Anticentromere Antibody (ဆန်ထရိုမီရာဆန့်ကျင် အန်တီဘော်ဒီ)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anti-centromere Antibody ဆိုတာဘာလဲ

Anti-centromere Antibody စစ်ဆေးခြင်းအား CREST syndrome အား ရောဂါအမည်တပ်နိုင်ရန်အတွက် သုံး၏။

Centromere သည် ခရိုမိုဇုမ်းများအာ ဆွဲစုပေးပြီး ခရိုမိုဇုမ်းကွဲခြင်းတွင် ပါဝင်သော အဓိကပစ္စည်းဖြစ်သည်။ ဆဲလ်ကွဲပွားချိန်တွင် centromere mitotic သည် ခရိုမိုဇုမ်းများ၏ mitotic spindle များပေါ်တွင် နေရာယူလေ့ရှိသည်။

Centromere antibody သည် anti-nuclear antibody တစ်မျိုးဖြစ်သည်။ Antibodies များကို များသောအားဖြင့် Scleroderma ရောဂါ၏ မူကွဲတစ်မျိုးဖြစ်သော CREST syndrome ရှိသောလူနားများတွင်တွေ့ရ၏။ CREST syndrome အား lime syndrome, Raynaud’s phenomenon (အေးလျှင်ခြေလက်များပြာပြီးနာကျင်ခြင်း), esophageal paralysis(အစာမျိုပြွန်လေဖြတ်ခြင်း), stiff fingers (လက်ချောင်းများတောင့်တင်းခြင်း) နှင့် telangiectasias ဆိုသည့်အချက်၅ချက်ဖြင့် သတ်မှတ်သည်။

အပြန်အလှန်အားဖြင့် centromere antibodies များအား Sclerosis ရှိသောလူနာများအနည်းစုတွင်သာတွေ့ရပါသည်။ ထိုရောဂါသည် CREST syndrome နှင့်ခွဲရအလွန်ခက်ပါသည်။

Centromere antibodies များသည် scleroderma ရှိသော လူနာ ၅၀ မှ ၉၀ % တွင် Positive ဖြစ်ပြီး CREST syndrome တွင် ၈၂ မှ ၉၆% အထိ Positive ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဒီစစ်ဆေးချက်၏ sensitivity သည် 95% ရှိ၏။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Anti-centromere Antibody ကို ဘာကြောင့်စစ်ဆေးရသလဲ

Centromere antibodies စစ်ဆေးခြင်းအား သင့်၌ Anti-nuclear antibody test (ANA) နှင့် CREST syndrome နှင့်ဆိုင်သော လက္ခဏာတစ်ခုနှင့်အထက်ရှိနေပါက စစ်ဆေးမည်ဖြစ်သည်။

၎င်းလက္ခဏာများတွင် အောက်ပါတို့ပါဝင်၏။

  • Calcification – အရည်ပြားအောက်တွင် ကယ်လ်စီယမ်များ စုပုံခြင်း
  • Raynauld phenomenon – လက်ချောင်း ခြေချောင်းများသို့ သွေးစီးဆင်းမှုကျသွားပြီး ဖြုဖျော့ခြင်းနှင့် ခရမ်းရောင်ပြောင်းသွားခြင်း
  • Esophageal dysfunction – အစာမျိုရခက်ခြင်း၊ ရင်ပူခြင်း နှင့် အစာခြေအက်စစ်အထက်သို့တက်ခြင်း
  • Finger fibers stiffness – လက်နှင့် လက်ချောင်းများ၏ အရေပြားများ တင်းကြပ်ထူထဲပြီး ပြောင်တင်းနေခြင်း
  • Vasodi – ဆံခြည်မျှင်သွေးကြောများရှုပ်ထွေးခြင်းကြောင့် အရေပြားတွင် အနီကွက်များထလာခြင်း

Anti-centromere Antibody မစစ်ဆေးခင် ဘာတွေသိထားရမလဲ

CREST syndrome ပြင်းထန်မှုနှင့် antibody လယ်ဗယ်ကြား ဆက်ဆိုင်မှုမရှိပါ။

ACA သည် တခြားသော ကိုယ်ခံအားမှကိုယ့်ကိုယ်ကိုပြန်တိုက်သည့် ရောဂါများဖြစ်သော SLE, လေးဖက်နာနှင့်တူသော အဆစ်ရောင်ခြင်း သို့မဟုတ် primary biliary fibrosis ရောဂါများတွင်လဲ Positive ဖြစ်နိုင်သည်။

ပုံမှန်အားဖြင့် CREST syndrome လက္ခဏာရှိသူများကိုသာလျှင် ACA စစ်ခိုင်းပါသည်။ သို့သော် တစ်ချို့သူများတွင် လက္ခဏာမပေါ်သေးပဲနှင့် ACA positive ဖြစ်နေနိုင်ပါသည်။ တခြား ကိုယ်ခံအားမှကိုယ့်ကိုယ်ကိုပြန်တိုက်သည့်ရောဂါများ စစ်ဆေးသည့် စစ်ဆေးချက်များနှင့်တွဲပြီး ACA ကိုစစ်ခိုင်းလေ့ရှိပါသည်။

ဒီစမ်းသပ်ချက်အားမလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန်အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကြိုတင်ပြင်ဆင်ခြင်း

Anti-centromere Antibody မစစ်ဆေးခင် ဘာတွေပြင်ဆင်ထားရမလဲ

စစ်ဆေးမှုမလုပ်ဆောင်ခင် အောက်ပါတို့ကိုလုပ်ဆောင်သင့်၏။

  • စစ်ဆေးမှုလုပ်ငန်းစဉ်အကြောင်း ဆရာဝန်ရှင်းပြသည့်ကို သေချာနားထောင်ပါ
  • စစ်ဆေးမှုမလုပ်ခင် အစာမစားရန်လဲ မလိုအပ်တတ်ပါ

စမ်းသပ် စစ်ဆေးခြင်း

Anti-centromere Antibody စစ်ဆေးနေစဉ် ဘာတွေဖြစ်နိုင်မလဲ

ဆရာဝန်သည် သွေးများကို အနီရောင်အဖုံးနှင့်ပြွန်ထဲတွင် စုယူမည်ဖြစ်သည်။

စစ်ဆေးမှုအထမြောက်စေရန်အတွက် ဆရာဝန်သည် အောက်ပါတို့ကိုဆောင်ရွက်နိုင်ပါသည်။

  • သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း
  • အပ်ထိုးသည့်နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့်ပိုးသတ်ခြင်း
  • သွေးပြန်ကြောထဲသို့အပ်စိုက်ခြင်း။ လိုအပ်လျှင် တစ်ခါထပ်ပိုပြီး စိုက်ပါလိမ့်မည်။
  • ပိုက်နှင့်သွေးကိုယူခြင်း
  • လိုအပ်သည့်ပမာဏရပါက လက်မောင်းတွင်ပတ်ထားသည့် တိပ်များကိုဖယ်ခြင်း
  • အပ်စိုက်ရာတွင် ပတ်တီး သို့ ဂွမ်းဖြင့်ဖိခြင်း
  • Urgo ဆေးများသုံးခြင်း

Anti-centromere Antibody စစ်ဆေးပြီးနောက် ဘာဖြစ်နိုင်မလဲ

အပ်စိုက်ရာတွင် နာကျင်မည်မဟုတ်ပါ။ တစ်ချို့သူများတွင် အရေပြားအားအပ်နှင့်ထိုးသည့် နာကျင်မှုကိုခံစားရနိုင်သည်။ သို့သော် အပ်သွေးပြန်ကြောထဲရောက်ပြီး သွေးစုပ်ယူနေချိန်တွင် လူအများစုသည် နာကျင်မှုကိုမခံစားရတော့ပါ။ ယေဘုယျအားဖြင့် သင်၏နာကျင်မှုလယ်ဗယ်သည် သူနာပြု၏ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏အခြေအနေနှင့် သင်၏နာကျင်မှုကိုခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။

သွေးထုတ်ယူပြီးနောက် ပတ်တီးစကိုသုံးပြီး အပ်စိုက်သည့်နေရာကိုဖိကာ သွေးတိတ်ရပ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။

Anticentromere Antibody စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အဖြေကိုသိရှိခြင်း

သင့်ရဲ့ရလဒ်အဖြေက ဘယ်လိုအဓိပ္ပါယ်ရှိမလဲ

ပုံမှန်တန်ဖိုး – negative (positive ဖြစ်နေလျှင် ဆရာဝန်မှ quantitative serum စစ်ခိုင်းပါလိမ့်မည်)

ပုံမှန်မဟုတ်သောရလဒ်

  • Weak positive – Positive ရလဒ်အား သက်ဆိုင်ရာ titers နှင့် ချိန်ပြီးစီစဉ်ကြည့်ရသည် (1:40 to epithelial cells of people with type 2 [HEp-2], 1:20 in kidney cells)။
  • Average positive: စံအမှတ်နှင့်နှိုင်းယှဉ်ပြီး တစ်ကြိမ်အားပျော့အောင်လုပ်ရာတွင် တွေ့ရ၏။
  • Strong positive: စံအမှတ်နှင့်နှိုင်းယှဉ်ပြီး နှစ်ကြိမ်အားပျော့အောင်လုပ်ရာတွင် တွေ့ရ၏။

ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး Anticentromere Antibody ပုံမှန်တန်ဖိုးသည် တူညီမည်မဟုတ်ပါ။ ရလဒ်နှင့်ပတ်သတ်၍သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဒီဇင်ဘာ 3, 2019