Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy
အာခိလိကြွက်သားအကြောဟာ ခြေသလုံးကြွက်သားနဲ့ ဖနောင့်အရိုးတို့ကို ဆက်သွယ်ပေးတဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ခြေချောင်းလေးများပေါ် အားယူထနိုင်ပြီး လမ်းလျှောက်ရာမှာ ပြေးရာမှာ စတင်တွန်းကန် ပေးပါတယ်။ အဓိကပြသနာ ၂ခုကတော့
အာခိလိကြွက်သားအကြောပြသနာများဟာ ရုတ်တရက် ဖြစ်တတ်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် များသောအားဖြင့် သူတို့ဟာ အချိန်နဲ့အမျှ အသေးစား ထိခိုက်မှုလေးတွေကနေ ကြုံတွေ့ရာကနေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
အသက် ၃၀ကျော် ယောက်ျားတွေမှာ အဖြစ်များပါတယ်။ အာခိလိကြွက်သား အကြောအများစုဟာ အသက် ၃၀-၅၀ အရွယ် အားကစားသမားတွေမှာ စုတ်ပြဲခြင်း ဖြစ်တတ်ပါတယ်။ သက်ကြီးပိုင်းတွေမှာလည်း ပြတ်တောက်ခြင်း ဖြစ်တတ်ပါတယ်။
ဒါပေမယ့် ဖြစ်နိုင်ခြေမြင့်စေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် ကာကွယ်ကုသနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အာခိလိကြွက်သားအကြောရောဂါရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အာခိလိကြွက်သားအကြောပြတ်တောက်ခြင်းရဲ့ လက္ခဏာတွေကတော့
ဖြစ်တဲ့ခြေထောက်မှာ ခြေကြွပြီး သက်သက်သာသာ မလျှောက်နိုင်ပါဘူး။
စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။
သိလိုတာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ တယောက်နဲ့ တယောက်ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
အားကစား၊ အလုပ်နဲ့ တခြားလှုပ်ရှားမှုတွေမှာ အလွန်အကျွံသုံးမိတာ၊ အဖန်တလဲလဲ အသုံးချမိတာကြောင့် ဖြစ်ပါတယ်။
တခါတရံ ခြေသလုံးကြွက်သားကို ဖိအားဖြစ်ပေါ်စေတဲ့ လှုပ်ရှားမှုကို ရုတ်တရက် အင်အားသုံး လှုပ်ရှားမိရင် ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ အားကစားလှုပ်ရှားမှုတွေ၊ တခါတရံ သာမန် ပြေးခြင်း၊ ခုန်ခြင်းတွေမှာတောင် ဖြစ်တတ်ပါတယ်။
အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဒီပြသနာရှိတယ်လို့ ယူဆရင် ဆရာဝန်ဟာ စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။
လိုအပ်ရင် ခွဲစိတ်မှုလုပ်ဖို့ပါ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ အောက်ပါ စစ်ဆေးမှုတွေ ပါဝင်ပါတယ်။
အနားယူခြင်း၊ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေ သောက်သုံးခြင်း၊ အကြောလျှော့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စတာတွေ လုပ်နိုင်ပါတယ်။ ဖနောင့်ကို အခုအခံပေးနိုင်တဲ့ ရှူးဖိနပ်တွေစီးဖို့၊ အကြောပေါ် ဖိအားမဖြစ်စေတဲ့ အားကစားပုံစံတွေ လုပ်ဖို့ လိုအပ်ပါတယ်။ စေစီးစွာ ကုသခြင်းဟာ ထိခိုက်မှုတွေ ပိုပြိး ဖြစ်မလာဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေဟာ ဖိအားကို သက်သာစေပါတယ်။
သိပ်မဆိုးရွားတဲ့ အခြေအနေမှာ လပိုင်းလောက် အနားယူလိုက်ရင် သူ့ဖာသာ ပြန်ကောင်းသွားတတ်ပါတယ်။ စိတ်ရှည်ဖို့နဲ့ အကြောကို ဖိအားဖြစ်စေတဲ့ အားကစားတွေ ပြန်မလုပ်ဖို့ အရေးကြီးပါတယ်။
ပိုပြီးဆိုးရွားတဲ့ စုတ်ပြဲပြတ်တောက်ခြင်းတွေအတွက် ခွဲစိတ်ဖို့၊ ပလာစတာစည်းဖို့၊ အထိန်းအကွပ်တပ်ဖို့ လိုအပ်ပါတယ်။ ကာယကုသလေ့ကျင့်ခန်းတွေ အစီအစဉ်တွေဟာ ခြေထောက်နဲ့ ခြေကျင်းဝတ်ကို သန်မာပျော့ပျောင်းစေပါတယ်။ ကြွက်သားအကြောဟာ သက်သာပျောက်ကင်းဖို့ အပတ်ပေါင်း၊ လပေါင်းများစွာ အချိန်ယူဖို့ လိုပါတယ်။
ကုသဖို့ အချိန်ယူရပေမယ့် အများအားဖြင့် ပျောက်ကင်းကြပါတယ်။ အများစုဟာ အားကစားနဲ့ တခြား လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ကြပါတယ်။
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အထောက်အကူ ပြုသလဲ
အောက်ပါအချက်တွေကို သတိပြုလုက်နာသင့်ပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။