အက်စစ်ပြန်စီးခြင်းဆိုသည်မှာ အစာအိမ်မှ အက်စစ်များ အစာရေမြို ( လည်ချောင်းနှင့် အစာအိမ်ကို ဆက်ထားသော ပြွန်) သို့ပြန်တက်ပြီး လည်ချောင်းသို့ရောက်ကာ တစ်ရှူး ရောင်ရမ်းခြင်းကို ဖြစ်စေသော အခြေအနေတစ်ခု ဖြစ်သည်။ အစာအိမ်တွင် hydrochloric အက်စစ်ဟုခေါ်သော အက်စစ် ပြင်းတစ်မျိုး ပါဝင်သည်။ ၎င်းသည် အစာခြေခြင်းတွင် ကူညီ ပြီး ဘတ်တီးရီးယားကဲ့သို့ မလိုအပ်သော ပိုးမွှားများရန်မှ ကာကွယ်ပေးသည်။ အစာအိမ် အဝင်ဝတွင် အဆို့ရှင်တစ်ခု ရှိသည်။ ၎င်းသည် အစာကို အစာအိမ်ထဲသို့ဝင်စေသည်။ သို့သော် အစာရေမြိုထဲသို့ ပြန်မထွက်စေပါ။ ထိုအဆို့ရှင် ပုံမှန် အတိုင်း အလုပ်မလုပ်တော့ပါက အစာအိမ်ထဲရှိ အရာများ သည် အစာရေမြိုထဲသို့ ပြန်ထွက်ပြီး အက်စစ်ပြန်စီးခြင်းကို ဖြစ်စေသည်။
အက်စစ်ပြန်စီးခြင်းသည် အဖြစ်အများဆုံး အစာခြေစနစ် ရောဂါများထဲမှ တစ်ခု ဖြစ်သည်။ လူတိုင်း ဤအခြေအနေကို ဘဝတွင် အကြိမ်ရေများစွာ ခံစားရနိုင်သည်။ စားသောက်မှု အကျင့်၊ နေထိုင်မှုပုံစံနှင့် အခြား ကျန်းမာရေး အခြေအနေများ သည် အက်စစ်ပြန်စီးခြင်း ဖြစ်နိုင်ချေကို မြင့်စေသော အချက် များ ဖြစ်နိုင်သည်။
အက်စစ်ပြန်စီးခြင်း၏ အဖြစ်များသော လက္ခဏာများမှာ-
အက်စစ်ပြန်စီးခြင်းသည် ဘဝတွင် တစ်ခါတစ်ရံ ဖြစ်လေ့ ရှိသည်။ အသက်အရွယ် အားလုံးတွင် တွေ့နိုင်သည်။ တစ်ခါ တစ်ရံ အကြောင်းရင်းမရှိဘဲ တွေ့ရသည်။ ပုံမှန်အားဖြင့် နေထိုင်မှုပုံစုံကြောင့် ဖြစ်သည်။ သို့သော် မကာကွယ်နိုင်သော အကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်သည်။ ထိုအကြောင်း ရင်းထဲမှ တစ်ခုမှာ အစာအိမ်ကျွံခြင်း ဖြစ်သည်။ ၎င်းသည် ရင်ဝမ်းတား ကြွက်သားတွင် အပေါက်ဖြစ်ကာ အစာအိမ် အပေါ်ပိုင်းသည် ရင်ဘတ်ခေါင်းထဲသို့ ဝင်ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ gastroesophageal reflux disease (GERD) ကို ဖြစ်စေသည်။
ဤရောဂါကို ဖြစ်စေနိုင်သော အခြားအချက်များလည်း ရှိပါ သည်။ ၎င်းတို့မှာ
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Proton-pump inhibitors ဆေးများသောက်မည့်အပြင် အက်စစ်ပြန်စီးခြင်းကို ကုသနိုင်သော အထိရောက်ဆုံးနည်း လမ်းမှာ ရောဂါလက္ခဏာများကို ဖြစ်စေသော အစားအစာနှင့် သောက်စရာများကို ရှောင်ကြဉ်ရန် ဖြစ်သည်။ သင်လုပ်နိုင် သော အခြားအဆင့်များမှာ-
သင့်တွင် အက်စစ်ပြန်စီးခြင်းရှိသည်ဟု သံသယရှိပါက၊ မအီ မသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ မျိုချရာတွင် ခက်ခဲခြင်း စသော လက္ခဏာများ ခံစားပါက တတ်နိုင်သလောက် မြန်မြန် ဆရာဝန်နှင့် ပြသပါ။ သက်သာစေရန် ညွှန်ကြားပေးသော ဆေးများ သောက်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။