မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်းဆိုသည်မှာ ဝမ်းဗိုက်ညာဖက်ခြမ်းရှိ အူမကြီးမှ ခွဲထွက်လာသည့် လက်ချောင်းပုံသဏ္ဍာန်ရှိ သေးငယ်သော အူအတက် ရောင်ရမ်းခြင်းကို ဆိုလိုပါသည်။
အူအတက်သည် Vestigial အင်္ဂါ (ဆင့်ကဲဖြစ်စဉ်မှ ကျန်ခဲ့သော အင်္ဂါ) ဖြစ်ပြီး သိရသလောက် ဘာလုပ်ငန်းမှ လုပ်သည်မရှိသော်လည်း ရောဂါတော့ ဖြစ်နိုင်ပါသည်။ ဆိုရလျှင် ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်းကြောင့် ဗိုက်ခွဲရခြင်းသည် ကမ္ဘာပေါ်တွင် ဗိုက်ခွဲရဆုံး အကြောင်းအရင်းပင်ဖြစ်သည်။
ချက်ချင်းမကုသလျှင် ရောင်နေသော အူအတက်မှ ပေါက်ထွက်သွားပြီး မစင်များ ဝမ်းဗိုက်ခေါင်းအတွင်းသို့ လျှံကျသွားစေနိုင်သည်။ ရလဒ်အနေဖြင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော်လည်း (ဝမ်းဗိုက်အကာရောင်ခြင်းကြောင့်) ပိုးကူးစက်မှုသည် အပြင်မပြန့်နိုင်အောင် ပိတ်မိသွားကာ ပြည်တည်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။
ဒီရောဂါသည် အလွန့်အလွန်အဖြစ်များ၏။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ-
အူအတက် ပေါက်ခြင်း၏ တခြားသောလက္ခဏာများပေါ်လာလျှင် နာကျင်မှုသည် ရုတ်တရတ်ရပ်သွားနိုင်ပြီး ထိုသို့ဆိုလျှင် အရေးပေါ်အခြေအနေဖြစ်သွားပါသည်။
ထိုလက္ခဏာများမှာ –
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။
လူတိုင်း၏ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အူအတက်ရောင်ခြင်းသည် များသောအားဖြင့် ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့်ဖြစ်ရပြီး ဘာကြောင့် အူအတက်အား ပိုးကူးရသည်ဆိုသည့် အကြောင်းရင်းကိုတော့ မသိရပါ။
အူအတက်သည် မစင်များ၊ ကယ်လ်စီယမ်ဆားများနှင့် စမြင်းတုံးများ သို့မဟုတ် အကျိတ်များ (အလွန်ရှားသည်)နှင့် ပိတ်မိသွားနိုင်ပြီး ရောင်ရမ်းလာကာ ပိုးဝင်သွားနိုင်ပါသည်။
ဖောင်းကြွကာ ရောင်းရမ်းလာလျှင် ပိုးကူးစက်ခြင်း၊ သွေးခဲခြင်း သို့ အူအတက်ပေါက်ခြင်းတို့ ဖြစ်သွားနိုင်ပါသည်။
ပြန်ရည်ကျိတ်များပွားခြင်းသည် ရောင်ရမ်းကူးစက်ရောဂါများဖြစ်သော Crohn ရောဂါ၊ ဝက်သက်၊ ဝမ်းကိုက်ပိုးကူးခြင်း၊ အစာအိမ်နှင့်အူရောင်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းနှင့် မိုနိုနယူကလီရိုးဆစ်တို့နှင့် ဆက်စပ်မှု ရှိပါသည်။
ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။
ဥပမာအားဖြင့်-
သုတေသနများအရ စံပြ “အနောက်အတိုင်းအစားစာ” (၎င်းတွင် ကာဗိုဟိုက်ဒြိုက်များပြီး အမျှင်ဓာတ်နည်းသည်) သည် အူအတက်ရောင်နိုင်ချေအား မြင့်မားစေသည်ဟု ဆိုသည်။ သင့်အစားအစာတွင် လုံလောက်သည့် အမျှင်ဓာတ် မပါပါက အူများလှုပ်ရှားမှု လျော့ကျသွားနိုင်ပြီး အူအတက်တွင် ပိတ်နိုင်ချေ များစေနိုင်၏။
