backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

diverticulosis


Dr.Nyan Linn မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

diverticulosis ကဘာလဲ။

Diverticulosis ဆိုတာ အူမကြီး နံရံမှာ အိတ်ကလေးများဖြစ်ပေါ်လာ တဲ့ အခြေအနေဖြစ်ပါတယ်။ ထိုအိတ်လေးများဟာ ၅-၁၀ မီလီမီတာ ထိ သေးငယ်လေ့ရှိပါတယ်။ တစ်ခါတစ်ရံ ထိုထက် ကြီးနိုင်ပါတယ်။

ထိုအိတ်ကလေးများဟာ ရောင်ရမ်းခြင်းမရှိပါက မည်သည့် လက္ခဏာ နာကျင်မှုမှ မပြတတ်ပါ။ ရောင်ရမ်းခြင်းနဲ့ နာကျင်မှုရှိလာပါက Painful diverticular disease or diverticulitis ဟုခေါ်ပါတယ်။ Diverticulosis

ရှိသော လူ ၁၀၀ တွင် ၈၀ လောက်မှာ Diverticulitis လုံဝမဖြစ်တတ်ပါဘူး။ ဒီဝေဒနာရှင် တော်တော်များများမှာ အခြားသော ရောဂါဝေဒနာ တစ်ခုခုအတွက် စမ်းသပ်ရှာဖွေမှုများ ပြုလုပ်မှသာ Diverticulosis ရောဂါရှိမှန်း တွေ့ရှိကြတတ်ပါတယ်။

diverticulosis က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက် ၄၀ ကျော် လူ ၁၀၀ မှာ ၁၀ ယောက်၊ အသက် ၆၀ ကျော် လူ ၁၀၀ မှာ ၅၀ ယောက်တွင် ထိုရောဂါ ဖြစ်ပွားတာတွေ့ရပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

diverticulosis ရဲ့လက္ခဏာတွေကဘာတွေလဲ

Diverticulosis ဟာများသောအားဖြင့် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ အချိန်ကြာလာရင်တော့ အူမကြီးနံရံ အိတ်လေးတွေထဲ ရောဂါပိုးဝင်တတ်ပြီး ရောင်ရမ်းလာတတ်ပါတယ်။ ထိုသို့ ရောင်ရမ်း နာကျင်တဲ့ အခြေအနေကို Painful diverticular disease လို့ခေါ်ပါတယ်။ ထိုအခြေအနေဟာ Irritable bowel syndrome (IBS) ကြောင့်ဖြစ်တတ်ပါတယ်။ ထိုအခါ ဝမ်းလျှောခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်း၊ ဖျားနာခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

diverticulosis ကိုဘာတွေကဖြစ်စေသလဲ

အူမကြီးနံရံတွင် အိတ်ကလေးများ diverticula ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်း ကိုတော့ တိတိကျကျ မသိသေးပါဘူး။ ဆရာဝန်များကတော့ အူမကြီးနံရံမှာရှိတဲ့ ပျော့တဲ့နေရာလေးတွေကနေ ဖိအားဒါဏ်ကြောင့် အိတ်များအသွင်ပြောင်းသွားတယ်လို့ ယူဆကြပါတယ်။ အမျှင်ဓါတ်များသော အစားအစာများ စားသုံးခြင်းဖြင့် ဝမ်းမှန်စေပါတယ်။ အမျှင်ဓါတ်နည်းသော အစားအစာများ စားပါက ဝမ်းချုပ်တတ်ပြီး အူမကြီးထဲတွင် ဝမ်းများစုပြုံလာကာ ဝမ်းများမာသွားစေပါတယ်။ ထိုအခါ အူမကြီးက ထိုမာကြောသော ဝမ်များထွက်အောင် အားသုံးပြီး လှုပ်ရှားရသောကြောင့် ဘေးနံရံများကို ဖိအားဖြစ်စေပါတယ်။ ထိုနည်းဖြင့် အူမကြီးနံရံမှာရှိတဲ့ ပျော့တဲ့နေရာလေးတွေကနေ ဖိအားဒါဏ်ကြောင့် အိတ်များအသွင်ပြောင်းသွားတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ diverticulosis ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

diverticulosis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

-အသက်အရွယ်ကြီးခြင်း

-အဝလွန်ခြင်း

-ဆေးလိပ်သောက်ခြင်း

-ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

-တိရစ္ဆာန် အဆီများပြီး အမျှင်ဓါတ်နည်းသော အစားအစာများ စားခြင်း

-အချို့သော ဆေးဝါးများ

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့health condition မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

diverticulosis ကို ဘယ်လိုအတည်ပြုပါသလဲ

ဓါတ်မှန်ရိုက်ခြင်း, အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းတို့ဖြင့် ရှာဖွေအတည်ပြုနိုင်ပါတယ်။

diverticulosis ကို ဘယ်လိုကုသပါသလဲ

Diverticulosis ကိုကုသတဲ့ အဓိက နည်းလမ်းကတော့ ဝမ်းချုပ်ခြင်းကို ရှောင်ကြဉ်ခြင်းပဲ ဖြစ်ပါတယ်။ ဝမ်းမချုပ်စေရန်-

  • အသီး၊ အရွက်၊ အစေ့၊ အနှံ အစားအစာများကို နေ့စဉ် စားသုံးပါ ။ ထိုအစားအစားများ တွင် အမျှင်ဓါတ်များစွာ ပါရှိပါတယ်။
  • သင့်ဆီးဟာ ရေနီးပါး ကြည်လင် သို့မဟုတ် အဝါရောင် ဖျော့ဖျော့ ဖြစ်သည်ထိ အရည်များများ သောက်ပါ။
  • တစ်ပတ်ကို နှစ်နာရီခွဲခန့် ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။ သို့မဟုတ် တစ်ပတ်လျှင် တစ်နာရီနှင့် ဆယ့်ငါးမိနစ်ခန့် ပြင်းထန်လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။
  • လိုအပ်ပါက အမျှင်ဓါတ်များသော ဆေးများ နေ့စဉ်သောက်သုံးနိုင်ပါတယ်။ သို့သော် အညွှန်းကိုတော့ ဖတ်ဖို့ လိုပါတယ်။
  • နေ့စဉ် ပုံမှန် ဝမ်းသွားအောင် အူကိုလေ့ကျင့်ပေး သင့်ပါတယ်။ ညှစ်ခြင်းကိုရှောင်ကြဉ်သင့် ပါတယ်။

အထက်ပါ နည်းလမ်းများက အူမကြီးနံရံ အိတ်ကလေးများ ဖြစ်ပေါ်မှုကို လျှော့ချ ပေးနိုင်သလို ရောင်ရမ်းခြင်း အန္တရာယ်ကို လည်းလျော့နည်းစေပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက diverticulosis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် diverticulosisကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် diverticulosisကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Nyan Linn မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement