Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy
စအိုနာကျင်ခြင်းဆိုတာ စအိုအတွင်းနဲ့ စအိုဝတဝိုက်မှာ နာကျင်ခြင်း ဖြစ်ပါတယ်။ အဖြစ်များတဲ့ရောဂါ ဖြစ်ပါတယ်။ စအိုနာကျင်ခြင်းရဲ့ အကြောင်းရင်းအများစုက ကင်ဆာမဟုတ်ပေမယ့် နာကျင်ခြင်းကတော့ ဆိုးရွားလှပါတယ်။ စအိုတဝိုက်မှာ အာရုံကြော လမ်းဆုံးတဲ့နေရာတွေ အများကြီးရှိလို့ ဖြစ်ပါတယ်။
စအိုနာကျင်ခြင်းဟာ အူလှုပ်ရှားမှု မတိုင်မီ၊ လှုပ်ရှားနေချိန်နဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်နိုင်ပါတယ်။ သာမန်နာကျင်ခြင်းကနေ ဆိုးရွားလွန်းပြီး ပုံမှန် လှုပ်ရှားမှုတွေကို အနှောက်အယှက်ပေးလောက်တဲ့အထိ နာကျင်တတ်ပါတယ်။ အကြောင်းအရင်းများစွာရှိပြီး အများစုဟာ ကုသလိုပ ပျောက်ကင်းပါတယ်။
ဒါပေမယ့် စအိုနာကျင်နေခြင်းဟာ ၂၄-၄၈နာရီအတွင်း မပျောက်ရင် ဆရာဝန်ပြဖို့ လိုပါတယ်။ နာတဲ့အပြင် အဖျားရှိရင် ပိုပြီး ပြသသင့်ပါတယ်။
စအိုနာကျင်မှုကို ဖြစ်စေတဲ့အကြောင်းအရာတွေဟာ စအိုကနေ သွေးယိုခြင်းကိုလည်း ဖြစ်စေနိုင်ပြီး ပိုပြီး စိုးရိမ်ရပါတယ်။ နာကျင်ရတဲ့အကြောင်းအရင်းကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ မိမိဖာသာ ဝယ်ယူသေယက်သုံးနိုင်သော ဆေးဝါးများ၊ ရေနွေးနွေးစိမ်ခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။
အဖြစ်များပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။
ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
လက္ခဏာတွေကတော့ ဘာဖြစ်သလဲ ဆိုတာပေါ် မူတည်ပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။
စအိုကွဲခြင်း
လိပ်ခေါင်း
ဂရင်ဂျီနာ (သို့) ပြည်တည်နာ
အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
အောက်ပါအခြေအနေမှာ ဆရာဝန်ပြသင့်ပါတယ်။
အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဖြစ်စေတဲ့ အကြောင်းအရာများစွာ ရှိပေမယ့် အောက်ပါ အခြေအနေတွေက အများဆုံး ဖြစ်စေပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဒီရောဂါရှိတယ်လို့ သံသယရှိရင် အူလမ်းကြောင်း စမ်းသပ်မှု ပြုလုပ်ပါလိမ့်မယ်။
မိမိဖာသာကုသခြင်း
အောက်ပါကုသမှုတွေဟာ လိပ်ခေါင်းကြောင့် နာကျင်မှုတွေကို သက်သာစေပါတယ်။
အောက်ပါကုသမှုတွေဟာ စအိုကွဲခြင်းကြောင့် နာကျင်မှုတွေကို သက်သာစေပါတယ်။
စအိုနာကျင်ခြင်းဟာ သိပ်မကြာတတ်လို့ ဘယ်ကုသမှုကမှ နာကျင်မှုကို သက်သာစေဖို့ မလျင်မြန်ပါဘူး။ လတ်တလောမှာ ရုတ်တရက်နာကျင်ခြင်းအတွက် ဆေးမရှိပပါဘူး။
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက စအိုနာကျင်ခြင်း အတွက် အထောက်အကူ ပြုသလဲ
အောက်ပါအချက်တေါက အထောက်အကူပြုပါတယ်။
အမျှင်ဓါတ်များတဲ့ အစာတွေ စားခြင်း၊ ရေများများသောက်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ ဝမ်းကိုပျော့ပျော့သွားစေတာကြောင့် စအိုလမ်းကြောင်းကို ထိခိုက်မှုနည်းစေပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။