backup og meta

ဦးနှောက်အကျိတ်ကို ကုသကာကွယ်ရန် နည်းလမ်းများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးနှောက်အကျိတ်ကို ကုသကာကွယ်ရန် နည်းလမ်းများ

    အခြားကင်ဆာအမျိုးအစားတွေလိုပဲ သေချာပေါက် အန္တရာယ်များတယ်လို့မဆိုလိုပေမယ့်လည်း ဦးနှောက် အကျိတ်ကတော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်နေပါသေးတယ်။ လူတွေဟာ သိပ်မနောက်ကျခင်ကတည်းက ဒီရောဂါကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိရှိထားသင့်ပါတယ်။ ဒါ့ပြင် ကံမကောင်းစွာပဲ ဦးနှောက် အကျိတ်ဖြစ်လာခဲ့မယ်ဆိုရင် ဒါကို ကုသဖို့ သင့်တော်တဲ့ နည်းလမ်းတွေဟာလည်း အရေးကြီးပါတယ်။

    ဦးနှောက်အကျိတ်ဆိုတာ ဘာတွေလဲ။

    ဦးနှောက်အကျိတ်ဆိုတာ အကြောင်းမပြောခင် အကျိတ်ဆိုတာ ဘာလဲဆိုတာ သိသင့်ပါတယ်။

    ပုံမှန်အတိုင်းဆိုရင် ကိုယ်ခန္ဓါအတွင်းက ဆဲလ်တွေဟာ ပွားများတယ်၊ အိုလာတယ်၊ ပြီးတော့ သေဆုံးကြပြီး ဆဲလ်အသင့်တွေက သူတို့နေရာကို ယူကြပါတယ်။ ကင်ဆာဆဲလ်တွေကတော့ ဘယ်တော့မှ မသေကြပါဘူး။ သူတို့ဟာ စုပြုံပြီး ပွားလာကာ ပုံမှန်မဟုတ်တဲ့ တစ်ရှူး အစုအဝေးကြီး ဖြစ်လာကြပါတယ်။ ဒါကို အကျိတ်လို့ ခေါ်ပါတယ်။

    ဦးနှောက်အကျိတ်တွေဟာ ဦးနှောက်ထဲမှာ တည်ရှိပါတယ်။ ဦးနှောက်အကျိတ်တွေဟာ ဦးနှောက်နဲ့ အာရုံကြော စနစ်ကို ဖြစ်စေတဲ့ ဆဲလ်အမျိုးမျိုးက စတင်ဖြစ်ပေါ်လာပါတယ်။ သူတို့ကို စတင်ဖြစ်ပေါ်လာတဲ့ ဆဲလ်ပုံစံကို အမည်ပြုပြီး ခေါ်ဝေါ်ကြပါတယ်။ လူကြီးတွေမှာ အဖြစ်အများဆုံး ဦးနှောက်အကျိတ်တွေကတော့ Gliomas နဲ့ astrocytic အကျိတ်တွေ ဖြစ်ကြပါတယ်။ Astrocytes နဲ့ Glial cells တွေဟာ အာရုံကြောတွေကို ကျန်းမာသန်စွမ်းစေဖို့ အကူအညီပေးပါတယ်။

    ဒုတိယ အဖြစ်အများဆုံးကတော့ meningeal tumours တွေ ဖြစ်ပါတယ်။ ဒီအကျိတ်တွေဟာ ဦးနှောက်နဲ့ ကြောရိုးမကို ဖုံးကွယ်ထားတဲ့ ပါးလွှာတဲ့ တစ်ရှူးဖြစ်တဲ့ ဦးနှောက်မြှေး (meninges) အတွင်းမှာ ဖြစ်ပေါ်တာဖြစ်ပါတယ်။

    ဦးနှောက်အကျိတ်တွေကို ဘယ်လိုကုသရပါမလဲ။

    ဦးနှောက်အကျိတ်လို့ ရောဂါအတည်ပြုလိုက်ပြီဆိုရင် သူတို့ိကို ဖယ်ရှားဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်။

    • ခွဲစိတ်ကုသခြင်း – ဒီပထမ နည်းလမ်းကို ဦးနှောက်အကျိတ်တွေကို ကုသဖို့အတွက် ရွေးချယ်နိုင်ပါတယ်။

    • ကင်ဆာဆေးသွင်းကုသခြင်းနှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း – အခြေအနေ အတော်များများမှာ အကျိတ်ဟာ ခွဲစိတ်ကုသမှုနဲ့ ရောက်ရှိနိုင်ခြင်းမရှိတဲ့ နေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါဆိုရင် အကျိတ်ကို သေးသွားအောင် (သို့) သေသွားအောင် (သို့) ပွားနှုန်းနည်းသွားအောင် ဆရာဝန်တွေက ကင်ဆာဆေးသွင်းကုသခြင်းနှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကို အသုံးပြုကြပါတယ်။

    • တစ်ခါတလေမှာ ဆရာဝန်တွေဟာ အကျိတ်ကိုကုသဖို့ နှစ်နည်းလုံးကို အသုံးပြုကြပါတယ်။ ခွဲစိတ်ကုသမှုကို

    အကျိတ်ကိုဖယ်ရှားဖို့ အသုံးပြုပြီး ကင်ဆာဆေးသွင်းကုသခြင်းနှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကိုတော့ ကျန်ခဲ့တဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားဖို့ အသုံးပြုပါတယ်။

    • ဦးနှောက်အတွင်းဘက်ရောက်နေတဲ့ အကျိတ်တွေ အတွက် ဆရာဝန်တွေက အဆုံးစွန်ဆုံး ဓါတ်ရောင်ခြည်ပမာဏကို အသုံးပြုတဲ့ Gamma knife ကို အသုံးပြုကြပါတယ်။

    အကျိတ် (သို့) ကင်ဆာကုသနည်းတွေဟာ ကျန်းမာရေးကို များစွာ ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်တွေဟာ လူနာတွေကို ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊ ဘေးထွက်ဆိုးကျိုးတွေနဲ့ ဆေးကုသမှုပြီးရင် ပြန်လည်ထူထောင်ဖို့ အစီအစဉ်တွေကို သေချာစွာ ပြောပြထားမှာဖြစ်ပါတယ်။ ပြန်လည်ထူထောင်မှု လုပ်ငန်းမှာတော့ ကျွမ်းကျင်သူ အမြောက်အမြား ပါဝင်မှာဖြစ်ပါတယ်။

    • ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူဟာ အင်အားနဲ့ ညီမျှမှုစတဲ့ ခန္ဓါကိုယ်ပိုင်းဆိုင်ရာ အစွမ်းကို ပြန်လည် ရရှိစေမှာ ဖြစ်ပါတယ်။

    • စကားပြော ကျွမ်းကျင်သူတွေကတော့ စကားပြောခြင်း၊ မြိုချခြင်းနဲ့ တွေးတောခြင်းတို့အတွက် ကူညီပေးမှာဖြစ်ပါတယ်။

    • လုပ်ကိုင်မှုဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေကို ပြုလုပ်ဖို့ ကူညီမှာ ဖြစ်ပါတယ်။