လေထုညစ်ညမ်းမှု အထူးသဖြင့် အိုဇုန်းအလွန်များသောနေရာများတွင် အူအတက်ရောင်ခြင်းနှင့် ဆက်စပ်မှု ရှိပါသည်။ သိပ္ပံပညာရှင်များသည် လေထုညစ်ညမ်းခြင်းနှင့် အူအတက်ရောင်ခြင်း ဆက်စပ်ပုံကို သေချာမသိသေးပါ။ သို့သော် အိုဇုန်းများလျှင် အူများရောင်ခြင်း သို့မဟုတ် အူအတွင်းရှိ မိုက်ခရုပ်ပိုးများ ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည်။
လေ့လာမှုများအရ အူအတက်ရောင်ခြင်းသည် တခြားသောရာသီများထက် နွေရာသီတွင် အဖြစ်များသည်မှာ အမှန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လေထုညစ်ညမ်းခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းပိုး ပိုဝင်နိုင်ခြင်းနှင့် အမြန်စာများ စားသုံးမှုမြင့်ခြင်း နှင့် တခြာသေား ကာဗိုဟိုက်ဒြိုက်အစားများခြင်း၊ အမျှင်ဓာတ်နည်းသည်များ စားခြင်းတို့ကြောင့် ဖြစ်နိုင်ချေရှိပါသည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
စမ်းသပ်ကြည့်ခြင်းသည် အူအတက်ရောင်ခြင်းနှင့် လက္ခဏာတူနိုင်သော တခြားရောဂါများ မဟုတ်တာ သေချာစေရန် လိုအပ်ပါသည်။ ဆရာဝန်သည် စမ်းသပ်ကြည့်ရှူပါလိမ့်မည်။ အူအတက်ရောင်ခြင်းစမ်းရန်အတွက် သင်၏ဝမ်းဗိုက်အောက်ပိုင်းညာဖက်အခြမ်းကို စမ်းပါမည်။ ကိုယ်ဝန်ရှိနေလျှင် နာကျင်မှုက ပိုပြင်းထန်နိုင်ပါသည်။ အူပေါက်ခြင်းရှိပါက ဗိုက်သည် မာခဲပြီး ဖောင်းနေနိုင်ပါသည်။
ဖောင်ကား မာတင်းနေသော ဗိုက်သည် ဆရာဝန်နှင့် ချက်ချင်းကို ဆွေးနွေးသင့်သည့် လက္ခဏာဖြစ်သည်။
နာကျင်မှုအားစမ်းသည့်အပြင် သင့်ဆရာဝန်သည် အူအတက်အတွက် စစ်ဆေးမှုအမျိုးမျိုးကို ပြုလုပ်ပါလိမ့်မည်။
ဆီးစစ်ခြင်းသည် ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဆီးကျောက်တည်ခြင်းကြောင့်မဟုတ်ကြောင်း သေချာစေနိုင်သည်။
သားအိမ်ခေါင်းအားစစ်ဆေးခြင်းဖြင့် အမျိုးသမီးများတွင် မီးယပ်ဆိုင်ရာအခြေအနေများ ရှိမရှိ သိနိုင်သည်။ ထိုသို့စစ်ဆေးပါက သားအိမ်ခေါင်းအတွင်း ပိုးဝင်ခြင်းကြောင့် မဟုတ်ကြောင်း သေချာစေနိုင်သည်။
နေရာလွှဲမှားသန္ဓေတည်ခြင်းမဟုတ်ကြောင်း သေချာစေရန် ကိုယ်ဝန်ရှိမရှိ စစ်ဆေးနိုင်သည်။
ဝမ်းဗိုက်အား ပုံရိပ်ဖော်စစ်ဆေးခြင်းသည်လည်း သင့်၌ ပြည်တည်နေခြင်း သို့မဟုတ် တခြားသော နောက်ဆက်တွဲပြဿနာများ ရှိမရှိကိုလဲ ဆုံးဖြတ်နိုင်သည်။ ထိုစစ်ဆေးမှုများတွင် ဓာတ်မှန်၊ တီဗီဓာတ်မှန် သို့ စီတီစကန်များ ပါဝင်ပါသည်။
ရင်ဘတ်ဓာတ်မှန်မှ အဆုတ်ညာဖက်အောက်ခြမ်း နမိုးနီးယားမဟုတ်ကြောင့် သေချာစေနိုင်သည်။ အထက်ပါရောဂါတို့သည် တစ်ခါတစ်ရံ အူအတက်ရောင်ခြင်း လက္ခဏာများ ဆင်တူတတ်သည်။
အူအတက်ရောင်ခြင်းအား ကုသမှု အမျိုးမျိုးရှိ၏။
ရှားပါးသောဖြစ်ရပ်များတွင် ခွဲစိတ်ရန်မလိုဘဲ ပျောက်ကင်းနိုင်သည်။ ကုသမှုတွင် ပဋိဇီဝဆေးများနှင့် အရည်သောက်ရန်တို့သာ ပါဝင်သည်။
ဖြစ်ရပ်အများစုတွင် ခွဲစိတ်ကုသရန် လိုအပ်၏။ ခွဲစိတ်မှုအမျိုးအစားသည် သင့်ရောဂါ၏ အသေးစိတ်အချက်များပေါ် မူတည်ပါသည်။
မပေါက်သေးသည့် ပြည်များ ရှိနေလျှင် သင် ပဋိဇီဝဆေးများကို အရင်သုံးရမည်ဖြစ်သည်။ ထို့နောက် ဆရာဝန်သည် အရေပြားမှဖောက်ကာ ပြည်များကို စုပ်ထုတ်လိမ့်မည်။ ပိုးကူးစက်မှုအတွက် အရင်ကုသပြီးနောက်မှ အူအတက်အား ခွဲစိတ်ဖယ်ရှားမည်ဖြစ်သည်။
ပြည်များ ပေါက်သွားလျှင် သို့မဟုတ် အူအတက်ပေါက်လျှင် ခွဲစိတ်ကုသရန် လိုကိုလိုအပ်ပါသည်။ အူအတက်ဖယ်သော ခွဲစိတ်ကုသမှုအား Appendectomy ဟုခေါ်သည်။
ဆရာဝန်သည် ထိုခွဲစိတ်မှုအား ဗိုက်ဖွင့်ပြီးသော်လည်းကောင်း ဝမ်းတွင်းမှန်ပြောင်းဖြင့်သော်လည်းကောင်း ပြုလုပ်နိုင်ပါသည်။ ဝမ်းတွင်းမှန်ပြောင်းနှင့် ခွဲစိတ်ခြင်းသည် အန္တရယ်ပိုနည်းပြီး ပြန်ကောင်းရန် ယူရသောအချိန် ပိုနည်းစေပါသည်။ သို့သော်လည်း ပြည်များရှိလျှင် သို့ မဟုတ် ဝမ်းဗိုက်အကာရောင်လျှင် ဗိုက်ဖွင့်ဖို့ လိုအပ်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
ပြင်းထန်သောလှုပ်ရှားမှုများကို အရင်ဆုံးရှောင်ပါ။ Appendectomy အား ဝမ်းတွင်းကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ထားပါက ပထမ ၃-၅ရက်အတွက် လှုပ်ရှားမှုကို ကန့်သတ်ရမည်ဖြစ်သည်။
ဗိုက်ဖွင့်ခွဲထားသည်ဆိုပါက ၁၀-၁၄ ရက်ထိ လှုပ်ရှားမှုကို ကန့်သတ်ရပါမည်။ ခွဲစိတ်ပြီးနောက် ဘယ်လောက်အကြာတွင် ပုံမှန်လှုပ်ရှားနိုင်မလဲ လှုပ်ရှားမှုကို ဘယ်လိုကန့်သတ်ရမလဲ ဆိုသည်များကို ဆရာဝန်အားမေးပါ။
ချောင်းဆိုးလျှင် ဗိုက်ကိုထိန်းပါ။ ချောင်းမဆိုးခင် မရယ်ခင် နာကျင်မှုသက်သာစေရန် မလှုပ်ရှားခင် ဗိုက်ပေါ်တွင် ခေါင်းအုံးနှင့် အရင်ဖိထားပါ။
အကိုက်အခဲပျောက်ဆေးများမတိုးလျှင် ဆရာဝန်အားခေါ်ပါ။ နာကျင်နေခြင်းသည် သင့်ခန္ဓာကိုယ်အား ဖိစီးမှုပိုဖြစ်စေပြီး အနာကျက်နှေးစေနိုင်သည်။ အကိုက်အခဲပျောက်ဆေးများ သောက်နေလျှင်တောင်မှ နာကျင်မှုမသက်သာလျှင် ဆရာဝန်ကိုပြောပါ။
အဆင်သင့်ဖြစ်ခါမှ ထပြီး ရွေ့လျားတာမျိုးလုပ်ပါ။ နှေးနှေးစတင်ပါ။ ကောင်းကောင်းသက်သာသွားမှ သင့်လှုပ်ရှားမှုကိုတိုးမြှင့်ပါ။ လမ်းနည်းနည်းလျှောက်ခြင်းဖြင့် စတင်နိုင်သည်။
ပင်ပန်းလျှင် အိပ်ပါ။ ခန္ဓာကိုယ်မှ အနာပြန်ကျက်နေစဉ် ခါတိုင်းထက် ပိုအိပ်ချင်နိုင်ပါသည်။ အေးအေးဆေးဆေးနှင့် လိုအပ်သလို အနားယူပါ။
အလုပ်ပြန်လုပ်ရန် ကျောင်းပြန်တက်ရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ ကလေးများတွင် ခွဲစိတ်ပြီးနောက် တစ်ပတ်အတွင်း ကျောင်းပြန်တက်နိုင်ပါသည်။ အားကစားနှင့် Gym ကစားရန်အတွက်မှု ၂ -၄ ပတ်ထိ စောင့်ဖို့ လိုအပ်ပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။