backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း)


Dr. Sandar Lin မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း) ကဘာလဲ။

ပါးစပ်ထဲတွင် အနာပေါက်ခြင်းဆိုသည်မှာ သေးငယ်ေသော အဖြူရောင် သို့မဟုတ် အဝါရောင် သို့မဟုတ် အနီရောင်အနာများ ခံတွင်းထဲတွင်ပေါက်ခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ပျော့သော တစ်သျူးများ နှင့် သွားဖုံးအောက်တွင် ပေါက်လေ့ရှိပါသည်။ ထိုအနာများသည် နှုတ်ခမ်းပေါ်တွင်းမပေါက်တတ်ပါ။ ထို့ပြင် ကူးစက်တတ်သော အနာများ မဟုတ်ပါ။

Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ပါးစပ်ထဲတွင် အနာပေါက်ခြင်းသည် အလွန် အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။

သို့သော်

ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အများဆုံးတွေ့ရသော လက္ခဏာများမှာ

  • ဘဲဥပုံစံရှိ သေးငယ်ေသော အဖြူရောင် သို့မဟုတ် အဝါရောင် အနာများ
  • နာကျင်နေသော အနီရောင်နေရာများ
  • ပါးစပ်ထဲတွင် ထုံကျဉ်ခြင်း

အထက်တွင် မဖော်ပြထားသော လက္ခဏာများကိုလည်း ခံစားရနိုင်ပါသည်။ သင်ထပ်သိလိုသည်များရှိသော် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါ လက္ခဏာများရှိလျှင် ဆရာဝန်နှင့် ပြသင့်ပါသည်။

  • ပါးစပ်အနာများကြီးလာခြင်း
  • အနာများစွာပေါက်ခြင်း
  • ပမခံမရပ်နိုင်အောင် နာကျင်ခြင်း
  • အဖျားကြီးခြင်း
  • ဝမ်းလျှောခြင်း
  • အနီကွက်များဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း

ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အကြောင်းရင်းများ

Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

  • သွားတိုက်တံပွန်းမိခြင်း၊ အားကစားလုပ်စဉ် ထိခိုက်မိခြင်း၊ ပါးစောင်ကိုက်မိခြင်း စသည့် ထိခိုက်မှုလေးများ
  • ချောကလက်၊ ကော်ဖီ၊ စတော်ဘယ်ရီ၊ ဥများ၊ အစေ့များ၊ ထောပတ်၊ စပ်သော အက်ဆစ်ဓါတ်များသော အစားအစာများနှင့် မတည့်ခြင်း
  • ဗီတာမင် B12၊ ဇင့်၊ ဖောလိတ် နှင့် သံဓါတ်များ ချို့တဲ့ခြင်း
  • ပါးစပ်ထဲရှိ အချို့သော ဘက်တီးရီးယားများနှင့် ဓါတ်မတည့်ခြင်း
  • အစာအိမ် အနာဖြစ်စေသော H.pylori ပိုးကောင်များကြောင့် အနာဖြစ်ခြင်း
  • ရာသီလာချိန်များတွင် ဟော်မုန်း အပြောင်းအလဲကြောင့် အနာပေါက်ခြင်း
  • စိတ်ဖိစီးမှုများခြင်း တို့ဖြစ်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

  • မိသားစုဝင်များတွင် ဖြစ်ဖူးခြင်း
  • ဆယ်ကျော်သက်များနှင့် အရွယ်ရောက် လူငယ်များ
  • အမျိုးသမီးများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ပါးစပ်ထဲရှိအနာများအတွက် သီးသန့်စစ်ဆေးမှုများ မလိုအပ်ဘဲ ဆရာဝန်သို့မဟုတ် သွားဆရာဝန်က တွေ့လျှင် သိနိုင်ပါသည်။ ဆိုးရွားပြင်းထန်သော လူနာများတွင် သာသွေးစစ်ခြင်း၊ အသားစယူခြင်းများကို ပြုလုပ်ရပါမည်။

Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ထိုအနာများသည် မကုဘဲနှင့်လည်း ပျောက်သွားနိုင်ပါသည်။ သို့သော် ပြင်းထန်စွာ နာကျင်လာပါက အောင်ပါနည်းများဖြင့် ကုသနိုင်ပါသည်။

  • ပိုးသတ်ဆေးပါသော အရည်များဖြင့် အာလုတ်ကျင်းခြင်း
  • ဗီတာမင် B12, B6,ဖောလိတ်, ဇင့်ဓါတ်များ မှီဝဲခြင်း
  • benzocaine, fluocinonide, hydrogen peroxide လိမ်းဆေးများလိမ်းခြင်း

စတီးရွိုက်အရောင်ကျဆေးပါသော အရည်များဖြင့် အာလုတ်ကျင်းခြင်း

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ပါးစပ်ထဲတွင် အနာပေါက်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • ခံတွင်းကို ဆားရည် သို့မဟုတ် မုန့်ဖုတ် ဆော်ဒါ အရည်ဖြင့် အာလုတ်ကျင်းခြင်း
  • မဂ္ဂနီဆီယမ်းနို့ အနည်းငယ်ဖြင့် အနာကို တို့ခြင်း
  • အက်ဆစ်ဓါတ်များသော၊ စပ်သော အစားအစာများကို ရှောင်ခြင်း
  • အနာများကို ရေခဲကပ်ခြင်း
  • သွားတိုက်လျှင် ညင်သာစွာတိုက်ခြင်း

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandar Lin မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement