backup og meta

သာမန်အချိန်မှာ ကျန်းမာစေပေမယ့် နာမကျန်းဖြစ်ချိန်မှာ မစားသင့်တဲ့ အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Ye Zon Aung မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သာမန်အချိန်မှာ ကျန်းမာစေပေမယ့် နာမကျန်းဖြစ်ချိန်မှာ မစားသင့်တဲ့ အစားအစာများ

    အစာအာဟာရဆိုတာ လူတိုင်းအတွက် ကျန်းမာစေမယ့် အကျိုးပြု ဓာတ်စာတွေဖြစ်ပါတယ်။ တချို့အစားအစာတွေဟာ လူတွေကို အလွန်အမင်း အကျိုးပြုနိုင်တာကြောင့် လူကြိုက်များပြီး မှီဝဲစားသုံးသူလည်း များကြပါတယ်။

    ဒါပေမယ့် အစားအစာတိုင်းမှာ အကျိုးပြုဓာတ်တွေချည်း ပါဝင်နေတာမဟုတ်ပါဘူး။ လူကို ဥပါဒ်သင့်စေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း ပါဝင်နေတတ်ပါတယ်။ အစားအစာ အမျိုးအမည်ပေါ် မူတည်ပြီး ပမာဏ သာကွာခြားတာပါရှိတာပါ။

    ဒါကြောင့်လည်း တချို့သော အစားအစာတွေဟာ သာမန်အချိန် မှီဝဲစားသောက်ရင်လူကို ကျန်းမာစေ၊ အကျိုးဖြစ်ထွန်းစေပေမယ့် ဖျားနာနေချိန်၊ နေမကောင်းချိန်တွေမှာ စားသောက်မိရင်တော့ ဘေးဖြစ်စေတတ်တာပါ။

    ဒီလိုမျိုး နာမကျန်းဖြစ်နေချိန်မှာ ကိုယ်က အကျိုးပြုတယ်အထင်နဲ့ မှီဝဲစားသောက်ပြီးမှ ဝေဒနာပိုဆိုးသွားတာမျိုး မဖြစ်စေဖို့ဆိုရင် ဘယ်အစားအစာတွေက ဖျားနာနေချိန်မှ မှီဝဲစားသောက်ဖို့မသင့်ဘူးလဲဆိုတာကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။  ဒီလိုအစားအစာမျိုးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။

    ဖျားနာနေချိန်

  • ဟင်းနုနယ်ရွက်ကြီး (Spinach) – ဟင်းနုနယ်ရွက်ကြီးတွေဟာ လူ့ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး ကိုယ်အလေးချိန်လျှော့ချရာမှာလည်း အထောက်အကူဖြစ်စေတဲ့ အစားအစာမျိုးဖြစ်ပေမယ့် သူ့မှာပါဝင်နေတဲ့ Histamine ဆိုတဲ့ ဓာတုဗေဓပစ္စည်းက ဓာတ်မတည့်မှုဖြစ်စေနိုင်တာမို့ ဖျားနာနေရင် ရှောင်ကျဉ်သင့်ပါတယ်။
  • အစေ့အဆံများ – အစေ့အဆံတွေမှာ အာဟာရဓာတ်တွေနဲ့ ဇင့်၊ ဗီတာမင် E တို့လို အရာတွေပါဝင်နေတာမို့ ကူးစက်ရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ စွမ်းဆောင်ရည်မျိုးပိုင်ဆိုင်ထားပါတယ်။ တဖက်မှာလည်း ဒီအစေ့အဆံတွေဟာ အစာကြေမလွယ်တာမို့ အဖျားဝေဒနာကို ပိုဆိုးစေနိုင်တာကိုလည်း မမေ့သင့်ပါဘူး။ ဒါကြောင့် ဖျားနာနေချိန်မှာ အလွန်အကျွံမစားသင့်ပါဘူး။
  • ဘရိုကိုလီ (Broccoli) – ဗီတာမင် C ကြွယ်ဝတဲ့ ဘရိုကိုလီဟာ ကိုယ်ခံအားစနစ်အတွက်တော့ တစ်တပ်တစ်အားပါပဲ။ ဒါပေမယ့် အစေ့အဆံတွေလိုပဲ အစာကြေမလွယ်ပါဘူး။ ဒါကြောင့် သေချာမချက်ပြုတ်နိုင်ရင် အဖျားဝေဒနာကို ပိုဆိုးစေနိုင်တာကိုလည်း သတိထားရမှာဖြစ်ပါတယ်။
  • ဒိန်ခဲ – တကယ်လို့များ သင်ခေါင်းကိုက်နေတယ်ဆိုရင် ဒိန်ခဲတွေကို ရှောင်ရပါလိမ့်မယ်။ ဒိန်ခဲတွေဟာ ကျန်းမာရေးကို အထောက်အကူပြုပေမယ့် ခေါင်းကိုက်စေဖို့ ပိုတွန်းအားပေးတာကြောင့်ပါ။
  • အချဉ်ဖောက်ထားတဲ့အစားအစာတွေ – ကင်မ်ချီတို့ ချဉ်ဖတ်တို့လို အချဉ်ဖောက်ထားတဲ့ အစာကြေလွယ်ပြီး အစာခြေစနစ်ကို အကျိုးပြုပါတယ်။ ဒါပေမယ့် ခေါင်းကိုက်ဝေဒနာခံစားနေရချိန်တွေမှာဆိုရင်တော့ သူတို့မှာပါရှိနေတဲ့ tyramine ဆိုတဲ့ဓာတ်တစ်မျိုးကြောင့် ခေါင်းပိုကိုက်စေပါတယ်။
  • လည်ချောင်းနာနေချိန်

