အဓိပ္ပါယ်ဖွင့်ဆိုချက်
Abercrombie Syndrome (Abercrombies ရောဂါစု) ကဘာလဲ။
Abercrombies ရောဂါစုဆိုတာ amyloid (မပျော်ဝင်နိုင်တဲ့ ပရိုတိန်း) တွေဟာဆဲလ်တွေ၊ တစ်သျှူးမျှင်တွေ၊ ကိုယ်တွင်းအင်္ဂါတွေထဲ ဝင်ရောက် စုဝေးလာတဲ့ အခြေအနေဖြစ်ပါတယ်။ amyloid ဟာ ကစီနဲ့ဆဲလူလို့စ်ပါဝင်တဲ့ ပရိုတိန်းဖြစ်ပါတယ်။ သူဟာ မပျော်ဝင်နိုင်သလို ဖြိုခွဲလို့လည်း မရပါဘူး။ ကိုယ်တွင်းအင်္ဂါထဲ ရောက်သွားရင်တစ်သျှူးတွေနဲ့ ဆံခြည်မျှင် သွေးကြောနံရံကြားထဲ သွားရောက် စုဝေးပါတယ်။
ဒီရောဂါဟာ amyloid အနေနဲ့ တစ်သျှူးတွေကြားထဲ ဝင်ရောက်ပြီး ပုံစံပျက်ယွင်းစေတဲ့အခါ ဖြစ်ပေါ်ပါတယ်။ ဘေလုံး၊ ကျောက်ကပ်၊ အသည်း စတာတွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။ တစ်သျှူးတွေ ပုံစံပျက်လာတဲ့အခါ ပုံမှန် လုပ်ငန်းဆောင်တာတွေဟာ တစိတ်တပိုင်းဖြစ်ဖြစ် အားလုံးဖြစ်ဖြစ် ပျက်ယွင်းလာပါတယ်။ လက္ခဏာတွေဟာ မသဲကွဲတာကြောင့် ပျက်စီးမှု များများစားစား မဖြစ်ခင်အထိ ရောဂါရှိမှန်း မသိနိုင်ပါဘူး။
Abercrombie Syndrome (Abercrombies ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါဟာ ရှားပါးပါတယ်။
ဖြစ်ပွားနိုင်ခြေရှိတဲ့ အချက်တွေကို ရှောင်ရှားနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
လက္ခဏာများ
Abercrombie Syndrome (Abercrombies ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ
ဒီရောဂါဖြစ်နေတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ အောက်ပါအခြေအနေတွေ တွေ့ရပါတယ်။
- ကြီးမားခြင်း
- ချောမွေ့နေခြင်း
- မာကျောခြင်း
တစ်သျှူးဟာ အနည်းငယ်ဖြူ ဒါမှမဟုတ် အဝါရောင် ခပ်ကြည်ကြည်ဖြစ်လာတတ်ပါတယ်။ တစ်သျှူးတွေရဲ့ အပြင်လွှာမှာ သွေးမရှိပါဘူး။ သွေးကြော ဒါမှမဟုတ် အောက်ခံကြွက်သားကို အကျိုးသက်ရောက်တဲ့အခါ တစ်သျှူးဟာ ထူလာပြီး အရောင်ကြည်လာပါတယ်။ အများအားဖြင့် ဘေလုံး၊ ကျောက်ကပ်၊ ပန်ခရိယ၊ အသည်း စတာတွေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဘယ်တစ်သျှူး ဘယ်အင်္ဂါမဆို ဖြစ်တတ်ပါတယ်။
ဒီရောဂါရဲ့ လက္ခဏာတွေဟာ ဖြစ်တဲ့တစ်သျှူးနဲ့ အင်္ဂါအစိတ်အပိုင်းပေါ် မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။
ဒီရောဂါ ခံစားရသူများဟာ တခြားပြသနာတွေပါ ရှိနေတတ်တာကြောင့် ရောဂါရှိမှန်း သတိမပြုမိဘဲ ဖြစ်နေတတ်ပါတယ်။
ဒီရောဂါ ကျောက်ကပ်မှာ ဖြစ်တ်သူများဟာ ဆီးသွားများခြင်း၊ အန်ခြင်း၊ ဝမ်းသါားခြင်း၊ အသက်ရှူမကောင်းခြင်း၊ ဖောရောင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ တခြားအင်္ဂါအစိတ်အပိုင်းတွေ ယိုယွင်းပျက်စီးရင် အလားတူ လက္ခဏာတွေ ဒါမှမဟုတ် သက်ဆိုင်ရာ အင်္ဂါအစိတ်အပိုင်းရဲ့ လုပ်ငန်းနဲ့ဆိုင်တဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။
သိလိုတာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ တယောက်နဲ့ တယောက်ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
အကြောင်းရင်းများ
Abercrombie Syndrome (Abercrombies ရောဂါစု) ကိုဘာတွေကဖြစ်စေသလဲ
သီးခြားဖြစ်တတ်တာမျိုး မဟုတ်ဘဲ နာတာရှည်တီဘီ၊ ကာလသားရောဂါ၊ အရိုးပြည်တည်နာ၊ နာတာရှည် ဝမ်းကိုက်ခြင်း စတဲ့အခြေအနေတွေမှာ တွေ့ရတတ်ပါတယ်။
သွေးကင်ဆာ၊ ဟော့ကင်းရောဂါ (ပြန်ရည်ကြောကင်ဆာ)၊ အလွန်ရှားတဲ့ ကင်ဆာများနဲ့ ဆာကိုးမားကင်ဆာ ရောဂါတွေမှာလည်း တွေ့ရပါတယ်။
များသောအားဖြင့် ကျောက်ကပ်ရောင်ခြင်းနဲ့ တွဲနေတတ်ပြီး ကျောက်ကပ်ကြောင့် ဒီရောဂါ ဖြစ်တာလား၊ ဒီရောဂါကြောင့် ကျောက်ကပ်ထိခိုက်လာတာလား၊ ဒါမှမဟုတ် ကာလသားရောဂါကြောင့် ဒီ၂မျိုးစလုံးကို ထိခိုက်တာလားဆိုတာ မသဲကွဲပါဘူး။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Abercrombie Syndrome (Abercrombies ရောဂါစု) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
- မျက်လုံးမှာ ဘက်တီးရီးယား ပိုးဝင်ခြင်းဟာ ဖြစ်နိုင်ခြေ ရှိပါတယ်။ သုတေသီတွေဟာ အာဟာရဓါတ် ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်တယ်လို့လည်း ထောက်ပြကြပါတယ်။ ဒါ့အပြင် amyloid ပြသနာကို hyaline စိမ့်ဝင်ခြင်းကြောင့် လို့လည်း ယူဆကြပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Abercrombie Syndrome (Abercrombies ရောဂါစု) ကို ဘယ်လိုအတည်ပြုပါသလဲ
ဒီရောဂါရှိပြီလို့ သံသယရှိတယ် စိမ်းသပ်မှုတွေ သေသေချာချာ လုပ်ပါလိမ့်မယ်။
အောက်ပါ စစ်ဆေးမှုတွေ ပြုလုပ်ပါမယ်။
- Amyloid များ ရှိမရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ အရောင်စစ်ဆေးမှုတွေနဲ့ စမ်းသပ်ပါလိမ့်မယ်။ အိုင်အိုဒငးနဲ့ ဓါတ်ပြုတတ်ပါတယ်။ သေဆုံးပြီးချိန်စစ်ဆေးရာမှာ အိုင်အိုဒင်း ဓါတ်ပြုခြင်းဟာ အသုံးဝင်ပါတယ်။
- အနုစိတ်စစ်ဆေးရာမှာ methylviolet ဒါမှမဟုတ် Gentian violet အရည်ဟာ အသင့်တော်ဆုံးပါပဲ။ ဒီဆိုးဆေးတွေဟာ ပုံမှန်အသားစမှာ အပြာရောင်ထွက်ပြီး amyloid မှာ ပန်းရောင်ထွက်ပါတယ်။ အိုင်အိုဒင်းနဲ့ စမ်းသပ်တဲ့အခါ အထက်ဖော်ပြပါ အရည်များရဲ့ အရောင်တောက်ပမှုထက်ဝက်လောက်ရှိရင် အသုံးဝင်ပါတယ်။
- Amyloid တွေဟာ သူ့ဖာသာဆိုရင်ကို တောက်ပပြီး ကြည်လင်တဲ့ အရောင်အသွေး ရှိနေတတ်ပါတယ်။ မိုက္ကရိုစကုပ်အောက်က အစိတ်အပိုင်းတွေဟာ ကြီးမားနေတတ်ပါတယ်။
Abercrombie Syndrome (Abercrombies ရောဂါစု) ကို ဘယ်လိုကုသပါသလဲ
ကုသမှုဟာ သွေးရဲ့တိုးတက်ကောင်းမွန်မှု၊ အဆိပ်ဓါတ်တွေကို လျင်မြန်စွာ ဖယ်ထုတ်နိုင်မှု စတာတွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ ယုံကြည်ကြပါတယ်။
ဒီရောဂါနဲ့ ဆက်နွယ်နေတဲ့ သွေးအားနည်းခြင်းကို သံဓါတ်နဲ့ တခြားအားဖြည့်ဆေးတွေပေးခြင်းအားဖြင့် သွေးထဲကို အောက်ဆီဂျင်ရရှိနှုန်း များပြားလာစေပါတယ်။ အသီးအရွက် ဓါတ်စာတွေဟာလည်း ရလာဒ်ကောင်းစေပါတယ်။ Echinacea နဲ့ phytolacca, polymnia, stillingia, baptisia, corydalis, yellow dock, burdock, dandelion စတဲ့ဓါတ်များဟာ အသည်းအတွက် ဆေးဝါးဖြစ်စေပါတယ်။ ရလာဒ်ကောင်းတဲ့အချိန်မှာ သူတို့ဟာ ဆက်လက်တည်မြဲနေတာကို တွေ့နိုင်ပါတယ်။ အထွေထွေ အင်အားဖြည့်ဖို့အတွက်ကတော့ glycerophosphates, hydrastis နဲ့ strychnine ကို ရွေးချယ်နိုင်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ခြင်းအတွက် အထောက်အကူ ပြုသလဲ
အာဟာရပြည့်ဝတဲ့ အစားအစာတွေစားပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ကိုယ်တွင်းအင်္ဂါတွေ ရင့်ရော်ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။