Omega-3 ချို့တဲ့ မှု ဟာ အသေးစိတ်နိုင်လှတဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ Omega-3 ချို့တဲ့မှုကို စမ်းသပ်စစ်ဆေးဖို့ မလွယ်ကူလှပေမယ့် သွေးဖောက်စစ်ဆေးတဲ့နည်းလမ်းနဲ့တော့ သိနိုင်ပါတယ်။ သိသာထင်ရှားတဲ့ လက္ခဏာရပ်တွေကို စောင့်ကြည့်ပြီးလည်း သိရှိနိုင်ပါတယ်။ အဲဒီလက္ခဏာတွေက အားလုံးပေါင်း ၅ ရပ်ရှိပါတယ်။
၁။ အသားအရေ ခြောက်သွေ့ခြင်းနှင့် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း – Omega-3 ချို့လူတစ်ချို့မှာဆိုရင် အရေပြားခြောက်သွေ့တာ၊ ထိရှလွယ်တာ၊ ခြောက်သွေ့တာနဲ့ ဝက်ခြံတွေ အလွန်အမင်းထွက်တာမျိုးတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ Omega-3 ဟာ အရေပြားရဲ့ အစိုဓာတ်ကို ထိမ်းသိမ်းပေးတဲ့ သဘာဝအတားအဆီးဖြစ်တာကြောင့် ခုလို ကျန်းမာရေးပြဿနာတွေ ခံစားရတာပါ။
၂။ စိတ်ဖိစီးမှု – Omega-3 ဟာ ဦးနှောက်အတွက် အထူးလိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီးတော့ အာရုံကြောကို ကာကွယ်ပေးတဲ့ ဂုဏ်သတ္တိနဲ့ အာရုံကြောယောင်ရမ်းမှုတွေကို လျော့ကျစေတဲ့ ဂုဏ်သတ္တိတွေ ပိုင်ဆိုင်ထားပါတယ်။
ဒါကြောင့် Omega-3 ဟာ neurodegenerative diseases နဲ့ brain disorders တွေကို ကုသပေးရာမှာ အသုံးဝင်တာပေါ့။ တဖက်မှာလည်း Omega-3 ချို့တဲ့လာမယ်ဆိုရင် ဦးနှောက်ကို ထိခိုက်စေမှာဖြစ်ပြီး စိတ်ဖိစီးမှုလိုမျိုး စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုမိုခံစားလာရမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။