backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဦးနှောက်သို့ကင်ဆာပျံ့နှံ့ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဦးနှောက်သို့ကင်ဆာပျံနှံခြင်း ဆိုတာ ဘာလဲ။

ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း ဆိုသည်မှာ ခန္ဓါကိုယ်ရှိ အခြားအင်္ဂါများမှ

စဖြစ်လာသော ကင်ဆာသည် ဦးနှောက်သို့ ပျံနှံလာခြင်းကို ခေါ်ပါသည်။ ဦးနှောက်အသားမှ စဖြစ်သော ကင်ဆာ (ဦးနှောက်ကင်ဆာ) မဟုတ်ပါ။ ဤသည်ကို အများစု ရောထွေးကြပါသည်။ ဥပမာ အားဖြင့် အဆုတ်ကင် ဆာသည် ဦးစွာ အဆုတ်၏ အသားတွင် စတင်၍ ဖြစ်ပွားပါသည်။ ထိုကင်ဆာအကျိတ်မှ ကင်ဆာဆဲလ်များ သည် သွေးကြော သို့မဟုတ် ပြန့်ရည်ကြော မှတစ်ဆင့် ဦးနှောက် အပါအဝင် အခြားသော ကိုယ်တွင်း အင်္ဂါများသို့ ရောက်ရှိနိုင်ပါသည်။ အခြားသော ကိုယ်တွင်းအင်္ဂါများသို့ ရောက်ရှိသော်လည်း သေချာစွာ စစ်ဆေးကြည့်ပါက မူလဖြစ်ပွားသော နေရာရှိ ကင်ဆာဆဲလ်များကိုသာ တွေ့ရှိရမည်ဖြစ်ပါသည်။ (ကိုယ်တွင်း ကလိစာများ၏ ဆဲလ်ဖွဲ့စည်းပုံသည် အင်္ဂါတစ်ခုနှင့် တစ်ခုမတူညီ သကဲ့သို့ ယင်းပုံမှန်ဆဲလ်များမှ ပြောင်းလဲသွားသော ကင်ဆာဆဲလ်များသည်လည်း

မတူညီပါ။ ထိုကြောင့် ဦးနှောက်သို့ အဆုတ် ကင်ဆာဆဲလ်များ ပျံနှံပါက အဆုတ်ကင်ဆာဆဲလ်များ၏ ပုံရိပ်ကိုသာ တွေ့ရမည်ဖြစ်ပါသည်။)

ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း သည် အတွေ့ရများသော ရောဂါဖြစ်ပါသလား။

ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း၏ ဖြစ်ပွားနှုန်းကို တိကျစွာ မသိရပါ။ လေ့လာတွေ့ရှိမှု့များ အရ ကင်ဆာလူနာများ၏ ၁၀-၃၀ ရာနှုန်းတွင် တွေ့ရှိရပါသည်။ ပိုမိုသိရှိလိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

ရောဂါလက္ခဏာများ

ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း၏ ရောဂါ လက္ခဏာများကို ဖော်ပြပါ။

ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း၏ ရောဂါ လက္ခဏာများမှာ

· ခေါင်းကိုက်ခြင်း။ တစ်ခါတစ်ရံတွင် ပျို့ခြင်း၊ အန်ခြင်းတို့ပါ ဖြစ်တတ်

· စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု့။ ဥပမာ။ မှတ်ဉာဏ်ပြဿနာများ ပိုမိုဖြစ်လာခြင်း

· တက်ခြင်း

· မူးဝေခြင်း

ဤရောဂါ၏ လက္ခများသည် ကင်ဆာအကျိတ်၏ အရွယ်အစား၊ အရေအတွက်၊ တည်နေရာနှင့် ကြီးထွားနှုန်းပေါ်တွင် မူတည်ပါသည်။

အထက်ပါ လက္ခဏာများတွင် မပါရှိသော အခြားလက္ခဏာများလည်း ရှိနေနိုင်ပါသေးသည်။ သင့်အနေဖြင့် ရောဂါလက္ခဏာများနှင့်

ပတ်သက်ပြီး ပိုမိုသိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နှင့် တွေ့ဆံြုပသ ရမလဲ။

သင့်တွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ရှိ၍သော်လည်းကောင်း၊ မေးမြန်းလိုသည်များ ရှိ၍သော်လည်းကောင်း ဆရာဝန်နှင့် တွေ့ ဆုံ ဆွေးနွေးပါ။ လူတစ်ဦးနှင့် တစ်ဦး တုန့်ပြန့်ုခြင်း တူညီမည်မဟုတ်ပါ။ ထို့ကြောင့် သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိရန် ဆရာဝန်နှင့်

တွေ့ဆုံဆွေးနွေးပါ။

အကြောင်းရင်းများ

ဦးနှောက်သို့ ကင်ဆာပျံနှံခြင်းကို ဘာတွေက ဖြစ်စေသလဲ။

ဦးနှောက်သို့ ကင်ဆာပျံနှံခြင်းဆိုသည်မှာ ကင်ဆာဆဲလ်များသည်

မူလစတင်ဖြစ်ပွားသော အကျိတ်မှသည် သွေးကြော သို့မဟုတ် ပြန့်ရည်ကြော များမှတစ်ဆင့် ဦးနှောက်ဆီသို့ ရောက်ရှိပျံနှံလာခြင်းကို ခေါ်ပါသည်။ ထိုသို့ ကင်ဆာဆဲလ်များ ရောက်ရှိလာသည့် အခါတွင်

စတင်၍ အကျိတ်များ ပွားများပါသည်။ သို့သော်ယင်းကို ဦီးနှောက် ကင်ဆာဟု မခေါ်ဘဲ နဂိုမူလ ကင်ဆာ၏ အမည်ဖြင့်သာ ခါ်ပါသည်။ ဥပမာအားဖြင့် ရင်သားကင်ဆာမှ ဦးနှောက်သို့ ပျံနှံနေပါက (ဦးနှောက်တွင် ကင်ဆာအကျိတ်များ ဖြစ်နေသော်လည်း) ပျံနှံနေသော ရင်သားကင်ဆာ ဟုသာ ခေါ်ပြီး ဦးနှောက်ကင်ဆာဟု မခေါ်ပါ။

ထိုသို့ ဦးနှောက်သို့ ကင်ဆာပျံနှံပုံနှင့် ပက်သက်ပြီး လေ့လာတွေ့ရှိချက်

များစွာရှိပါသည်။ ဥပမာအားဖြင့် အဆုတ်ကင်ဆာ၏ ကနဦး အဆင့်မှာပင် ဦးနှောက်သို့ ပျံနှံပြီး ရင်သားကင်ဆာမှာမူ အတော်နောက်ကျမှ ဦးနှောက်သို့ ပျံနှံပါသည်။

ဖြစ်ပွားမှု့နှုန်းကို မြင့်မားစေသော အကြောင်းများ

ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း ကိုပိုမို ဖြစ်ပွား စေနိုင်သော အကြောင်းရင်း များကို ဖော်ပြပါ။

ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း ကိုပိုမိုဖြစ်ပွားစေနိုင်သော

အကြောင်းရင်းများမှာ

  • အဆုတ်ကင်ဆာ
  • ရင်သားကင်ဆာ
  • အူမကြီး ကင်ဆာ
  • ကျောက်ကပ်ကင်ဆာ
  • မှဲ့ကင်ဆာ (အရေပြားကင်ဆာ တစ်မျိုး)

ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း

ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း ကို ဘယ်လို ရောဂါ ရှာဖွေ အတည်ပြုသလဲ။

သင်တွင် ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း ကို သံသယရှိပါက ဆရာဝန်မှ အောက်ပါ စစ်ဆေးမှု့များကို လုပ်ဆောင်မည် ဖြစ်ပါသည်။

ဦးနှောက်အာရုံကြော စနစ်ကို စစ်ဆေးခြင်း။ ။ဤစစ်ဆေးမှု့တွင်

အမြင်အာရုံ၊ အကြားအာရုံ၊ ခန္ဓါကိုယ် မျှခြေထိန်းသိမ်းမှု့၊ လိုက်လျောညီထွေ လုပ်ဆောင်နိုင်မှု့၊ ကြွက်သားအားနှင့် အလိုအလျောက် ရုတ်တရက် တုန့်ပြန်မှု့ စသည်တို့ကို စစ်ဆေးမည် ဖြစ်ပါမည်။ ခန္ဓါကိုယ်တွင်း တစ်နေရာထက်ပို၍ ဦးနှောက်အကျိတ်၏

သက်ရောက်မှု့များ ရှိ ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း၏ သဲလွန်စပင် ဖြစ်ပါသည်။

ပုံရိပ်ဖော် စစ်ဆေးခြင်း။ ။ သံလိုက်လှိုင်းများဖြင့် ပုံရိပ်ဖော်စစ်ဆေးခြင်း (MRI) သည် ဦးနှောက်သို့ ကင်ဆာပျံနှံသော အကျိတ်များကို

ရှာဖွေရာတွင် အများဆုံးအသုံးပြုကြပါသည်။ လက်မောင်းမှ သွေးပြန်ကြောထဲသို့ အရောင်ပါသော အရည်တစ်မျိုးကို ထိုးသွင်းပြီး (MRI) စစ်ဆေးပါသည်။ MRI စစ်ဆေးမှု့တွင် functional MRI, perfusion MRI နှင့် magnetic resonance spectroscopy စသော နည်းလမ်း များကို အသုံးပြုပြီး ရောဂါရှာဖွေရန်နှင့် ရောဂါကုသနည်းများကို ကြိုတင်ပြင်နိုင်ပါသည်။ အခြားသော ပုံရိပ်ဖော် နည်းပညာများဖြစ်သော ကွန်ပြူတာ ဓါတ်မှန် (CT) နှင့် positron emission tomography

(PET) စသည်တို့ကိုလည်း သုံးစွဲကြပါသည်။ ဥပမာ။ ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း အတွက် ရင်ဘက်ကို ကွန်ပြူတာ ဓါတ်မှန်ရိုက်ပြီး

အဆုတ် ကင်ဆာရှိမရှိကို စစ်ဆေးကြည့်နိုင်ပါသည်။

အသားစယူ စစ်ဆေးခြင်း။ ။ အသားစယူ စစ်ဆေးခြင်းကို ဦးနှောက်အ ကျိတ်ကို ခွဲစိတ်ဖြတ်ထုတ် ကုသရာတွင် တပါတည်း စစ်ဆေးနိုင်သလို အခေါင်းပေါက်ပါသော အပ်ဖြင့်လည်း အသားစယူ စစ်ဆေးနိုင်ပါသည်။ ထို့နောက်ယင်း အသားစ နမူနာကို အဏုကြည့်မှန်ပြောင်းနှင့် ကြည့်ပီး ကင်ဆာအကျိတ် ဟုတ်မဟုတ်၊ ဦးနှောက်ကင်ဆာနှင့် ဦးနှောက်သို့

ကင်ဆာပျံနှံခြင်းကို ခွဲခြား သိရှိနိုင်ပါသည်။ ဤအချက်အလက်များသည် ရောဂါအတည်ပြုခြင်း၊ ပြန်ကောင်းနိုင်စွမ်းကို တွက်ချက်ခြင်းနှင့် ရောဂါကုသမှု့ နည်းလမ်းများကို ရွေးချယ်ရာတွင် အထောက်အကူ ပြုပါသည်။

ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း ကို ဘယ်လို ကုသလဲ။

ရောဂါစစ်ဆေး အတည်ပြုခြင်းနှင့် ကုသခြင်းကို ဆောလျင်စွာ ပြုလုပ်နိုင် ပါက ဦးနှောက်သို့ ကင်ဆာပျံနှံခြင်းသည် ကုသမှု့ကို ကောင်းစွာ တုန့်ပြန် ပါသည်။ ကုသမှု့များဖြင့် ရောဂါလက္ခဏာများကို ပျောက်ကင်းစေခြင်း၊

အကျိတ်ကြီးထွားမှု့ကို နှေးကွေး စေခြင်းနှင့် အသက် ရှည် စေ နိုင်ပါသည်။ ကုသရန် ရွေးချယ်နိုင်သည့် နည်းလမ်းများမှာ ဆေးဝါးများဖြင့် ကုသခြင်း၊ ခွဲစိတ်ခြင်း၊ stereotactic radiosurgeryနည်းဖြင့် ကုသခြင်း၊

ဓါတ်ရောင်ခြည်ပေး ကုသခြင်းနှင့် ဖော်ပြပါ နည်းလမ်းမျာကို စုပေါင်း ကုသခြင်းတို့ ပြုလုပ်နိုင်ပါသည်။ အချို့လူနာများတွင် ကင်ဆာဆေး သွင်း ကုသခြင်းနှင့် ဟော်မုန်းဆေးများနှင့် ကုသခြင်းတို့ကို သုံးနိုင်ပါသည်။

ကုသမှု့ကို ရွေးချယ်ခြင်းသည် အကျိတ်၏ အရွယ်အစား၊ အရေအတွက်၊ တည်နေရာများ၊ ရောဂါလက္ခဏာများ၊ လက်ရှိကျန်းမာရေး အခြေအနေ နှင့် အခြားအကြောင်းအရာများပေါ်တွင် မူတည်ပါသည်။ သင့်အတွက် အကောင်းဆုံး ကုသမှု့ကို ရွေးချယ်နိုင်ရန် သင်၏ ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ပါ။

ဆေးဝါးများဖြင့် ကုသခြင်း

ကော်တီကို စတီးရွိုက် ပမာဏများများ ပေးခြင်းသည် ကင်ဆာအကျိတ် ၏ ယောင်ယမ်းမှု့ကို သက်သာစေပြီး ဦးနှောက်အာရုံကြောဆိုင်ရာ လက္ခဏာ များကို သက်သာစေပါသည်။

ခွဲစိတ်ကုသခြင်း

ခွဲစိတ်ကုသခြင်းတွင် ဦးနှောက်ရှိပျံနှံနေသော ကင်ဆာအကျိတ်မှာ ခွဲစိတ် ဖြတ်တောက်ထုတ်ရန် လွယ်ကူပါက သင်၏ဆရာဝန်မှ ဖြစ်နိုင်သလောက် ဖယ်ရှားပေးပါလိမ့်မည်။ ထို့သို့ တစ်စိတ်တပိုင်းကို ဖယ်ရှားခြင်းအားဖြင့် ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါသည်။

ဦးနှောက်ကို ခွဲစိတ်ခြင်းသည် ဘေးထွက်ဆိုးကျိုး များနိုင်ပါသည်။ ဥပမာ။ ဦးနှောက်အာရုံကြောဆိုင်ရာ ချို့ယွင်းချက် ဖြစ်လာခြင်း၊ ပိုးဝင် ခြင်းနှင့် သွေးထွက်များခြင်းတို့ ဖြစ်နိုင်ပါသည်။ ထို့ပြင် အကျိတ်၏ တည်နေရာ ပေါ် မူတည်ပြီး အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်နိုင်ခြေ ရှိပါသည်။ ဥပမာ။ မျက်စိနှင့်နီးသော အာရုံကြောနားရှိ အကျိတ်ကို ခွဲစိတ်ပါက မျက်စိကွယ်သွား နိုင်ပါသည်။

ဓါတ်ရောင်ခြည်ပေး ကုသခြင်း (ဓါတ်ကင်ခြင်း)

ဓါတ်ကင်ခြင်းတွင် X-rays ကဲ့သို့ စွမ်းအားမြင့် ရောင်ခြည်တန်းကို ကင်ဆာ ဆဲလ်များ သေရန်အတွက် သုံးပါသည်။ ဦးနှောက်သို့ ကင်ဆာပျံနှံခြင်းကို

ကုသရန် အောက်ပါ နည်းများကို အသုံးပြုပါသည်။

Whole-brain radiation – ဦးနှောက်တစ်ခုလုံးကို ဓါတ်ရောင်ခြည်ပေး ကုသခြင်း ဖြစ်ပါသည်။ ကြာမြင့်ချိန် ၂-၃ ပတ်အတွင်း ၁၀-၁၅ ကြိမ်ခန့် ကုသမှု့ ခံယူရမည် ဖြစ်ပါသည်။ ဘေးထွက် ဆိုးကျိုးများအနေဖြင့် မောပန်းလွယ်ခြင်း၊ ပျို့ခြင်းနှင့်၊ ဆံပင်ကျွတ်ခြင်း တို့ ဖြစ်နိုင်ပါသည်။ ရေရှည်တွင်မူ ယင်းကုသမှု့သည် ဦးနှောက်စွမ်းရည်ကို ထိခိုက်နိုင်ပါသည်။

Stereotactic radiosurgery – SRS ဟု အတိုခေါ်သော ဤကုသနည်းတွင် ရောင်ခြည်တန်း တစ်ခုစီသည် စွမ်းအားမများ လှသော်လည်း ယင်းရောင်ခြည် တန်းများကို ဦးနှောက်အကျိတ် ရှိရာသို့ ချိန်၍ ပေးခြင်းဖြင့် လိုအပ်သော နေရာတွင်သာ ကင်ဆာဆဲလ်များကို သေစေနိုင်သော ရောင်ခြည်ပြင်းအားကို ဖြစ်ပေါ်စေပါသည်။ SRS ကို

အများအားဖြင့် တစ်ကြိမ်တည်းနှင့် ကင်ဆာအကျိတ်များစွာကို တပြိုင်နက် ကုသနိုင်ပြီး အများဖြင့် ကုသမှု့ပြီးချိန်တွင် (ဆေးရုံတက်ရန် မလိုဘဲ) အိမ်ပြန်နိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးများမှာ ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ မူးဝေခြင်းတို့ ဖြစ်စေနိုင် ပါသည်။ ရေရှည်မှတ်ဉာဏ် ထိခိုက်မှု့တွင် ဦးနှောက်တစ်ခုလုံး ဓါတ်ရောင်ခြည်

ပေးကုသခြင်းထက် ဆိုးကျိုး နည်းပါးပါသည်။

လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းက ဆရာဝန်များ၊ သုတေသီများသည် ယင်းကုသမှု့ ၂ မျိုးကို ပိုမိုနားလည်လာပြီး လူနာများ၏ အသက်ရှင်နိုင် စွမ်း၊ ဦးနှောက်ဉာဏ်ရည်နှင့် အရည်အသွေးပြည့်မှိသော ဘဝကို

မြင့်တင်နိုင်ခဲ့ပါသည်။ အထက်ပါ နည်းလမ်း ၂ခုမှ မည်သည့်နည်းကို

သုံးရန်သင့်တော်သည်ကို ဆရာဝန်မှ သင်နှင့်သင့်တော်မည့် နည်းလမ်းကို

ဆုံးဖြတ်ပေးပါလိမ့်မည်။

ပြန်လည်သန်စွမ်းရေး ကုသမှု့

ဦးနှောက်သို့ ကင်ဆာပျံနှံခြင်းမှာ လှုပ်ရှားခြင်း၊ စကားပြောခြင်း၊ အမြင်နှင့် အတွေးအာရုံများကို ထိန်းချုပ်သော ဦးနှောက် အစိတ်အပိုင်းများတွင် အကျိတ်များ ဖြစ်ပွားပါက ပြန်လည်ကောင်းမွန်ရန်အတွက် ပြန်လည် သန်စွမ်းရေး ကုသမှု့မှာ လိုအပ်ပါသည်။ ဆရာဝန်မှ လိုအပ်သလို အောက်ပါအတိုင်း ညွန်းဆိုပါလိမ့်မည်။

· ကြွက်သားအားများ လေ့ကျင့်ခြင်းနှင့် ဆုံးရှုံးသွားသော ကြွက်သား လှုပ်ရှား မှု့များ အတွက် ကိုယ်ကာယပိုင်းဆိုင်ရာ ကုသမှု့

· နေ့စဉ် လုပ်ငန်းဆောင်တာများ ပြန်လည် လုပ်ဆောင်နိုင်ရေးအတွက် Occupational therapy

· စကားပြောဆိုမှု့ ထိခိုက်သွားသူများအတွက် Speech therapy

အထောက်အကူပြု စောင့်ရှောက်မှု့

အထောက်အကူပြု စောင့်ရှောက်မှု့မှာ အများအားဖြင့် ပြင်းထန်သော နာမကျန်းဖြစ်ခြင်းနှင့် နာကျင်ခြင်းများကို သက်သာစေရန် အဓိက ထားခြင်း ဖြစ်ပါသည်။ အများအားဖြင့် အထောက်အကူပြု စေသော ကုသမှု့သာ ဖြစ်ပါသည်။ (ရောဂါပျောက်ကင်းစေရန် မဟုတ်ပါ။)

အထောက်အကူပြု စောင့်ရှောက်မှု့တွင် သမားတော်များ၊ စိတ်ရောဂါ အထူးကုများ၊ စိတ်ပိုင်းဆိုင်ရာ စောင်ရှောက်ပေးသူများနှင့် ဆေးလူမှု လုပ်သားများ ပါဝင်ပါသည်။ ယင်းအဖွဲ့ဝင်များသည် လူနာနှင့် လူနာမိသားစု အဆင်ပြေစေရန် ကူညီပေးပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ

လူူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဦးနှောက်သို့ ကင်ဆာ ပျံနှံ ခြင်းကို ကုသရာမှာ ဘယ်လိုအ ထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်

ဦးနှောက်သို့ ကင်ဆာပျံနှံခြင်းကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း – သင့်၏ဆရာဝန်မှ

သဘောတူပါက လမ်းလျောက်ခြင်း၊ ယောဂကျင့်ခြင်းနှင့် ထိုက်ကျိကဲ့သို့သော ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ လုပ်နိုင်ပါသည်။

စိတ်ဖိစီးမှု့များကို ထိန်းချုပ်ခြင်း – နေ့စဉ်လှုပ်ရှားမှု့ ဘဝတွင် စိတ်ဖိစီးမှု့များကို လျော့ချပါ။ ကြွက်သားများကို ဖြေလျော့ပေးခြင်း၊ တရားထိုင်ခြင်း စသော နည်းလမ်းများကို ပြုလုပ်နိုင်ပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့

အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊

ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement