backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Adie Syndrome (အဒီးရောဂါ)


Hello Sayarwon မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Adie Syndrome (အဒီးရောဂါ) ကဘာလဲ။

အဒီးရောဂါဆိုသည်မှာရှားပါးသောအာရုံကြောရောဂါတစ်မျိုးဖြစ်ပြီး မျက်စိသားငယ်အိမ်ကိုထိခိုက်စေသည်။ တော်တော်များများတွင် မျက်စိသားငယ်အိမ်သည်ကျယ်နေတတ်ပြီး အလင်းကိုတွေ့ပါကတုန့်ပြန်မှန်နှေးလိမ့်မည်။ အချို့လူနာများတွင် သားငယ်အိမ်ကျဉ်းနေတတ်သည်။ ထိုသို့တုန့်ပြန်မှုနှေးခြင်း မရှိခြင်းကြောင့်ဤရောဂါကိုဖြစ်စေသည်၊ အသက်အန္ဓါရယ်ရှိသည်လဲမဟုတ် ချို့ယွင်းမှုဖြစ်သည်ဟုလဲမဆိုသာပါ။

အခြားနာမည်များမှာ

  • အဒီးမျက်စိသားငယ်အိမ်
  • အဒီးရောဂါ
  • အဒီးကျုံနေသောမျက်စိသားငယ်အိမ်
  • ဟုန်းအဒီးရောဂါ
  • ပါပလိုတိုးနစ် ဆူဒိုတေးဖိ
  • သားငယ်အိမ်ကျုံခြင်းရောဂါ

Adie Syndrome (အဒီးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည်ရှားပါသည်။

မိန်းကလေးများယောကျားလေးများထက်ပိုဖြစ်တတ်သည်။ အချိုးအားဖြင့်ဆိုသော် ၂.၆ :၁။ အသက် ၂၅ မှ ၄၅ ထိ အရွယ်ရောက်လူငယ်များတွင်ပိုဖြစ်တတ်သည်။ အဒီးသေားငယ်အိမ်ဖြစ်နိုင်သောလူပမာဏ (ရောဂါလက္ခဏာအားလုံးမဟုတ်သည်) ၁၀၀၀တွင် ၂ ယောက်ဖြစ်တတ်သည်။ တိတိကျကျဖြစ်စေတတ်သောပမာဏကိုမသိပါ။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Adie Syndrome (အဒီးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပုံမှနာ်းဖြင့် မျက်စိသားငယ်အိမ်သည် အလင်းသို့မဟုတ် အနီးရှိအရာဝတ္ထုကိုကြည့်ပါက ကျုံသွားတတ်သည်။ အမှောင် သို့မဟုတ် အဝေးအရာကိုကြည့်ပါကသို့မဟုတ် စိတ်လှုပ်ရှားနေပါကသားငယ်အိမ်သည် ကျယ်လာမည်။

လူနာအများစုသည် သားငယ်အိမ်ကျယ်နေတတ်ပြီး အလင်းလာချိန်တွင်ကောင်းစွာမကျုံနိုင်ပါ။ သူငယ်အိမ်သည် လက်မှာကိုင်ထားသောအရာကို စုစုံသောအခါမှတဖြည်းဖြည်းချင်းကျဉ်းလာမည်။ ထိုမှ ကောင်းသောသူငယ်အိမ်ထက်ပိုသေးသွားလိမ့်မည်။ ထိုအရာကိုမကြည့်တော့သော်လည်း ရောဂါဖြစ်နေသောသူငယ်အိမ်သည် ပုံမှန်သူငယ်အိမ်ထက်ကျဉ်းမြဲကျဉ်းဆဲဖြစ်ပြီ တဖြည်းဖြည်းခြင်းမိနစ်အနည်းငယ်ကြာမှပုံမုန်အခြေအနေသို့ပြန်ရောက်လာလိမ့်မည်။ အချို့လူများတွင် သူငယ်အိမ်နှင့်ပတ်သတ်သောလက္ခဏာများမပြတတ်ပါ။ အမြင်ဝါးခြင်း သို့မဟုတ် အလင်းကြောက်ခြင်းတို့ဖြစ်တတ်သည်။ အေးဒီးရောဂါဖြစ်နေသူတွင် အတွင်းအရွတ်တုံပြန်မှုများလည်းနှေးတတ်သည်။ အတွင်းအရွတ်တုံပြန်မှုဟူသည် လှံုဆော်မှုတခုကြောင့် ကြွက်သားမှသူဟာသူပြန်ကျုံသော အကြောင်းအရာတခုဖြစ်သည်။ဥုပမာ ဒူးခေါင်းအရိုးတုံပြန်မှုကို ဆရာဝန်က ဒူးခေါင်းဆစ်နေရာသို့ သေးငယ်သော ရာဘာတူလေးဖြင့်ခေါက်မည်။ ထိုသို့ခေါက်လိုက်ပါက ခြေထောက်ကန်လိုက်သလိုဖြစ်တတ်သော်လည်း အေးဒီရောဂါသမားများတွင် ထိုတုံပြန်မှုမျိုးနှေးခြင်းသို့မဟုတ် မပေါ်ခြင်းများဖြစ်တတ်သည်။

