Aging (အိုမင်းရင့်ရော်ခြင်းဆိုတာ ဘာလဲ)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Aging (အိုမင်းရင့်ရော်ခြင်းဆိုတာ ဘာလဲ) ကဘာလဲ။

အိုမင်းရင့်ရော်ခြင်းသည် နှေးကွေးသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သင်၏ ဇီဝကမ္မဖြစ်စဉ်သည် တဖြည်းဖြည်း နှေးလာပါလိမ့်မည်။ အအိပ်နည်းလာလိမ့်မည်။ စာဖတ်ရန် မျက်မှန်လိုလာမည်။ အချို့လူများသည် အကြားအာရုံ ဆုံးရှုံး ခြင်း ဖြစ်နိုင်သည်။ အသက် ၅၀ ရောက်ပါက သင့်အရိုးများ လည်း အိုမင်းလာပြီး လိင်ပိုင်းဆိုင်ရာ တုံ့ပြန်မှုလည်း မတူ တော့ပါ။ နှေးလာပါသည်။ အရေးကြီးသော ကိုယ်တွင်းအင်္ဂါ များသည် စွမ်းဆောင်ရည် ကျလာသည်။

လက္ခဏာများ

Aging (အိုမင်းရင့်ရော်ခြင်းဆိုတာ ဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

သင်သတိပြုနိုင်သော အိုမင်းရင့်ရော်ခြင်း၏ လက္ခဏာ အချို့မှာ

  • ဇီဝကမ္မဖြစ်စဉ် နှေးလာမည်
  • အကြားအာရုံ ဆုံးရှုံးခြင်း
  • အရိုးများသည် နာကျင်ခြင်း၊ ကိုက်ခဲခြင်း စသော ပြဿနာများ ဖြစ်လာသည်။
  • ကိုလက်စထရော များခြင်း၊ သွေးတိုးခြင်း စသော ရောဂါများ အလွယ်တကူရသည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Aging (အိုမင်းရင့်ရော်ခြင်းဆိုတာ ဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ

အိုမင်းရင့်ရော်ခြင်းသည် ဘဝ၏ ပုံမှန်ဖြစ်စဉ် တစ်ခု ဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ အသွင်အပြင် မတူ တော့ပါ။ အရင်နှင့်မတူသလို ခံစားရသည်။ လူတိုင်းသည် ပို၍ အသက်ကြီးလာသော်လည်း လူတစ်ယောက်ချင်းစီ၏ ပြောင်းလဲမှုသည် မတူညီပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Aging (အိုမင်းရင့်ရော်ခြင်းဆိုတာ ဘာလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အိုမင်းရင့်ရော်ခြင်းကို ပို၍မြန်စွာ ဖြစ်စေသော အချက်များ မှာ-

  • မျိုးဗီဇ
  • ဆေးမှတ်တမ်း
  • လူနေမှုပုံစံ

လှုပ်ရှားမှုမရှိသော လူနေမှုပုံစံသည် သင်အိုမင်းလာသော အခါ နာတာရှည် ရောဂါများ ဖြစ်နိုင်ချေကို မြင့်စေပါသည်။ သင့်တွင် နာတာရှည်ရောဂါအချို့ ရှိနေပါက ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုရှိခြင်းသည် သင့်အခြေအနေကို ဆေးနည်းနည်းဖြင့် ထိန်းချုပ်ရန် ကူညီသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Aging (အိုမင်းရင့်ရော်ခြင်းဆိုတာ ဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင်အိုမင်းလာသောအခါ ကျန်းမာရေးတွင် ဘာဖြစ်မလဲ စစ်ဆေးရန် ဆရာဝန်ဆီ သွားရောက်ပြသနိုင်သည်။

Aging (အိုမင်းရင့်ရော်ခြင်းဆိုတာ ဘာလဲ) ကို ဘယ်လိုကုသပါသလဲ

ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုရှိခြင်းသည် အိုမင်းစဉ်တွင် ကျန်းမာစေသော အဓိကသော့ချက် ဖြစ်သည်။ ၎င်းသည် သင်၏ စွမ်းအင်ပမာဏနှင့် မှတ်ညဏ်ကို မြင့်တက် စေသည့် အပြင် ခွန်အားနှင့် ကွေးဆန့်နိုင်ခြင်းကို လည်း တိုးမြင့်စေသည်။ ထို့ကြောင့် ချော်လဲခြင်းနှင့် ထိခိုက် ဒဏ်ရာရခြင်းကို ကာကွယ်ပေးသည်။

သင်ဘာလုပ်ရန် လိုသည်ကို ထောက်ခံချက်ရရန် ဆရာဝန် နှင့် ခန္ဓါကိုယ်စစ်ဆေးမှု အပြည့်လုပ်ပါ။ ထို့နောက် လှုပ်ရှားမှု စတင် လုပ်နိုင်သည်။ အခြေခံအားဖြင့် သင်၏ နေ့စဉ် ဘဝတွင် လှုပ်ရှားမှု အနည်းငယ်ပို၍ လုပ်ပါ။ TV ရီမုတ်ကို ဝေးဝေးထား ပါ။ ဓါတ်လှေကားဖြင့် တက်မည့်အစား လှေကားဖြင့် တက်ပါ။ သင့်ခွေးနှင့်အတူ အိမ်အနီးပတ်လည်ကို လမ်းလျှောက်ပါ။ သင်သည် အိုလံပစ်ပြိုင်ပွဲဝင်မည် မဟုတ်ပါ။ လက်တွေ့မကျ သော ရည်မှန်းချက်များ မလိုပါ။ သင်၏ ရည်မှန်းချက်ကို အချိန်တိုနှင့် ရောက်နိုင်အောင်ထားပါ။ ဥပမာ သင်သည် တစ်နေ့လျှင် ၁၀ မိနစ်လမ်းလျှောက်ခြင်း စတင်ပါ။ ထို့နောက် တစ်ပတ်ကြာပြီးတိုင်း နောက်ထပ် ၅မိနစ် ထပ်ထည့်ပါ။ သင်သည် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ လုပ်လေ့ရှိသွားပါက အနှေးလမ်းလျှောက်ခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း လုပ်ခြင်း စသည်တို့ကို စိန်ခေါ်နိုင်သည်။

သင်၏ စိတ်ခံစားမှု ကျန်းမာရေးသည်လည်း အရေးကြီး ပါသည်။ မိသားစုနှင့် သူငယ်ချင်းများနှင့် ဆက်သွယ်ပါ။ ပို၍ ကြီးသော အသင်းအဖွဲ့များတွင် ပါဝင်ပါ။ မှတ်ညဏ်ကောင်း စေရန် ပုံမှန်စာဖတ်ပါ။ ဘာသာစကားအသစ် သင်ခြင်း သို့မဟုတ် နေ့စဉ် စကားလုံးပဟေဠိ ကစားခြင်း၊ သင်ကြိုက် နှစ်သက်ရာကို ကြိုးစားနိုင်သည်။ မှတ်ညဏ် ဆုံးရှုံးခြင်းသည် အသက်ကြီးသူများတွင် အဖြစ်များသည်။ အသက်ကြီးခြင်း သည် ပို၍ လွယ်ကူစွာ မေ့လျော့စေသည်။ အရေးကြီးသော နာမည်များ၊ ရက်စွဲများကို ချရေးခြင်းဖြင့် အချက်အလက်များ ကို ပို၍မှတ်မိစေနိုင်သည်။ တစ်ခုခု မေ့လျော့ပါက တစ်ဖန် ပြန်ကြည့်နိုင်အောင် ပြင်ဆင်ထားပါ။

အိုမင်းရင့်ရော်စဉ်တွင် ဘယ်လိုနေထိုင်မလဲ

အိုမင်းရင့်ရော်ခြင်းသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင် ရာ ပြဿနာများစွာကို ဖြစ်စေသည်။ သို့သော်လည်း ပုံမှန် ကိုယ်လက် လှုပ်ရှားမှုလုပ်ခြင်း၊ ကျန်းမာသော နေထိုင်မှုပုံစံ ဖြင့် အိုမင်းခြင်းကို နှေးစေနိုင်ပြီး ပြဿနာများစွာကို ကာကွယ် နိုင်သည်။ သင်၏ အမြင်သည် သင့်ကိုယ်သင် ဘယ်လိုခံစားရ သလဲ အပေါ်အလွန်လွှမ်းမိုးနိုင်သောကြောင့် အကောင်းအမြင် ဖြင့်နေရန် အရေးကြီးသည်။ အကောင်းမြန်တတ်သော စိတ် သည် မအိုမင်းစေပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဒီဇင်ဘာ 2, 2019

ရင်းမြစ်များ