    • ဟင်းရွက်စိမ်း – မချက်မပြုတ်ရသေးခင် သဘာဝအတိုင်းရှိနေတဲ့ ဟင်းရွက်စိမ်းတွေဟာ ကျန်းမာရေးကို အလွန် အထောက်အကူပြုတဲ့ အရာတွေပါ။ ဒါပေမယ့် လည်ချောင်းနာနေချိန်တွေမှာဆိုရင်တော့ အစိမ်းအတိုင်းရှိနေတဲ့ ဟင်းရွက်တွေကို မစားသောက်မိဖို့ လိုအပ်ပါတယ်။ လေ့လာချက်တွေအရ လည်ချောင်းနာနေချိန်မှာ အရွက်တွေကို အစိမ်းအတိုင်းစားတာက ပိုနာကျင်စေတယ်လို့ ဆိုပါတယ်။
    • စစ်ထရစ် အက်ဆစ်ပါတဲ့ သစ်သီးများ – လည်ချောင်းနာနေချိန်မှာ နောက်ထပ် ရှောင်ကျဉ်သင့်တာက ချဉ်တဲ့သစ်သီးတွေ (Citrus Fruits) ပါပဲ။ ပုံမှန်အားဖြင့် ရှောက်သီး၊ သံပုရာသီ၊ လိမ္မော်သီးစတဲ့အသီးတွေဟာ ကိုယ်ခံအားကိုမြှင့်တင်ပေးတဲ့ သစ်သီးတွေဖြစ်ကြပေမယ့် လည်ချောင်းနာနေချိန်မှာတော့ သူတို့မှာပါရှိတဲ့ ဗီတာမင် C နဲ့ electrolytes တွေက ဝေဒနာကို ပိုဆိုးစေပါလိမ့်မယ်။

    ဝမ်းပျက်နေချိန်

    • နို့ထွက်ပစ္စည်း – ဝမ်းသွားနေချိန်မှာ ဒိန်ချဉ်ကလွဲရင် နို့ထွက်ပစ္စည်းတွေကို ရှောင်ကျဉ်ရမယ်ဆိုတာကို လူအတော်များများ သိကြပါတယ်။
    • ဆန်လုံးညို၊ ဖွဲနု – ဆန်လုံးညိုဟာ ကျန်းမာရေးစာဖြစ်ပေမယ့် ဝမ်းသွားနေချိန်မှာတော့ မစားသင့်ပါဘူး။ အစာအိမ်ကို ပိုအလုပ်များသွားစေနိုင်တာကြောင့်ပါ။
    • ပဲ အမျိုးမျိုး – ပဲတွေကလည်း ဝမ်းပျက်နေချိန်မှာ မစားသင့်တဲ့ အစားအစာတွေပါပဲ။ သူတို့မှာပါရှိတဲ့ သကြားနဲ့ alpha-galactosidase တို့က အစာအိမ်ကို ပိုပြီး ထိခိုက်စေပါတယ်။ တော်တော်လေးများစားရင် မော်တော်လေးများသွားသလို ဖြစ်စေပါလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Ye Zon Aung မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement