backup og meta

ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ

    ကျားမ မရွေး လူတိုင်း နီးပါးဟာ မိမိတို့ ဆံသားတွေ ကျန်းမာလှပနေတာကို လိုလားကြ ပါတယ်။ ဆံသားနဲ့ ပတ်သက်တဲ့ ပြဿနာတွေဟာ လူတစ်ဦးချင်းစီ အလိုက် ကွဲပြားမှု ရှိပါတယ်။ အခုဆောင်းပါးလေးမှာတော့ ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ နဲ့ ဖြေရှင်းနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက် ပါတယ်။

    ဆံပင် နဲ့ ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ

    ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ ကတော့

    (၁) ဗောက်ထခြင်း

    ဗောက်ထခြင်းဟာ အဖြစ်များသော ဆံသား ပြဿနာ တစ်ခု ဖြစ်ပြီး အာဟာရ ပြည့်ဝအောင် မစားခြင်း၊ ဦးရေပြား ပိုးဝင်ခြင်း နဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်များ မမျှတခြင်းတို့ကြောင့် ဖြစ်ပေါ်လေ့ ရှိတတ်ပါတယ်။

    ဘယ်လို ဖြေရှင်းမလဲ – အရည်အသွေး ကောင်းသော ဗောက်ပျောက် ခေါင်းလျှော်ရည်ဖြင့် ခေါင်း ပုံမှန် လျှော်ပါ။ လိုအပ်ပါက ဦးရေပြားဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ။

    (၂)  ဆံပင် ကျွတ်ခြင်း

    ဆံပင် ပါးခြင်းနဲ့ ကျွတ်ခြင်းကို အမျိူးသမီးတွေမှာ ပိုမို တွေ့ရတတ်ပါတယ်။ အမျိူးသားတွေ အနေနဲ့ကတော့ ထိပ်ပြောင်သော ပုံစံ အဖြစ်များလေ့ ရှိပါတယ်။ အမျိူးသမီးများ အနေနဲ့ စိတ်ဖိစီးမှု၊ ဟော်မုန်း ပြောင်းလဲမှုနဲ့ သန္ဓေတားဆေးတွေကြောင့် ဆံပင် ကျွတ်လေ့ ရှိပါတယ်။

    အချို့သော ဆံပင် ဆိုးဆေးများ၊ chemical များသော ဆံသား ပုံသွင်း ခရင်မ်များ၊ ဆံပင်ကို မကြာခဏ အပူပေးခြင်းတို့ကြောင့်လည်း ဆံပင်ကျွတ်လေ့ရှိပါတယ်။

    ဘယ်လို ဖြေရှင်းမလဲ – Chemical ပါဝင်မှု နည်းသော ခေါင်းလျှော်ရည် နဲ့ ပုံသွင်းခရင်မ်များကို အသုံးပြုပါ။ အာဟာရ ပြည့်ဝအောင် စားသောက်ပါ။

    (၃) ဆံသား ခြောက်ခြင်း

    ခေါင်း မကြာခဏ လျှော်ခြင်းနဲ့ ဆံသား အဆီဓာတ် နည်းပါးခြင်းတို့က ဆံသား ခြောက်ခြင်းကို ဖြစ်စေပါတယ်။

    ဘယ်လို ဖြေရှင်းမလဲ – Chemical နည်းသော ခေါင်းလျှော်ရည်တွေက ဦးရေပြားရဲ့ အဆီ ဂလင်းတွေကို လှုံ့ဆော်ပေးတာမို့ ဆံသားခြောက်တာ သက်သာစေပါတယ်။ အရည်အသွေး ကောင်းသော ဆံသား ပျော့ဆေးနဲ့ ဆံသားလိမ်းအဆီတို့ကို အသုံးပြုပါ။

    (၄) ဆံသားနှစ်ခွဖြစ်ခြင်း

    ဆံပင်အဖီးများခြင်း၊ ဆံပင်ဖြောင့်ခြင်း၊ ကောက်ခြင်းကို မကြာခဏပြုလုပ်ခြင်း၊ ဆံပင်ပျော့ဆေး အသုံးမပြုခြင်းတို့က ဆံသားကို ကြမ်းစေပြီး အဖျားနှစ်ခွတွေ ဖြစ်စေပါလိမ့်မယ်။

    ဘယ်လိုဖြေရှင်းမလဲ – ဆံပင်အဖျားလေးတွေကို မကြာခဏတိပေးပါ။ ဆံသားအားဖြည့်ဆီကို ပုံမှန်လိမ်းပေးပါ။ ဆံပင်ကို အကြာကြီးအပူပေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

    (၅) ဆံသားအဆီပြန်ခြင်း

    ဦးရေပြားဟာ လိုအပ်သော သဘာဝအဆီပမာဏထက်ပိုများသော အဆီများကို ထုတ်ပေးတဲ့အခါ ဆံသားအဆီပြန်ခြင်း ဖြစ်ပေါ်လာပါတယ်။

    ဘယ်လိုဖြေရှင်းမလဲ – အဆီပြန်သော ဦးရေအတွက် ထုတ်ထားသော ရှန်ပူကို အသုံးပြုပါ။ အချိုနဲ့ အဆီများသောအစားအစာတွေကို လျှော့စားပါ။

    (၆) ဆံပင်ဖြူခြင်း

    ဆံပင်ဖြူခြင်းဟာ ရင့်ကျက်ခြင်းကိုပြသတဲ့ လက္ခဏာတစ်ခုဆိုပေမယ့်လည်း လူတိုင်းလိုလိုဟာ ဆံပင်ဖြူခြင်းကို လက်မခံလိုကြပါဘူး။ အသက်ကြီးခြင်း၊ စိတ်ဖိစီးမှုများ၊ ဟော်မုန်းအပြောင်းအလဲများဖြစ်ခြင်း၊ မျိူးရိုးလိုက်ခြင်းစသည်ဖြင့် ဆံပင်ဖြူခြင်းကို ဖြစ်စေသောအကြောင်းရင်းများစွာ ရှိပါတယ်။

    ဘယ်လိုဖြေရှင်းမလဲ – ဆံပင်ဖြူခြင်းကို ပြန်လည်မည်းနက်အောင် များသောအားဖြင့် ပြောင်းလဲနိုင်ခြင်းမရှိပါဘူး။ ယာယီအနေနဲ့ ဆံပင်ဆိုးဆေးများအသုံးပြုနိုင်ပါတယ်။

    ရေးသားသူ – Dr Rose

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement