အဓိပ္ပါယ်ဖွင့်ဆိုချက်
Age spots (liver spots) (အသက်ကြီး၍ အရေပြားတွင် အစက်များဖြစ်ခြင်း) ကဘာလဲ။
အသက်ကြီး၍ အရေပြားတွင် အစက်များဖြစ်ခြင်းဆိုတာ အရေပြားပေါ်မှာ အညိုရောင်၊ အနက်ရောင် အစက်အပြောက်များ ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ များသောအားဖြင့် နေရောင်ထိတွေ့တဲ့ နေရာတွေမှာ ပေါ်တတ်ပါတယ်။ တင်းတိတ်၊ နေလောင်ကွက် စသဖြင့်လည်း ခေါ်ကြပါတယ်။
Age spots (liver spots) (အသက်ကြီး၍ အရေပြားတွင် အစက်များဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ဘယ်အသားအရေမှာမဆို ဖြစ်နိုင်ပေမယ့် အသားအရောင်ဖျော့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက် ၅၀ကျော်အရွယ်မှာ ပိုဖြစ်တတ်ပါတယ်။ ငယ်ရွယ်သူတွေမှာလည်း နေရောင်ထဲ အနေကြာရင် ပေါ်လာတတ်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
လက္ခဏာများ
Age spots (liver spots) (အသက်ကြီး၍ အရေပြားတွင် အစက်များဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
ဘဲဥပုံရှိတဲ့ အညိုရောင်၊ အနက်ရောင်ကွက်တွေ ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ နေရောင်နဲ့ နှစ်ရှည်လများ ထိတွေ့လာခဲ့တဲ့ နေရာတွေဖြစ်တဲ့ လက်ဖမိုး၊ ခြေဖမိုး၊ မျက်နှာ၊ ပခုံး၊ ကျော စတာတွေမှာ ပေါ်တတ်ပါတယ်။
သာမန် အကွက်သေးလေးကနေ စုစည်းပြီး ကျယ်ပြန့်လာတဲ့ အခြေအနေအထိ တွေ့နိုငါပတယ်။
အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အောက်ပါအခြေအနေမှာ ဆရာဝန်ပြသင့်ပါတယ်။
- အရောင်မည်းလာခြင်း
- အရွယ်အစားကြီးလာခြင်း
- အနားသတ် မညီမညာဖြစ်ခြင်း
- အရောင်များ ပုံမှန်မဟုတ်ခြင်း
- ယားယံခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်း၊ သွေးထွက်ခြင်း
အကြောင်းရင်းများ
Age spots (liver spots) (အသက်ကြီး၍ အရေပြားတွင် အစက်များဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
မယ်လနင်လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်း များစွာ ထုတ်လုပ်တဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ ဒီအစက်တွေ ဘာကြောင့်ထွက်ပေါ်လာသလဲဆိုတာ ဆရာဝန်အနေနဲ့ အမြဲမသိနိုင်ပါဘူး။ အသက်အရွယ် ကြီးလာခြင်း၊ နေရောင်ထိတွေ့ခြင်း၊ ခရမ်းလွန်ရောင်ခြည်ထိခြင်း စတာတွေဟာ ဖြစ်နိုင်ခြေ အကြောင်းအရာတွေ ဖြစ်ပါတ
ယ်။ နေရောင်ထိပါများတဲ့ အောက်ပါအစိတ်အပိုင်းတွေမှာ ပိုဖြစ်တတ်ပါတယ်။
- မျက်နှာ
- လက်ဖဝါး
- ပခုံး
- ကျော
- လက်ဖျံ
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Age spots (liver spots) (အသက်ကြီး၍ အရေပြားတွင် အစက်များဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အောက်ပါအခြေအနေတွေမှာ ပိုဖြစ်တတ်ပါတယ်။
- အသက် ၄၀ကျော်လာခြင်း
- အသားဖြူခြင်း
- နေရောင်မကြာခဏထိတွေ့ခြင်း
- အသားညိုစေသည့် ကိရိယာကို မကြာခဏ အသုံးပြုခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Age spots (liver spots) (အသက်ကြီး၍ အရေပြားတွင် အစက်များဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ကြည့်ရှုစစ်ဆေးခြင်း။ အရေပြားပေါ်မှာ ကြည့်ရှုစစ်ဆေးပါလိမ့်မယ်။
အသားစယူခြင်း။ အသားစနမူနာရယူပြီး တခြားပြသနာ ဥပမာ ကင်ဆာ ဟုတ်မဟုတ် စစ်ဆေးပါလိမ့်မယ်။ အသားစယူရာမှာ အရေပြားကနေ အနည်းငယ်သာယူပြီး အနုကြည့်မှန်ပြောင်းနဲပ စစ်ဆေးပါလိမ့်မယ်။ ဆရာဝန်ရဲ့ ရုံးခန်းမှာပဲ စစ်ဆေးပြီး ထုံဆေးသုံးနိုင်ပါတယ်။
Age spots (liver spots) (အသက်ကြီး၍ အရေပြားတွင် အစက်များဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
သိပ်မသိသာရင် မိတ်ကပ်လိမ်းခြင်း၊ ဖယ်ရှားခြင်းများ ပြုလုပ်နိုင်ပါတယ်။ အရေပြားရဲ့ ပထမဆုံးအလွှာမှာ ရောင်ခြယ်ပစ္စည်းတွေရှိတာကြောင့် ဒီကုသမှုဟာ ထိရောက်ပါတယ်။
အောက်ပါနည်းလမ်းတွေလည်း ပါဝင်ပါတယ်။
ဆေးဝါးကုသခြင်း။ Hydroquinone ပါတဲ့ လိမ်းဆေးကို သီးခြားဖြစ်စေ၊ retinoids (tretinoin)နဲ့ ရောပြီးဖြစ်စေ အသုံးပြုနိုင်ပါတယ်။ နေရောင်ကာကွယ်မှုညွှန်းကိန်း အနည်းဆုံး ၃၀ပါတဲ့ နေရောင်ခံခရင်မ်တွေ လိမ်းနိုင်ပါတယ်။ ဒီဆေးတွေသုံးချိန်မှာ ယားယ့ခြင်း၊ နီရဲခြင်း၊ ပူခြင်း၊ ခြောက်သွေ့ခြင်းတွေ ဖြစ်နိုင်ပါတယ်။
လေဆာကုသခြင်း။ လေဆာရောင်ခြည် အသုံးပြုပြီး အသားအရေကို ထိခိုက်စေခြင်းမရှိဘဲ ရောင်ခြယ်ပစ္စည်းတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒီကုသမှုမှာ အပိုင်း ၂ပိုင်း (သို့) ၃ပိုင်း ပါဝင်ပါတယ်။
ကုသပြီးချိန်မှာ အစက်အပြောက်တွေဟာ လနဲ့ချီ ကြာလာတာနဲ့ တဖြည်းဖြည်း ပျောက်သွားနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုး အနည်းငယ်တော့ ရှိပါတယ်။ လေဆာသုံး ကုသပြီးချိန်မှာ နေရောင်ကနေ ကာကွယ်ဖို့ လိုအပ်ပါတယ်။
အေးခဲစေခြင်း။ နိုက်ထရိုဂျင် အငွေ့ရည်ကို သုတ်လိမ်းပြီး ရောင်ခြယ်ပစ္စည်းကို ဖျက်ဆီးပစ်ပါတယ်။ အရေပြားကောင်းသွားရင် အစက်တွေ ပျောက်သွားပါလိမ့်မယ်။ တစက်တည်းဖြစ်ဖြစ်၊ အုပ်စုလိုက်ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ကုသချိန်မှာ အရေပြား ယားယံခြင်းဖြစ်နိုင်သလို အမြဲတမ်းအမာရွတ် ဖြစ်သွားဖို့ အခွင့်အရေး အနည်းငယ်ရှိပါတယ်။
အရေပြားကို ပွတ်တိုက်ခြစ်ထုတ်ခြင်း။ လည်နေတဲ့ ဘရပ်ရှ်လေးနဲ့ ပွတ်တိုက်ပစ်ပြီး အရေပြားအသစ်ကို ဖြစ်ပေါ်လာစေပါတယ်။ တကြိမ်ထက်ပိုပြီး ကုသမှု ခံယူဖို့ လိုပါတယ်။ ယာယီနီရဲခြင်း၊ အသားမာခြင်း ဖြစ်ပေါ်နိုင်ပါတယ်။
အရေပြားကို ချောမွေ့လာစေဖို့ သိပ်မပြင်းထန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ လနဲ့ချီပြီး ကုသမှ ထိရောက်ပါတယ်။ မျက်နှာပေါ်မှာ သွေးပြန်ကြောလေးတွေ များနေရင်တော့ ဒီနည်းလမ်းဟာ သိပ်မကောင်းပါဘူး။
ဓါတုဆေးသုံးချွတ်ခြင်း။ အက်ဆစ်သုံးပြီး အရေပြားရဲ့ အပြင်လွှာကို လောင်စားစေခြင်း ဖြစ်ပါတယ်။ အရေပြားကွာသွားပြီး အသစ်ဖြစ်ပေါ်လာပါတယ်။
လိုချင်တဲ့ရလဒ်မတွေ့မီ ကုသမှုပေါင်းများစွာ လိုအပ်ပါတယ်။ ဒီနည်းလမ်းအပြီးမှာ နေရောင်ခြည်ကို ရှောင်ရှားဖို့ အထူးလိုအပ်ပါတယ်။
ယာယီနီရဲခြင်း ရှိနိုင်ပါတယ်။ အသားအရောင်အမြဲတမ်း ပြောင်းသွားနိုင်ခြေလည်း ရှိပါတယ်။
အရေပြားမှာ အစက်အပြောက်ပေါ်ခြင်းဟာ အလှအပရေးရာလို့ပဲ သတ်မှတ်ထားတာကြောင့် အာမခံထားလို့တော့ မရပါဘူး။
နည်းလမ်းတွေမှာ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတာကြောင့် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
နည်းစနစ်တွေကို ပိုင်နိုင်ပြီး သေချာလေ့ကျင့်ထားတဲ့ အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အတွက် အထောက်အကူ ပြုသလဲ
အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအတွင်းမှာ နေရောင်ခြည် အပြင်းဆုံးဖြစ်တာမို့ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။
အပြင်မထွက်မီ ၁၅မိနစ် နာရီဝက်လောက် ကြိုပြီး နေရောင်ခံခရင်မ်များ လိမ်းပါ။ နေရောင်ကာကွယ်ညွှန်းကိန်း အနည်းဆုံး ၃၀ရှိတဲ့ ခရင်မ်များကိုသုံးပါ။ ၂နာရီကြာတိုင်းမှာ ထပ်လိမ်းပါ။ ရေကူးရင်၊ ချွေးထွက်များရင် ပိုလိမ်းပါ။
လုံခြုံတဲ့ အဝတ်အစားများ ဦးထုပ်များ ဝတ်ဆင်ပါ။
နေရောင်ကာနိုင်ဖို့ အထူးချုပ်လုပ်ထားတဲ့ အဝတ်အထည်များကို ဝတ်ဆင်ပါ။ ခရမ်းလွန်ရောင်ခြည်ကာကွယ်မှုညွှန်းကိန်း ၄၀နဲ့၅၀ကြား ရှိတဲ့အဝတ်အစားတွေကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။