ခေါင်းကိုက်ခြင်း မျက်နှာနာခြင်း သို့မဟုတ် စိတ်ခံစားမှုအပြောင်းအလဲများခြင်းလဲအချို့သူတွင်ဖြစ်တတ်သည်။ ထိုသို့ဖြစ်ခြင်းသည် ဆိုးဝါးသောအခြေအနေသို့မဖြစ်စေတတ်ပါ။ အေးဒီးရောရာသည် မျက်စိသူငယ်အိမ်တစ်ဖက် ထဲတွင်သာဖြစ်လေ့ရှိသော်လည်း တဖြည်းဖြည်းဖြင့် အခြားတဖက်ကိုပါထိနိုင်သည်။ အချို့သောလေ့လာချက်များအရ အေးဒီးရောဂါဖြစ်နေသူများတွင် အလိုအလျောက်လုပ်ဆောင်ချက်များ ဥပမာ နှလုံးသွေးကြောဆိုင်ရာလှုပ်ဆောင်ချက်များချို့ယွင်းနိုင်သည်ဟုဆိုသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Adie Syndrome (အဒီးရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

များသောအားဖြင့် အေးဒီးရောဂါဖြစ်စေသောအကြောင်းအားသေချာမသိပါ။ များသောအားဖြင့် အမျှင်ပါသောအာရုံကြောစုယောင်ခြင်း သို့မဟုတ် ပျက်ဆီးခြင်းကြောင့်ဖြစ်သည်ဟုယူဆကြသည်။ ထို အာရုံကြောစုများသည် မျက်လုံးနောက်ဘက်တွင်ရှိသော အာရုံကြောဆဲလ်များစုစည်းမှုဖြစ်သည်။ ထို အမျှင်ပါသော အာရုံကြောစုများသည် အလိုအလျောက်ဖြစ်သောအာရုံကြောစနစ်၏အပိုင်းစတစ်ခုဖြစ်သည်။ ထို အရာများမှ ခန္ဓါကိုယ်အား အနားယူစေခြင်းနှင့် မြင့်မားသောလှုပ်ဆောင်ချက်များကိုတားသည်။

ထို အမျှင်ပါသော အာရုံကြောစုသည် မျက်လုံးတွင်စုစုံသည်။ ထိ အာရုံကြောစုသည် သူငယ်အိမ်အားလှုံဆော်ချက်များကိုတုံပြန်သည့်အရာများအားသယ်ပေးသည် ဥပမာ အလင်းအမှောင်တွေ့ပါက ကြီးခြင်းသေးခြင်း။ ထိုအာရုံကြောများသည် မျက်စိအကျဉ်းအကျယ်လုပ်ပေးသောကြွက်သားနှင့်အဆက်အသွယ်လုပ်ပေးသည်။ သို့သော် များသောအားဖြင့် အမျင်ပါသော အာရုံကြောစုသည် မျက်လုံးအား အနီးအဝေးမြင်နိုင်ရန် ချိန်ညှီပေးသောကြွက်သားအား ၉၇ ရာခိုင်နှုန်းထိထောက်ပံ့ပေးသည်။

အေးဒီးရောဂါတွင် ထို အာရုံကြောဆဲလ်နှစ်ခုလုံးပြတ်နေသည်။ သို့သော် မျက်လုံးအားစုစုံပေးသော ဆဲလ်များအများကြီးရှိသောကြောင့် ပုံများအားဖြင့် ဤအရာပျက်ခြင်းသည် သိပ်မသိသာလှပါ။ တဖြည်းဖြည်းခြင်း ပျက်နေသော အာရုံကြောများပြန်ကောင်းလာမည် သို့သော အချို့ဆဲလ်များပြန်မကောင်းပါ။ အလင်းထိန်းညှိနေသော ကြွက်သားကားရှားသောကြောင့် ပြန်ကောင်းရန်မလွယ်ကူပေ။ သို့သော် ဆဲလ်များသည် အနီးအဝေးချိန်ပေးသော ကြွက်သားသာမက အလင်းချိန်ပေးသော ကြွက်သားများလဲထောက်ပံသောကြောင့် ကျုံနေသောသူငယယ်အိမ်တွင် အနီးအဝေးချိန်ညှိနိုင်သောစွမ်းရည်သည် ရှိသော်လည်းနှေးနေခြင်းဖြစ်သည်။ များသောအားဖြင့် အမျှင်ပါသောအာရုံစုက်ုပျက်စီးစေခြင်းသည် ဗိုင်းရပ်ကြောင့်ဖြစ်သည်ဟုဆိုသည်။ ကိုယ့်ဆဲလ်ကိုပြန်တိုက်သောဖြစ်စဉ်ကြောင့်ဟူသောသက်သေများလဲရှိသည်။ အကျိတ် ထိခိုက်မိခြင်းနှင့် ယောင်ယမ်းခြင်း (များသောအားဖြင့် ကာလသား ) သည်လည်းအေးဒီးရောဂါနှင့်ဆက်စက်မှုရှိနိုင်သည်။ ခွဲစိတ်ခြင်းမှုနောက်ဆက်တွဲဖြစ်စဉ်လဲဖြစ်နိုင်သည်။ လူကြီးများတွင် သွေးလွတ်ကြောယောင်ခြင်း သွေးယောင်ကြောအပြင်းအထန်ယောင်ခြင်းတို့ကြောင့်လဲဖြစ်နိုင်သည်။ ကင်ဆာရောဂါဆိုင်သောလက္ခဏာစုကြောင့် လဲရှားရှားပါးပါးဖြစ်တတ်သည် သို့သော် ကင်ဆာဟုသိပြီးသူများတွင်ဖြစ်တတ်သည်။

အတွင့်အရွတ်တုံပြန်မှုနှေးခြင်းသည် ကျောဘက်မှ အမြစ်အာရုံကြောများ ပျက်စီးခြင်းကြောင့်လဲဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Adie Syndrome (အဒီးရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Adie Syndrome (အဒီးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

လူနာအားသေချာသောမေးမြန်းမှုများ စမ်းသက်မှုများလုပ်၍သိနိုင်သည်။ မျက်စိတစ်ခုလုံးစမ်းသက်မှုကို မျက်စိဆရာဝန်မှလုပ်သင့်သည်။ အရေဖျောထားသော ပိုင်လိုကာပင်းကိုသုံး၍မျက်စိဆရာဝန်မှစမ်းသက်နိုင်သည်။ ပိုင်လိုကာပင်းသည် မျက်စဉ်းဆေးပုံဖြစ်ပြီး သားငယ်အိမ်အားကျဉ်းစေသည်။ အေးဒီးရောဂါဖြစ်သောလူနာတွင် အလင်းတွေ့ပါက မကျုံသော်လည်း ပိုင်လိုကာပင်းပေးပါကကျုံလိမ့်မည်။ ပုံမှန်သူငယ်အိမ်တွင်မကျုံပါ။ သားငယိမ်ကျယ်ခြင်းသည် စကိုပိုလာမင်း သို့မဟုတ် အေထရီုပင်းထိခြင်ေးကြာင့်ဖြစ်ပါက ပြင်းအားမြင့်သောဆေးပုံရင်ထောင်မှမကျုံပါ။ ပုံမှန်သားငယ်အိမ်တွင် အပြင်းအထန်ကျုံသည်။

မျက်စိဆရာဝန်မှ ကောင်းသောမျက်လုံး မကောင်းသောသားငယ်အိမ် အလင်းအမှောင်တုံပြန်မှု ဝတ္ထုအနီးအဝေးကြည့်ကတုန့်ပြန်ပုံတို့ကိုယှဉ်စမ်းလိမ့်မည်။ မီးအိမ်တခုကိုသုံးလိမ့်သည် ။ ထိုအရာသည် မျက်စိအားချဲ့အားများစွာကြည့်ခြင်းဖြင့် အပိုင်းလိုက်ပြတ်နေခြင်းနှင့် သားငယ်အိမ်ထောင့်ပြားနေသည်တို့ကိုတွေ့နိုင်သည်။ဥပမာ တီကောင်ကဲ့သို့လှုပ်နေသောမျက်နက်ဝန်းများကိုတွေ့နိုင်သည်။ တခါတရံ သားငယ်အိမ်သည် ဘဲဥပုံသဏာန်ရှိနေနိုင်သည်။

Adie Syndrome (အဒီးရောဂါ) ကို ဘယ်လိုကုသပါသလဲ

များသောအားဖြင့်ကုသမှုမလိုပါ။ မျက်စိဝါးနေခြင်းများကိုပြင်ရန် မျက်မှန်လိုနိုင်သည်။ အလင်းမခံနိုင်သူအတွက်နေကာမျက်မှန်လိုနိုင်သည်။ ပြင်းအားလျော့ ပိုင်လိုကာပင်းသည် မျက်လုံးသေခြင်း တို့ကိုသက်သာစေနိုင်သည်။ အတွင်းအရွတ်တုံပြန်မှုနှေးခြင်းကား ထာဝရဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အေးဒီးရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနုင်သလဲ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement