backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Adenoiditis (လည်ချောင်းပသိရောင်ခြင်း )


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Adenoiditis (လည်ချောင်းပသိရောင်ခြင်း ) ကဘာလဲ။

လည်ချောင်းပသိဆိုသည်မှာ တစ်ရှူးအစုအဝေးတစ်ခုဖြစ်ပြီး အာသီးနှင့်အတူ တွဲလျက်ရှိပါသည်။ ၎င်းသည် ပါးစပ်နှင့် နှာခေါင်းမှ ဖြတ်သွားသော အန္တရာယ်ရှိသည့် ပိုးမွှားများကို ဖမ်းယူထားခြင်းဖြင့် သင့်ကျန်းမာရေးကို အထောက်အကူ ပြုပါသည်။

သင်၏လည်းချောင်းပသိသည် ရောဂါပိုးများကိ တိုက်ထုတ်ရာတွင်ကူညီသောပဋိပစ္စည်းများကိုလဲ ထုတ်လုပ်ပေးပါသည်။ အာသီးနှင့်မတူသည်မှာ လည်းချောင်းပသိသည် ပါးစပ်ဟလိုက်သည်နှင့် မြင်ရမည်မဟုတ်ပါ။ အာသီးနှင့်အတူ လည်းချောင်းပသိသည် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကိုကာကွယ်သော ကနဦးခံတပ်များ ဖြစ်ကြပါသည်။

လည်ချောင်းပသိရောင်ခြင်းသည် လည်းချောင်းပသိအား ပိုးဝင်သောကြောင့် ရောင်ခြင်းဖြစ်သည်။ ရောင်ပြီးကြီးလာသော လည်းချောင်းပသိ– လည်ချောင်းပသိရောင်ခြင်း– သည် အသက်ရှူရခက်ခဲစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ပြန်ထစေနိုင်ပါသည်။

လည်ချောင်းပသိရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာ များစွာကို ခံစားရနိုင်သည်။ နောက်ဆက်တွဲပြဿနာများသည် လည်ချောင်းပသိတစ်ရှူးများ အချိန်ကြာမြင့်စွာ ရောင်ရမ်းခြင်းမှ သို့ ပြင်းထန်စွာရောင်ခြင်းမှ ဦးခေါင်းနှင့် လည်ပင်းရှိ တခြားနေရာများကို ပြန့်သွာခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။

နားကူးစက်ရောဂါ – နားအလယ်ပိုင်းအား ပိုးကူးစက်ခြင်းကို ခံစားရနိုင်သည်။ သင်၏လည်ချောင်းပသိသည် နား၏ Eustachian ပြွန်အနီးတွင် တည်ရှိပါသည်။ ထို့ကြောင့် ပိုကူးစက်သွားနိုင်သလို နားလေးခြင်းပါ ဖြစ်နိုင်ပါသည်။

ကော်စေးဆန်သောနား – ၎င်းသည် အကျိအချွဲများ နားအလယ်တွင် စုပုံလာပြီး ပိတ်သွားသောကြောင့် ဖြစ်သည်။ ၎င်းရောဂါသည် Eustashian ပြွန်ပိတ်ခြင်းအဖြစ် စတင်ပါသည်။ အကြားအာရုံကို အတော်လေးထိခိုက်စေနိုင်ပါသည်။

နှားခေါင်းတွင်အခေါင်းများပြဿနာ (နှာပိတ်ခြင်း) – သင့်နှာခေါင်းမှ အခေါင်းများတွင် အရည်များပိတ်မိကာ ပိုးများဝင်လာနိုင်သည်။ အခေါင်းများသည် မျက်လုံးတစ်ဝိုက်နှင့် နှာခေါင်းတစ်ဝိုက်ရှိ မျက်နှာအရိုးများတွင်းမှ လေအခေါင်းပေါက်များဖြစ်ပါသည်။

ရင်ခေါင်းပိုးကူးစက်ခြင်း – သင်၏ လည်ချောင်းပသိ အလွန်ပြင်းထန်စွာ ဘက်တီးရီးယား သို့ ဗိုင်းရပ်စ် ပိုးကူးစက်ခံလျှင် အဆုတ်ပိုးဝင်ခြင်းကိုခံစားရနိုင်သည်။ ဥပမာ နမိုးနီးယားနှင့် လေပြွန်ရောင်ခြင်း။ ကူးစက်ပိုးသည် အဆုတ်၊ လေပြွန်လတ်နှင့် အသက်ရှူစနစ်မှ တခြားဖွဲ့စည်းပုံများဆီသို့ ပျံ့နှံ့သွားနိုင်ပါသည်။

Adenoiditis (လည်ချောင်းပသိရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Adenoiditis (လည်ချောင်းပသိရောင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

လည်ချောင်းပသိရောင်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများသည် ကူးစက်ပိုးဝင်ရသည့်အကြောင်းပေါ်မူတည်ပြီး ပြောင်းနိုင်သည်။ သို့သော် အောက်ပါတို့လဲ ပါဝင်နိုင်ပါသည်။

လည်ချောင်းနာခြင်း

နှာစေးခြင်း

လည်ချောင်းဂလင်းများထလာခြင်း

နားကိုက်ခြင်းနှင့် တခြားနားပြဿနာများ

နှားစေးသည့်အခါ နှာခေါင်းမှအသက်ရှူရသည်မှ စိန်ခေါ်မှုပင်ဖြစ်သည်။ နှာခေါင်းတွင်း အရည်ပိတ်ခြင်းနှင့် ဆက်စပ်သော လည်ချောင်းပသိရောင်ခြင်း၏ တခြားသောလက္ခဏာများမှာ –

ပါးစပ်မှအသက်ရှူရခြင်း

နှာသံပေါက်ခြင်း

အိပ်ရခက်ခြင်း

ဟောက်ခြင်း သို့ အိပ်ပျော်နေစဉ် ခဏတာ အသက်ရှူရပ်သွားခြင်း (Sleep Apnea)

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Adenoiditis (လည်ချောင်းပသိရောင်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

လည်ချောင်းပသိရောင်ခြင်းသည် ဘက်တီးရီးယားပိုး ဝင်ခြင်းကြောင့်ဖြစ်ပြီး Streptococcus လို ဘက်တီးရီးယားများကြောင့် ဖြစ်ရပါသည်။ ဗိုင်းရပ်စ်အမျိုးမျိုးကြောင့်လဲ ဖြစ်နိုင်သေးသည်။ Epstein-Barr ဗိုင်းရပ်စ်၊ အဒီနိုဗိုင်းရပ်စ်နှင့် ရိုင်းနိုဗိုင်းရပ်စ်တို့ ဖြစ်သည်။

ဖြစ်နိုင်ခြေများ

Adenoiditis (လည်ချောင်းပသိရောင်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

လည်ချောင်းပသိရောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

လည်ချောင်း၊ လည်ပင်းနှင့် ဦးခေါင်းတွင် ခဏခဏ ပိုးဝင်ခြင်း

အာသီးပိုးဝင်ခြင်း

လေမှကူးနိုင်သော ဗိုင်းရပ်စ်များ၊ ပိုးမွှားများနှင့် ဘက်တီးရီးယားများနှင့် ထိတွေ့မိခြင်း

ကလေးများသည် လည်ချောင်းပသိရောင်ခြင်း ပိုဖြစ်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် လည်ချောင်းပသိသည် ကလေးဘဝတစ်လျှောက် ကျုံ့လာခြင်းကြောင့်ပင်။ ဆယ်ကျော်သက်နောက်ပိုင်းလောက်တွင် လည်ချောင်းပသိသည် ယေဘုယျအားဖြင့် မရှိတော့ပါပေ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Adenoiditis (လည်ချောင်းပသိရောင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် နားနှာခေါင်းလည်ချောင်းအထူးကုဆီသို့ လွှဲပေးပါလိမ့်မည်။ အထူးကုမှ ပိုးကူးစက်သည့်နေရာကိုသိရန်အတွက် စမ်းသပ်ပါလိမ့်မည်။ မိသားစုမျိုးရိုးတွင်ရှိမရှိမေးပြီး မျိုးရိုးလိုက်သောရောဂါဟုတ်မဟုတ် ဆုံးဖြတ်ပါလိမ့်မည်။ တခြားသော စစ်ဆေးမှုများမှာ –

ဘက်တီးရီးယားနှင့် တခြားအကောင်များ နမူနာရနိုင်ရန် ဂွမ်းစဖြင့် လည်ချောင်းစစ်ဆေးခြင်းနှင့် ရောဂါပိုးရှိမရှိသိနိုင်ရန် သွေးစစ်ခြင်းတို့ဖြစ်သည်။

ခေါင်းနှင့်လည်ပင်းဓါတ်မှန်သည် သင့်လည်ချောင်းပသိ အရွယ်အစားနှင့် ပိုးကူးစက်မှုပမာဏကို ဆုံးဖြတ်ပေးနိုင်သည်။

Adenoiditis (လည်ချောင်းပသိရောင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

လည်ချောင်းပသိရောင်ခြင်းအား ပိုးသတ်ဆေးများဖြင့် ကုသပါသည်။ သို့သော် သင့်ကလေးငယ်သည် ခဏခဏ ပိုးကူးစက်ခံနေရပါက (နားနှင့်အခေါင်းများပိုးကူးစက်ခြင်း) သို့မဟုတ် ပိုးသတ်ဆေးများက မထူးလျှင် သို့မဟုတ် သင့်ကလေး၌ အသက်ရှူရခက်သည့် ပြဿနာများ ရှိနေလျှင် လည်းချောင်းပသိအား ခွဲထုတ်ဖို့ လိုအပ်နိုင်ပါသည်။ ထိုခွဲစိတ်မှုအား Adenoidectomy ဟု ခေါ်ပါသည်။

အာသီးရောင်ခြင်းနှင့် လည်ချောင်းပသိရောင်ခြင်း တို့သည် တွဲဖြစ်တတ်သောကြောင့် သင့်ကလေး၏ ဆရာဝန်မှ အာသီးကိုပါ တစ်ပါတည်းထုတ်ဖို့ အကြံပြုနိုင်ပါသည်။ အာသီးကိုဖယ်ထုတ်သော ခွဲစိတ်မှုအား Tonsillectomy ဟုခေါ်သည်။

သင်နှင့် ကလေးဆရာဝန်တို့အတူ ခွဲစိတ်မှု၏ အကျိုးနှင့် ဆိုးကျိုးများကိုဆွေးနွေးကာ လိုအပ်လျှင် အတူဆုံးဖြတ်ရမည်ဖြစ်သည်။ လည်းချောင်းပသိအား အောက်ပါတို့တွင် ခွဲစိတ်ဖယ်ရှားရန် လိုအပ်ပါသည်။

ပိုးသတ်ဆေးများဖြင့် သက်သာမလာခြင်း

ခဏခဏပိုးဝင်တတ်ခြင်း

နဂိုအခံရောဂါတစ်ခုခုနှင့် တွဲဖြစ်ခြင်း ဥပမာ ကင်ဆာ သို့မဟုတ် လည်ပင်းနှင့်လည်ချောင်း အကျိတ်

အသက်ရှူရခက်ခြင်း မျိုချရခက်ခြင်းဖြစ်လျှင်

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လည်ချောင်းပသိရောင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် လည်ချောင်းပသိရောင်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

ကျန်းမာရေးနှင့်ညီညွှတ်သော အစာအစာများစားခြင်းနှင့် ရေများများသောက်ခြင်းက အရေးကြီးပါသည်။ ထို့အတူ အိပ်ရေး၀၀အိပ်ခြင်းကလဲ အထောက်အပံ့ပေး၏။ တကိုယ်ရေသန့်ရှင်းစွာ နေထိုင်ခြင်းကလဲ ကူးစက်ရောဂါဖြစ်နိုင်ချေ နည်းစေပါသည်။

ကလေးတွင် လည်ချောင်းပသိရောင်ခြင်းသည့်လက္ခဏာများ သို့မဟုတ် လည်ချောင်းပြဿနာများရှိလျှင် ကလေးဆရာဝန်ဆီမှ အကြံဉာဏ်တောင်းခံပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement