backup og meta

ပါနစ်ရှက်သွေးအားနည်းရောဂါအပေါ် ရှုမြင်သုံးသပ်ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပါနစ်ရှက်သွေးအားနည်းရောဂါအပေါ် ရှုမြင်သုံးသပ်ချက်

    ပါနစ်ရှက်သွေးအားနည်းရောဂါဆိုတာဘာလဲ။

    ခန္ဓါကိုယ်က ဗီတာမင်B12 အလုံအလောက်မရှိတာကြောင့် ကျန်းမာတဲ့ သွေးနီဥတွေ မထုတ်နိုင်တော့သော ရောဂါဖြစ်ပါတယ်။

    ဗီတာမင်B12 ကို အစားအစာအချို့မှာ တွေ့ရှိနိုင်ပါတယ်။ ခန္ဓါကိုယ်က ထိုဗီတာမင်ကို ကျန်းမာတဲ့ သွေးနီဥတွေ ထုတ်ဖို့နဲ့ အာရုံကြောပုံမှန်အလုပ်လုပ်နေစေဖို့ လိုအပ်ပါတယ်။

    ပါနစ်ရှက်သွေးအားနည်းရောဂါရှိတဲ့သူတွေဟာ အစားအစာတွေကနေ ဗီတာမင်B12ကို လုံလောက်စွာ မစုပ်ယူနိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အစာအိမ်ကနေ ထုတ်လုပ်ပေးသော ပရိုတင်းတစ်မျိုးဖြစ်တဲ့ Intrinsic factor မရှိလို့ပဲဖြစ်ပါတယ်။ ထိုပရိုတင်းမရှိခြင်းကြောင့် ဗီတာမင်B12 ချို့တဲ့လာရပါတယ်။

    အခြားကျန်းမာရေးအခြေအနေတွေနဲ့ အချက်တွေကလည်း ဗီတာမင်B12ချို့တဲ့စေပါတယ်။ ဥပမာတွေကတော့ ပိုးဝင်ခြင်း၊ ခွဲစိတ်မှု၊ ဆေးဝါးတွေနဲ့ အစာစားမှုပုံစံတွေပဲဖြစ်ပါတယ်။ ပါနစ်ရှက်သွေးအားနည်းရောဂါဆိုတာ Intrinsic factor မရှိသောကြောင့် ဗီတာမင်B12ချို့တဲ့ခြင်းကို ဆိုလိုတာပါ။ အခြားအကြောင်းအရင်တွေကြောင့် ဗီတာမင်B12ချို့တဲ့ခြင်းကိုလည်း ပါနစ်ရှက်သွေးအားနည်းရောဂါလို့ခေါ်နိုင်ပါတယ်။

    ယခုဆောင်းပါးဟာ Intrinsic factor မရှိခြင်းနှင့် အခြားအကြောင်းအရင်းတွေကြောင့်ဖြစ်သော ပါနစ်ရှက်သွေးအားနည်းရောဂါအကြောင်းကို ဆွေးနွေးမှာပါ။

    ယေဘုယျသုံးသပ်ချက်

    ထိုရောဂါဟာ သွေးအားနည်းရောဂါအမျိုးအစားတစ်ခုပါပဲ။ သွေးအားနည်းရောဂါဆိုတာဟာ သွေးထဲမှာ ကျန်းမာတဲ့ သွေးနီဥတွေ ပုံမှန်ထက်နည်းနေတာကို ဆိုလိုတာပါ။ ပါနစ်ရှက်ရောဂါမှာတော့ ဗီတာမင်B12 အလုံအလောက်မရှိတာကြောင့် ကျန်းမာတဲ့ သွေးနီဥတွေ မထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။

    သွေးနီဥတွေဟာ မူလအတိုင်း မပွားများတော့ပဲ အလွန်ကြီးလာကြပါတယ်။ ရိုးတွင်းခြင်ဆီအတွင်းကနေ ထွက်ရခက်ခဲလာပါတော့တယ်။ ရိုးတွင်းခြင်ဆီဆိုတာ အရိုးထဲမှာရှိတဲ့ သွေးဆဲလ်တွေ ထုတ်လုပ်ပေးသော ရေမြှုပ်ပုံစံတစ်ရှုးဖြစ်ပါတယ်။

    အောက်စီဂျင်သယ်ပေးဖို့ သွေးနီဥအလုံအလောက်မရှိတော့တာကြောင့် ပင်ပန်းနွမ်းနယ်ပြီး အားနည်းလာပါမယ်။ ပြင်းထန်သော ဒါမှမဟုတ် အချိန်ကြာသော ပါနစ်ရှက်သွေးအားနည်းရောဂါဟာ ဦးနှောက်၊နှလုံးနဲ့ ခန္ဓါကိုယ်အတွင်းရှိ ကလီစာတွေကို ပျက်စီးစေပါတယ်။

    အာရုံကြောပျက်စီးခြင်း၊ အာရုံကြောဆိုင်ရာပြဿနာများနှင့် အစာခြေစနစ်ဆိုင်ရာ ပြဿနာလိုမျိုး အခြားချို့ယွင်းမှုတွေလည်း ဖြစ်စေမှာပါ။ အရိုးကြံခိုင်မှုနည်းခြင်းနဲ့ အစာအိမ်ကင်ဆာတို့ ခံစားရနိုင်ခြေလည်း မြင့်မားသွားနိုင်ပါတယ်။

    ရှုမြင်သုံးသပ်ချက်

    “ပါနစ်ရှက်(Pernicious)” ဆိုတာ “သေစေနိုင်လောက်သော” ကို ဆိုလိုတာပါ။ ဘာကြောင့်လဲဆိုတော့ ဗီတာမင်B12ကုသနည်း မပေါ်ခင်တုန်းက သေကြတာများလို့ဖြစ်ပါတယ်။ အခုတော့ ပါနစ်ရှက်သွေးအားနည်းရောဂါဟာ ဗီတာမင်B12 သောက်ဆေး ဒါမှမဟုတ် ထိုးဆေးတွေနဲ့ လွယ်လွယ်ကူကူ ကုသနေနိုင်ပါပြီ။

    မှန်ကန်တဲ့ကုသနည်းတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေနဲ့ဆိုရင် ပြန်ကောင်းနိုင်ကြပြီး နေရထိုင်ရအဆင်ပြေကာ ပုံမှန်ဘဝတစ်ခုကို ရရှိနိုင်ကြမှာပါ။

    မကုသဘူးဆိုရင်တော့ ထိုရောဂါဟာ ဦးနှောက်၊ အာရုံကြောနဲ့ ခန္ဓါကိုယ်အခြားအစိတ်အပိုင်းတွေကို ကြီးမားတဲ့ ပြဿနာတွေပေးနိုင်ပါတယ်။ အဲ့ထဲကအချို့က တစ်သက်လုံးတည်မြဲသွားတတ်ပါတယ်။

    ပါနစ်ရှက်သွေးအားနည်းရောဂါ၏ အခြားအမည်များ

    “macrocystic” ဒါမှမဟုတ် “megaloblastic” သွေးအားနည်းရောဂါတွေထဲက တစ်ခုပါပဲ။ ထိုစကားလုံးတွေရဲ့ အဓိပါယ်ကတော့ ပုံမှန်ထက်ကြီးနေသော သွေးနီဥတွေပဲဖြစ်ပါတယ်။ (Folic acid ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်)

    Intrinsic factor မထုတ်အောင် နှောက်ယှက်သော မွေးရာပါရောဂါတစ်မျိုးဟာ ကလေးတွေမှာ ရှားရှားပါးပါး ပါလာတတ်ပါတယ်။ ထိုအခြေအနေကို မွေးရာပါ ပါနစ်ရှက်သွေးအားနည်းရောဂါလို့ ခေါ်နိုင်ပါတယ်။

    ဗီတာမင်B12ချို့တဲ့ခြင်းကို ကိုဘက်လမင်းချို့တဲ့ခြင်းနဲ့ အာရုံကြောမကြီးရောဂါလို့လည်း ခေါ်နိုင်ပါသေးတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement