါးခြင်း၊ တိုက်ခိုက်ခံရခြင်း စတဲ့ စိတ်ဖိစီးမှုပြသနာများ ရင်ဆိုင်ကြုံတွေ့ရခြင်း
- စိုးရိမ်ပူပန်တတ်သော သဘောသဘာဝရှိခြင်း
- မျိုးရိုးရှိခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
agoraphobia (လူစုလူဝေးကြောက်ရွံ့ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
အောက်ပါလက္ခဏာတွေပေါ် မူတည်စစ်ဆေးပါတယ်။
- ဆရာဝန် သို့ စိတ်ကျန်းမာရေးပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း
- လက္ခဏာများဖြစ်လာစေသော အခြေအနေများရှိမရှိ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း
- စိတ်ကျန်းမာရေးပြသနာများအတွက် ပြုစုထားသော လက်စွဲစာစောင်များမှ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်း
agoraphobia (လူစုလူဝေးကြောက်ရွံ့ခြင်း) ကို ဘယ်လိုကုသပါသလဲ
စိတ်ပိုင်းဆိုင်ရာကုသမှု
- စိတ်ပိုင်းဆိုင်ရာ ကုသမှုမှာ ကုထုံးပညာရှင်နဲ့ တွေ့ဆုံဆွေးနွေးပြီး စိတ်ပူပန်မုတွေကို လျှော့ချဖို့ ရည်မှန်းချက်တွေသတ်မှတ်ပြီး လက်တွေ့ ဆောင်ရွက်ခြင်းတွေ ပါဝင်ပါတယ်။
- ယေဘုယျအားဖြင့် ရေတိုကုထုံးဖြစ်ပြီး သိမှတ်စိတ်ဆိုင်ရာ အမူအကျင့်စစ်ဆေးကုသခြင်းနဲ့ စိတ်ပူပန်မှုကို ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ပါတယ်။ မိမိစိုးရိမ်တဲ့အရာတွေကို တိုက်ရိုက်စိန်ခေါ် ထိတွေ့ပြီး မူလအခြေအနေကို ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။ အစပိုင်းမှာ အောင်မြင်မှုရှိလာရင် ကုသမှုတခုလုံး တိုးတက်ကောင်းမွန်နိုင်ပါတယ်။
အောက်ပါအခြေအနေတွေကို လေ့လာနိုင်ပါတယ်
- ဘယ်အရာတွေက ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသလဲ၊ ဘယ်အရာတွေက ပိုဆိုးစေသလဲ
- စိတ်ပူပန်မှုကို ရင်ဆိုင်နိုင်အောင် ဘယ်လိုကိုင်တွယ်မလဲ
- မိမိကို စိတ်ပူစေတဲ့အရာတွေ (ဥပမာ လူမှုပတ်ဝန်းကျင်မှာ မကောင်းတဲ့အရာတွေ ရင်ဆိုင်ရခြင်းတွေ) ကို တိုက်ရိုက်ဘယ်လိုရင်ဆိုင်မလဲ
- အဲဒီအခြေအနေတွေမှာ စိတ်ပူပန်မှုကျဆင်းပြီး ကျော်လွှားနိုင်အောင် ဘယ်လိုနေထိုင်မလဲ
- မိမိကြောက်ရွံ့တဲ့အရာကို များများထိတွေ့ပြီး မစိုးရိမ်တတ်တော့တဲ့ ကုထုံးနဲ့ ကုသပြီး မကောင်းတဲ့ အမူအကျင့်တွေကို ဘယ်လိုပြောင်းလဲမလဲ
- နေအိမ်ကနေထွက်ဖို့တောင် ပြသနာရှိနေရင် ကုသပေးသူဆီ ဘယ်လိုသွားရမလဲ၊ ဒါလည်း ကုထုံးပညာရှင်ဖက်က စဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။
- စိုးရိမ်မုကြောင့် အိမ်ကနေမခွာချင်တဲ့အခါ ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာလဲ ကုသမှုရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။ အိမ်မှာပဲကုသမလား၊ ဒါမှမဟုတ် လူနာဘက်က အဆင်ပြေ စိတ်ချမယ့်နေရာကို ရွေးချယ်မလား၊ တခါတရံ ဖုန်း၊ အီးမေးလ်၊ တခြားနည်းလမ်းတခုခုနဲ့ ကုသနိုင်မလား စဉ်းစားရမယ့် အချက်တွေ ရှိပါတယ်။
- ကြောက်ရွံ့မှု ဆိုးရွားလွန်းလို့ ဒီနည်းလမ်းတွေနဲ့ အဆင်မပြေဘူးဆိုရင် ဆေးရုံမှာကုသခြင်းဟာ ပိုပြီး အကျိုးရှိပါတယ်။
လိုအပ်ရင် ချိန်းဆိုပြသတိုင်းမှာ စိတ်ချရတဲ့ အမျိုး၊ မိတ်ဆွေ တယောက်ယောက်ကို အဖော်ပြုနိုင်ပါတယ်။
ဆေးဝါးကုသခြင်း
- စိတ်ကျဆန့်ကျင်ဆေး အချို့နဲ့ ကုသနိုင်ပါတယ်။ စိတ်ပူပန်မှုပျောက်ဆေးတွေဟာ တခါတရံမှာတော့ ကန့်သတ်ချက်တွေ ရှိပါတယ်။ ဒီပသနာကို ကုသရာမှာ စိတ်ကျဆန့်ကျင်ဆေးတွေဟာ စိတ်ပူပန်မှု ပျောက်ဆေးတွေထက်စာရင် ပိုထိရောက်ပါတယ်။
- စိတ်ကျဆန့်ကျင်ဆေးများ။ selective serotonin reuptake inhibitors (SSRIs) တွေဖြစ်တဲ့ fluoxetine (Prozac) and sertraline (Zoloft) စတာတွေနဲ့ ကုသနိုင်ပါတယ်။ တခြားအမျိုးအစားတွေကလည်း ထိရောက်မှု ရှိပါတယ်။
- စိတ်ပူပန်ပျောက်ဆေးများ။ ဘန်ဇိုဒိုင်ယာဇီပင်ဆေးတွေဖြစ်ပြီး စိတ်ပူပန်မှုကို သက်သာအောင် ဆရာဝန်ဟာ အကန့်အသတ်နဲ့ ပေးပါလိမ့်မယ်။ ဒီဆေးတွေဟာ များသောအားဖြင့် ရုတ်တရက်ဖြစ်ပေါ်တဲ့ စိတ်ပူပန်မှုတွေကို ယာယီသက်သာအောင် အသုံးပြုခြင်း ဖြစ်ပါတယ်။ အမူအကျင့်တွေကို ဖြစ်ပေါ်စေတာကြောင့် ရေရှည်သုံးဖို့ အဆင်မပြေပါဘူး။ တခြားနည်းလမ်းမတွေ့ခင် ယာယီကုသတဲ့ သဘောပါပဲ။
- စိတ်ကျဆန့်ကျင်ဆေး စမပေးမီနဲ့ ပြီးဆုံးချိန်မှာ သက်တောင့်သက်သာမရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်ဟာ ကုသစဉ်မှာ ဆေးပမာဏကို တဖြည်းဖြည်းမြှင့်သွားပြီး လျှော့ချရာမှာလည်း တဖြည်းဖြည်းပဲ လျှော့ချပါတယ်။
အခြားနည်းလမ်းများ
- တချို့ဓါတ်စာနဲ့ အသီးအရွက်က ထုတ်တဲ့ ဖြည့်စွက်စာဆေးဝါးတွေဟာ စိတ်ပူပန်မှုကို လျော့ကျစေပါတယ်။ မသုံးစွဲခင်မှာတော့ ဆရာဝန်နဲ့ တိုင်ပင်၇ပါမယ်။ ဒီဆေးဝါးတွေဟာ အညွှန်းစာ မလိုဘဲ ဝယ်ယူရရှိနိုင်ပေမယ့် ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးတွေတော့ ရှိပါတယ်။
- ဥပမာ kava လို့ခေါ်တဲ့ ဖြည့်စွက်စာဟာ စိတ်ပူပန်မှုအတ။ါက် သုံးစွဲနိုင်ပေမယ့် အသည်းကို ထိခိုက်နိုင်ခြေ ရှိပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု အဖွဲ့ကြီးက သတိပေးထားပေမယ့် ရောင်းချခြင်းကိုတော့ မတားမြစ်ပါဘူး။ စိတ်ချရတဲ့ လေ့လာချက်တွေ မရှိသေးတာကြောင့် အသည်းရောဂါ ပြသနာရှိရင်တော့ kava ကို ရှောင်ကြဉ်သင့်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက လူစုလူဝေးကြောက်ရွံ့ခြင်းအတွက် အထောက်အကူ ပြုသလဲ
အောက်ပါအချက်တွေက အထောက်အကူ ပြုပါတယ်။
ကုသမှုလမ်းညွှန်ချက်တွေကို အတိအကျလိုက်နာပြီး ထိန်လန့်ကြောက်ရွံ့တဲ့ ခံစားမုကို ရင်ဆိုင်ရချိန်မှာ သက်သာအောင် ဘယ်လိုနေထိုင်မလဲ၊ ကြောက်ရွံ့မှု လျောပနည်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ အရေးကြီးပါတယ်။
အရက်နဲ့ မူးယစ်ဆေးတွေကို ရှောင်ကြဉ်ပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ပြုလုပ်ရပါမယ်။ အာဟာရမျှတအောင်စားပြီး အိပ်ရေးဝအောင် အိပ်ရပါမယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
တည်းဖြတ်သည့်နေ့ ဖေဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေဖော်ဝါရီ 14, 2018