    ဦးနှောက်အကျိတ်ကို ဘယ်လိုကာကွယ်မလဲ။

    • အိပ်ပါ။ လူတွေအိပ်တဲ့အခါမှာ ခန္ဓါကိုယ်က ပျက်စီးသွားတဲ့ ဆဲလ်တွေ ပြုပြင်ဖို့နဲ့ တစ်ရှူးပြန်လည်ကောင်းမွန်ဖို့ ကုသပေးတဲ့ လုပ်ငန်းကို လုပ်ပါတယ်။ ဒါ့ပြင် ပြန်ရည်ကြောစနစ်ဟာ ညအချိန်မှာ ပိုပြီး တက်ကြွပါတယ်။ ဒီစနစ်ဟာ တစ်နေကုန် စုဆောင်းထားတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါ့ကြောင့် အိပ်ရေးမဝခြင်းဟာ ဒီဖြစ်စဉ်ကို ကန့်သတ်ပါတယ်။
    • Frankincense ဆီ (အာဖရိကန် သစ်ပင်တစ်မျိုးမှ ရတဲ့ အမွှေးဆီ)ကို အသုံးပြုပါ။ ယောဂ လုပ်နေစဉ် (သို့) တရားထိုင်နေစဉ် အသက်ရှူသွင်းတဲ့ အခါမှာ Frankincense ဆီကို ရှူပေးခြင်းဟာ ဦးနှောက် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ဦးနှောက်ကျိတ်ကြောင့် သေခြင်းရဲ့ အဖြစ်အများဆုံး အကြာင်းရင်းကတော့ ရောင်ရမ်းနေတဲ့ ဦးနှောက်ကြောင့်ပဲ ဖြစ်ပါတယ်။
    • လေထု အောက်ဆီဂျင် ပါဝင်နှုန်းကို ၁၀၀ ရာခိုင်နှုန်းထိ တိုးမြှင့်ထားသော မှန်ပေါင်းချောင်တွင်း အောက်ဆီဂျင်ကုသမှု ခံယူခြင်း( Hyperbaric oxygen therapy) ကိုယူပါ။ ယင်းနည်းလမ်းဟာ ကုသမှု (သို့) ဆေးတွေကြောင့်ဖြစ်စေတဲ့ အပျက်အစီးတွေကို ပြောင်းပြန်ဖြစ်စေပါတယ်။ သူဟာ သွေးကြောအသစ်ကို ဖြစ်စေပြီး အာရုံကြော ထိခိုက်မှုကို ပြန်လည်တည် ဆောက်ပေးကာ သွေးသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ ဒီကုသမှုကို ယူတဲ့ ငယ်ရွယ်သူတွေမှာ ဦးနှောက်အကျိတ်နဲ့ ဦးနှောက်ကင်ဆာ ရရှိမှုနှုန်း နည်းပါးပါတယ်။
    • အစားအသောက်စားတဲ့ ပုံစံကို ဂရုစိုက်ပါ။ လူတွေဟာ အသီးအရွက်ပါဝင်တဲ့ အကျိတ်တွေကို တိုက်ထုတ်နိုင်စွမ်းရှိတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ ပြီးတော့ လုံလောက်တဲ့ ကယ်လိုရီ၊ ပရိုတင်း၊ ကျန်းမာတဲ့ အဆီနဲ့ နည်းပါးတဲ့ ကာဘိုရိုက်ဒရိတ်ကို စားသုံးသင့်ပါတယ်။

    ကွန်ပျူတာ နဲ့ဖုန်းကဲ့သို့သော လျှပ်စစ်ပစ္စည်းတွေကို သတိထားပါ။ လျှပ်စစ်သံလိုက်စက်ကွင်းဟာ အကျိတ်နဲ့ ကင်ဆာရရှိနှုန်းကို မြင့်တက်စေပါတယ်။

    အကျိတ် (သို့) ကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ကျစေတဲ့ အရာအများအပြား ရှိပါတယ်။ ဒါပေမယ့် ဦးနှောက်အကျိတ်ရရှိခဲ့မယ်ဆိုလည်း မကြောက်ရွံ့သင့်ပါဘူး။ ထိရောက်တဲ့ ကုသမှုတွေ ရှိနေပါပြီ။ လိုအပ်တာက ကျန်းမာတဲ့ လူနေမှုဘဝပုံစံနဲ့သာ နေထိုင်ရန်ဖြစ်သည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement