backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း )


Dr. K Zin Thwe မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ကဘာလဲ။

ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းသည် ဝမ်းဗိုက်ကို အနာတရဖြစ်ခြင်းနှင့် တုံးသော ချွန်ထက်သောအရာများနှင့် ဝမ်းဗိုက်အတွင်းရှိအင်္ဂ ါများကို ထိခိုက်မိခြင်းတို့ပါဝင်သည်။

ထိုသို့ဖြစ်လျှင် အဖြစ်များသော လက္ခဏာများမှာ- ဗိုက်နာခြင်း၊ တောင့်တင်းနေခြင်း၊ ဝမ်းဗိုက်ပေါ်တွင် သွေးခြေဥခြင်းတို့ဖြစ်သည်။

ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရပါက သွေးထွင်ခြင်းနှင့် ရောဂါပိုးဝင်ခြင်းတို့ဖြစ်နိုင်ပါသည်။ အသံလှိုင်းဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်များရိုက်ခြင်း၊ ဝမ်းဗိုက်အတွင်းကို ဆေးခြင်း၊ ခွဲစိတ်ခြင်း စသည့်နည်းများဖြင့် သိရှိနိုင်ပါသည်။ ရင်ဘတ်အောက်ပိုင်းကို ထိခိုက်မိလျှင် ဘေလုံးနှင့် အသည်းတို့ဒဏ်ရာရနိုင်ပါသည်။

Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းသည်ဝမ်းဗိုက်ကို အနာတရဖြစ်ခြင်းကြောင့်ဖြစ်ပြီး ထိုသို့မဖြစ်အောင်ကာကွယ်ခြင်းဖြင့် သေဆုံးမှုများကို လျှော့ချနိုင်ပါသည်။ ဖြစ်နိုင်ချေရှိသော အချက်များကို လျှော့ချနိုင်ရန် သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အစောပိုင်းတွင် ရောဂါလက္ခဏာများကို တွေ့ရလေ့မရှိပါ။ အချို့သူများတွင် ရက်အတော်ကြာမှ စပြီးနာကျင်လာတတ်သည်။ မော်တော်ယာဉ်တိုက်မှုများတွင် တိုက်မိသူ၏ဝမ်းဗိုက်တွင် ခါးပတ်ပတ်ရာ တလျှောက်သွေးခြေဥနေသည်ကိုတွေ့ရတတ်ပြီး ယင်းသည်ဝမ်းဗိုက်အတွင်းရှိအင်္ဂ ါများကို ထိခိုက်မိခြင်းနှင့် ဆက်နွယ်နေသော လက္ခဏာဖြစ်သည်။

ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း၏ ကနဦးလက္ခဏာများမှာ ပျို့ခြင်း၊ အန်ခြင်း၊ ဆီးတွင်သွေးပါခြင်းနှင့် ဖျားခြင်းတို့ဖြစ်သည်။ ထို့ပြင် ဒဏ်ရာရခြင်းကြောင့် ဗိုက်နာခြင်း၊ တင်းခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ မာကျောလာခြင်းနှင့် ဗိုက်ထဲတွင် လေသံမကြားရခြင်းတို့ဖြစ်နိုင်သည်။

ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း နှင့် စပ်လျဉ်းပြီး နံရိုးများ၊ ခါးရိုးများ၊ တင်ပါးဆုံရိုးများ ကျိုးခြင်းနှင့် ဝမ်းဗိုက်အတွင်းနံရံတွင် ဒဏ်ရာရခြင်းတို့ဖြစ်နိုင်ပါသည်။

(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

မော်တော်ယာဉ်တိုက်မှုများသည် ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း၏ အဖြစ်များဆုံးအကြောင်းရင်းဖြစ်သည်။ ခါးပတ် ပတ်ခြင်းသည် ခေါင်းနှင့် ရင်ဘတ်ကို ထိခိုက်နိုင်ချေကို လျော့နည်းစေသော်လည်း ဝမ်းဗိုက်အတွင်းရှိ မုန့်ချိုအိတ်နှင့်အူများသည် နောက်ကျိုးရိုးနှင့်ညှပ်မိကာ ဒဏ်ရာရနိုင်ပါသည်။

ကလေးများသည် အားကစားလုပ်ခြင်း၊ ပြေးလွှားခြင်းတို့ကြောင့် ဝမ်းဗိုက်တွင် အများဆုံး ထိခိုက်ဒဏ်ရာရနိုင်ပါသည်။ အားကစားလုပ်ရာမှ အခန့်မသင့်လျှင် ဘေလုံးနှင့် ကျောက်ကပ်တို့ကို ထိခိုက်နိုင်ပါသည်။

ကလေးငယ်များကို ညှင်းပန်းနှိပ်စက်ရာမှ သေကြေခြင်းဖြစ်စဉ်များတွင် ဦးနှောက်ကို ထိခိုက်မိခြင်းကြောင့် သေဆုံးမှုသည် အများဆုံးဖြစ်ပြီး ဗိုက်ကို ထိခိုက်မိခြင်းသည် ဒုတိက အဖြစ်များဆုံးအကြောင်းရင်းဖြစ်သည်။

