သွေးထဲရှိ စွန့်ပြစ်ပစ္စည်းများ ကျောက်ကပ်ကရုတ်တရက် မစွန့်ပြစ်နိုင်တော့တဲ့ အခြေအနေကို ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းလို့ ခေါ်ပါတယ်။ ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်မှုစွမ်းရည် ဆုံးရှုံးသွားတဲ့အခါမှာ အန္တရယ်ရှိတဲ့ စွန့်ပြစ်ပစ္စည်းတွေ စုပုံလာပြီး သွေးရဲ့ဓါတုမျှခြေပျက်စီးသွားပါမယ်။
ယင်းအခြေအနေဟာ နာရီအနည်းငယ်၊ရက်အနည်းငယ်အတွင်း မြန်မြန်ဆန်ဆန် ဆိုးရွားလာပါလိမ့်မယ်။ ဆေးရုံတင်ပြီးသားလူများ အထူးသဖြင့် အတွင်းလူနာများမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။
ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းဟာ အသက်အန္တရယ်လည်းရှိသလို၊ အထူးကြပ်မတ်ကုသဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ကုသနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေကောင်းမွန်တဲ့ လူတစ်ယောက်ဆိုရင်တော့ ပုံမှန် ဒါမှမဟုတ် ပုံမှန်နီးပါးကျောက်ကပ်စွမ်းရည်ကို ပြန်လည်ရရှိနိုင်ပါတယ်။
အသက်အရွယ်မရွေးခံစားရနိုင်ပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ပြီး ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
တစ်ခါတစ်ရံ ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းဟာ ရောဂါလက္ခဏာ မပြတတ်ပါဘူး။ အခြားအကြောင်းအရာတွေအတွက် ဓါတ်ခွဲခန်းအဖြေရှာရင်းနဲ့သာ တွေ့ရှိကြတာပါ။
အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
အထက်တွင်ဖော်ပြထားသော လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးစရာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ခါကိုယ်အနေအထားခြင်း မတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလည်းဆိုတာ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။
ကျောက်ကပ်သွေးစီးဆင်းမှုကို ပျက်ပြားစေသော အောက်ပါအခြေအနေများ ရှိနေခြင်း
ကျောက်ကပ်သွေးစီးဆင်းမှုပျက်ပြားစေပြီး ကျောက်ကပ်ပျက်စီးစေသော ရောဂါများမှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ကျောက်ကပ်ကို ထိခိုက်စေပြီး ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေသော ရောဂါများမှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ဆီးလမ်းကြောင်းပိတ်ဆို့စေပြီး ရုတ်တရက်ကျောက်ကပ်ပျက်စီးစေတတ်သော ရောဂါအခြေအနေများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းအန္တရယ်ကို မြင့်မားစေသော အရာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်မှာ ကျောက်ကပ်ပျက်စီးနိုင်မယ့် လက္ခဏာတွေတွေ့ရှိမယ်ဆိုရင် ဆရာဝန်က အောက်ပါစစ်ဆေးများကို လုပ်ဆောင်ပါလိမ့်မယ်။
များသောအားဖြင့် ဆေးရုံမှာနေနေဖို့ လိုအပ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီးသွားတဲ့လူနာအများစုကတော့ ဆေးရုံတင်ပြီးသားဖြစ်ပါတယ်။ ဆေးရုံမှာဘယ်လောက်ကြာကြာနေရမယ်ဆိုတာကတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာနဲ့ လူနာ့ကျောက်ကပ်ဘယ်လောက် မြန်မြန်ပြန်ကောင်းနိုင်မယ်ဆိုတာပေါ်မှာ မူတည်ပါတယ်။ တချို့အခြေအနေတွေမှာတော့ အိမ်မှာပဲသက်သာပျောက်ကင်းသွားနိုင်ပါတယ်။
ကျောက်ကပ်ပျက်စီးခြင်းရဲ့ ကုသမှုမှာ ကျောက်ကပ်ထိခိုက်စေသော ရင်းမြစ်များကို ရှာဖွေဖော်ထုတ်ခြင်း ပါဝင်ပါတယ်။ ကုသမှုရွေးချယ်ခြင်းအပိုင်းကတော့ ဘာတွေက ကျောက်ကပ်ပျက်စီးစေလဲဆိုတာပေါ်မှာ မူတည်ပါတယ်။
ဆရာဝန်က နောက်ထပ်တိုးရောဂါတွေ မဖြစ်အောင်နဲ့ ကျောက်ကပ်ပြန်လည်ကောင်းမွန်နိုင်အောင်လည်း ဆောင်ရွက်ပါလိမ့်မယ်။ ထပ်တိုးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသော ကုသနည်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။
အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းကို ရင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
ကျောက်ကပ်ပြန်ကောင်းသွားတဲ့အခါ ကျန်းကျန်းမာမာစားသောက်နေထိုင်ဖို့ အရေးကြီးဆဲဖြစ်သော်လည်း အထူးစီစဉ်ထားသော စားသောက်မှုပုံစံနဲ့တော့ စားသောက်ဖို့ လိုတော့မှာ မဟုတ်ပါဘူး။
မေးစရာများရှိပါက အကောင်းဆုံးဖြေရှင်းနည်းကို နားလည်သဘောပေါက်နိုင်စေရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။