သေနတ်ဒဏ်ရာများသည် ဓါးထိုးဒဏ်ရာထက်ပိုပြီး ဝမ်းဗိုက်တွင်းအင်္ဂါများကို ထိခိုက်စေပါသည်။ သေနတ်ဒဏ်ရာများတွင် ၉၉% သည် ဝမ်းတွင်းခေါင်း အမြှေးကိုဖောက်ပြီး ဝမ်းဗိုက်တွင်းရှိ အရေးကြီးသောအင်္ဂါများကို ထိခိုက်စေကြောင်းတွေ့ရသည်။

ဖြစ်နိုင်ခြေများ

Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါတို့ဖြစ်လျှင် ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရနိုင်ကြောင်း သံသယရှိပါ။

  • တုံးသောအရာဖြင့် ထိခိုက်မိခြင်း အရှိန်ပြင်းစွာမောင်းနှင်ခြင်း နှင့် ခါးပတ်မပတ်ခြင်း၊ လေအိတ်များမရှိခြင်း။
  • ချွန်ထက်သောအရာများ၊ လက်နက်များနှင့် ထိခိုက်မိခြင်းတွင် သေနတ်၏အရှိန်နှင့် ကြည်ဆန်အမျိုးအစားအပေါ် မူတည်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းအတွက် စစ်ဆေးမှုများမှာ

  • ဓါတ်မှန်ရိုက်ခြင်း
  • အသံလှိုင်းဓါတ်မှန်ရိုက်ခြင်း
  • ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်းတို့ဖြစ်ပါသည်။

အသံလှိုင်းဓါတ်မှန်သည် ဒဏ်ရာကြောင့်ဖြစ်သော ဗိုက်ထဲရှိအရည်များကို ပုံဖော်နိုင်သည်။

ဓါတ်မှန်သည် ထိုးသွင်းဒဏ်ရာ လမ်းကြောင်းနှင့် အနာတွင်ကျန်ရှိသော ပြင်ပမှ အစိတ်အပိုင်းများကို ပုံဖော်နိင်သည်။

ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်းဖြင့် တစ်သျုးများထိခိုက်မိခြင်း နှင့် ဝမ်းဗိုက်ထဲတွင် နာကျင်မှုကိုဖြစ်စေသော အကြောင်းရင်းများကို ပိုမိုတိကျစွာသိနိုင်သည်။ သို့သော် ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်းကို ကလေးများနှင့် ကိုယ်ဝန်ဆောင်များတွင် အသုံးမပြုသင့်ပါ။

အထက်ပါစစ်ဆေးမှုများဖြင့် အဖြေရှာမတွေ့ပါက မှန်ပြောင်းကြည့်ခြင်း၊ ဗိုက်ခွဲခြင်းဖြင့် အဖြေရှာနိုင်ပါသည်။

Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ကို ဘယ်လိုကုသပါသလဲ

ပထဦးစွာ လူနာကို အရေးပေါ်အနေအထားမှကယ်တင်ရန် အသက်ရှုလမ်းကြောင်းများဖွင့်ပေးခြင်း၊ အသက်ရှုခြင်း နှင့် သွေးထွက်ပြီးဒဏ်ရာရနေသော နေရာတွင်သွေးတိတ်အောင်ပြုလုပ်ခြင်းတို့လုပ်ရပေမည်။ တပြိုင်နက်တည်းတွင် ဆရာဝန်က အခြားသောထိခိုက်မိသည့်နေရာများရှိမရှိ ကြည့်ရှုစစ်ဆေးရမည်။

ဝမ်းဗိုက်ထဲရှိ အင်္ဂါများထိခိုက်သွားပါက ခွဲစိတ်မှုများပြုလုပ်ရနိုင်ချေရှိသည်။ အထူးသဖြင့် ချွန်သောအရာများနှင့် ထိုးမိခြင်း၊ ဝမ်းဗိုက်တွင်းရောင်ရမ်း မှုနှင့် သွေးလန့်သော လက္ခဏာများ ရှိပါက ခွဲစိတ်မှုပြုလုပ်ရန်လိုအပ်ပါသည်။

ဝမ်းဗိုက်အားဖွင့်ခွဲခြင်းကို တုံးသောအရာများနှင့် ထိခိုက်မိခြင်း နှင့် ဒဏ်ရာကြီးခြင်း သေစေလောက်အောင် သွေးထွက်လွန်ခြင်း အနေအထားများတွင် ပြုလုပ်ပါသည်။ ထိုသို့ ဗိုက်ဖွင့်ခွဲခြင်း၏ ပထမရည်ရွယ်ချက်မှာ သွေးထွက်စေသောအကြောင်းကို သိကာ သွေးတိတ်စေရန်ဖြစ်ပြီး သွေးတိတ်မှ အခြားသော ဒဏ်ရာများကို လိုအပ်သည်များဆက်ကုနိုင်မည်ဖြစ်သည်။

လူနာ၏ဒဏ်ရာ အတိမ်အနက်အပေါ်မူတည်ပြီး အထူးကြပ်မတ်ကုသမှုများ လိုအပ်လာနိုင်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများကို တတ်နိုင်သလောက်လျော့နည်းစေသင့်သည်။

  • ကားမောင်းနေလျှင် အရက်အလွန်အကျွံမသောက်ပါနှင့်။
  • သင့်ကား အရှိန်ကို ထိန်းပါ။
  • ကလေးများကို လွှတ်မထားဘဲ မိဘများမှ လိုက်ပါစောင့်ရှောက်ပါ။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. K Zin Thwe မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement