home

ကျန်းမာရေးနဲ့ညီညွတ်သော ချက်ပြုတ်နည်းများ

ကျန်းမာရေးဗဟုသုတ

ကျန်းမာရေးနဲ့ညီညွတ်သော ချက်ပြုတ်နည်းများ

အစာအာဟာရဆိုတာ လူတိုင်းအတွက် ကျန်းမာစေမယ့် အကျိုးပြု ဓာတ်စာတွေဖြစ်ပါတယ်။ တချို့အစားအစာတွေဟာ လူတွေကို အလွန်အမင်း အကျိုးပြုနိုင်တာကြောင့် လူကြိုက်များပြီး မှီဝဲစားသုံးသူလည်း များကြပါတယ်။ ဒါပေမယ့် အစားအစာတိုင်းမှာ အကျိုးပြုဓာတ်တွေချည်း ပါဝင်နေတာမဟုတ်ပါဘူး။ လူကို ဥပါဒ်သင့်စေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း ပါဝင်နေတတ်ပါတယ်။ အစားအစာ အမျိုးအမည်ပေါ် မူတည်ပြီး ပမာဏ သာကွာခြားတာပါရှိတာပါ။ ဒါကြောင့်လည်း တစ်ချို့သော အစားအစာတွေဟာ သာမန်အချိန် မှီဝဲစားသောက်ရင်လူကို ကျန်းမာစေ၊ အကျိုးဖြစ်ထွန်းစေပေမယ့် ဖျားနာနေချိန်၊ နေမကောင်းချိန်တွေမှာ စားသောက်မိရင်တော့ ဘေးဖြစ်စေတတ်တာပါ။ ဒီလိုမျိုး နာမကျန်းဖြစ်နေချိန်မှာ ကိုယ်က အကျိုးပြုတယ်အထင်နဲ့ မှီဝဲစားသောက်ပြီးမှ ဝေဒနာပိုဆိုးသွားတာမျိုး မဖြစ်စေဖို့ဆိုရင် ဘယ်အစားအစာတွေက ဖျားနာနေချိန်မှ မှီဝဲစားသောက်ဖို့မသင့်ဘူးလဲဆိုတာကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။  ဒီလိုအစားအစာမျိုးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။   ဖျားနာနေချိန် ဟင်းနုနယ်ရွက်ကြီး (Spinach) - ဟင်းနုနယ်ရွက်ကြီးတွေဟာ လူ့ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး ကိုယ်အလေးချိန်လျှော့ချရာမှာလည်း […]

ကျန်းမာရေးနဲ့ညီညွတ်သော ချက်ပြုတ်နည်းများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ကျန်းမာရေးနဲ့ညီညွတ်သော ချက်ပြုတ်နည်းများ

ဟင်းချက်တဲ့အခါတိုင်း အရောင်လေး လှအောင်၊ အရသာလေး ကောင်းအောင်ဆိုပြီး ငရုတ်သီးမှုန့်လေး ထည့်ထည့်ချက်ကြတယ်ဟုတ်။ အရောင်တင်မှုန့်၊ ငရုတ်သီး အစိမ်းမှုန့် စသဖြင့် အမျိုးမျိုး ခေါ်ကြတယ်လေ။ ဒီငရုတ်သီးမှုန့်လေးက ဟင်းတွေကို အရောင်လှ အရသာတိုးစေတာ မှန်ပေမယ့် သေချာ သိမ်းဆည်းမှု မရှိရင် မှိုတက်တာ၊ အစိုပြန်တာတွေ ဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ အရသာတိုးစေမယ့် ငရုတ်သီးမှုန့်လေး​ကြောင့် ရောဂါ မတိုးစေဖို့ ဘယ်လိုများ သိမ်းဆည်းကြမလဲ။ ငရုတ်သီးမှုန့် သိမ်းဆည်းနည်း မှန်ရဲ့လား ငရုတ်သီးမှုန့်က အခြောက်အခြမ်းပဲ ပျက်စီးမှာ မဟုတ်သလို ပုပ်သိုးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒါပေမယ့် ငရုတ်သီးမှုန့်က သက်တမ်းရှိသလို ပုပ်သိုး ပျက်စီးနိုင်ပါတယ်။ သေချာ မသိမ်းဆည်းဘူးဆိုရင် ကျန်းမာရေးကို ထိခိုက်စေလာနိုင်ပါတယ်။ ဒီတော့ အိမ်မှာ ငရုတ်သီးမှုန့် သိမ်းထားတာကရော နည်းစနစ်မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း အတူတူ […]

ကျန်းမာရေးနဲ့ညီညွတ်သော ချက်ပြုတ်နည်းများ

ဆီ (ဟင်းချက်ဆီ) ဆိုတာက ဟင်းလျာတိုင်းမှာ မပါမဖြစ် ပါဝင်ရတဲ့ အရာတစ်ခုပါ။ ဟင်းတစ်ခုကို ချက်ပဲ ချက်ချက်၊ ကြော်ပဲ ကြော်ကြော်၊ အသုပ်ပဲ သုပ်သုပ် ဆီမပါရင် မရပါဘူး။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ငါးခြောက်လေး မီးကင်ပြီးရင်လည်း စားကောင်းအောင်ဆိုပြီး ဆီဆမ်းတယ်၊ လက်ဖက်လေး ထောင်းပြီးရင်လည်း ဆီလေး မြုပ်နေအောင် စိမ်ထား တတ်သေးတယ်နော်။ အကြောင်းကတော့ ဆီက ဟင်းလျာတွေရဲ့ အရသာကို တိုးစေလို့ပါ။ ဒီလို ဟင်းလျာတိုင်းရဲ့ အရေးပါတဲ့ ဇာတ်ဆောင် ဟင်းချက်ဆီလေးကို သိမ်းဆည်းတဲ့နည်း မှန်ရဲ့လား........... ဟင်းချက်ဆီကို ဘယ်လို သိမ်းလေ့ရှိလဲ............. ဟင်းချက်ဆီက ဟင်းလျာတွေကို အရသာတိုးစေသလို ဟင်းချက်ဆီက ထိန်းသိမ်းပုံ မမှန်တာကြောင့် ပျက်စီးသွားရင်လည်း ဟင်းလျာတွေရဲ့ အရသာကို ပျက်စီးစေပါတယ်။ ဟင်းချက်ဆီက ပျက်စီးတတ်လား......... ဟင်းချက်ဆီက သက်တမ်း ကြာတဲ့အခါ ပျက်စီးတတ်သလို ထားသိုပုံ မမှန်တဲ့အခါမျိုးမှာလည်း […]

ကျန်းမာရေးနဲ့ညီညွတ်သော ချက်ပြုတ်နည်းများ

တန်ဆောင်တိုင် လပြည့်ညဆို ငယ်ငယ်ကတည်းက ဆေးပေါင်းခတယ်ဆိုပြီး မစားချင်တောင် ဆေးဖြစ်ဝါးဖြစ်လေးစားဆိုပြီး ဖွားဖွားက ခွံပေးတဲ့ မယ်ဇလီဖူးသုပ်ကို စားဖူးတယ်ဟုတ်။ ကြက်သွန်နီဆီချက်၊ မြေပဲ၊ ပုစွန်​ခြောက်တွေကိုထောင်ပြီး ကြက်သွန်နီ ပါးပါးလှီး၊ မယ်ဇလီဖူးကို ပါးပါးလှီးပီး သုပ်ထားတဲ့ အသုပ်လေးက ရေနွေးကြမ်းလေးနဲ့ဆို အတော်လိုက်ဖက်တဲ့ အတွဲအစပ်ပါ။ လပြည့်ညမှာ အိမ်ရှေ့မြေပြောင်ပြောင် ကွပ်ပျစ်ပေါ်မှာ ထိုင်ရင်း စားလိုက်ရရင် အတော်လေး အရသာရှိမှာပါ။ ဒီမယ်ဇလီဖူးသုပ်လေးကို ဘာလို့ ဆေးဖက်ဝင်တယ်လို့ ပြောကြတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဆေးပေါင်းခစေဖို့ စားကြတဲ့ မယ်ဇလီဖူးသုပ် ဆေးပေါင်းခစေတယ်လို့ သတင်းကြီးနေတဲ့ မယ်ဇလီဖူးလေးက သွေးချို ကျစေတယ်။ မယ်ဇလီဖူးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို ရှိသူတွေအတွက် သင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဆီးချို ကာကွယ်ချင်သူတွေလည်း စားပေးလို့ရပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်။ မယ်ဇလီဖူးမှာပါတဲ့ saponins လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ […]

ကျန်းမာရေးနဲ့ညီညွတ်သော ချက်ပြုတ်နည်းများ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံက အတော်လေး အရေးပါပါတယ်။ လူတွေက အစားအသောက်လို့ ပြောလိုက်ရင် အာဟာရဖြစ်ဖို့ထက် ခံတွင်းတွေ့ဖို့ကို အဓိကထား စားသုံးကြပါတယ်။  တကယ်ကတော့ အစားစားတဲ့အခါ အာဟာရဖြစ်ဖို့ဆိုရင် ခံတွင်းတွေ့ဖို့ထက် ကျန်းမာရေးနဲပ ညီညွတ်စေဖို့က ပိုအရေးအကြီးပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို အရေးပါတယ်လို့ ပြောရတဲ့ အကြောင်းအရင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံက ခန္ဓာကိုယ်ကို အင်အားဖြစ်စေသလို ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်တယ်ဆိုတာကို သိသူက ခပ်ရှားရှားပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံက အခုလိုလည်း ကျန်းမာရေးကို ထောက်ပံ့ပေးပါသေးတယ်။ နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်တာ၊ ကင်ဆာ နဲ့ အစာရေမျိုပြဿနာလိုမျိုး ရောဂါတွေ ဖြစ်နိုင်ခြေကို […]

ကျန်းမာရေးနဲ့အာဟာရ

ကိုဗစ် ပထမလှိုင်းမျာတုန်းက လေထိုး မွေ့ယာတွေ ခေတ်စားပြီးတော့ ဒုတိယလှိုင်းကျတော့ Air fryer အလှည့်ပေါ့။ သောင်းဂဏန်းလောက်ကနေ စပြီး ဝယ်လို့ရတဲ့အတွက် Air fryerတွေက အိမ်တိုင်းလိုလိုမှာ ရှိနေကြပါတယ်။ တစ်နေ့ တစ်နေ့ Air fryerနဲ့ လုပ်စားတဲ့ အစားအစာတွေကို ပုံတင်ရတာလည်း အမောပေါ့။ အားလုံးသိကြတာကတော့ Air fryerက ဆီမလိုဘူး ဒါမှမဟုတ် ဆီနည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါပဲ။ တကယ်ပဲ Air fryerက ကျန်းမာရေးနဲ့ ညီညွတ်တာ ဟုတ်ရဲ့လားဆိုတာ ကြည့်ကြရအောင်။ Air fryerရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ဆီပမာဏကို လျှော့ချပေးနိုင်တယ်။ ဆီထဲကို နှစ်ပြီး ကြော်တာထက်စာရင် Air fryerက ဆီပမာဏ နည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ တချို့ ကုမ္ပဏီတွေက Air […]

ကျန်းမာရေးနဲ့ညီညွတ်သော ချက်ပြုတ်နည်းများ

ဆောင်းရာသီကို ချဉ်းနင်း ဝင်ရောက်လာပြီ ဖြစ်တာမို့ ရာသီဥတု ကလည်း အပူချိန် သိသိသာသာ လျော့နည်းလို့ လာနေပါပြီ။ အထူးသဖြင့်တော့ မနက်ခင်းပိုင်းတွေမှာ ဆိုရင် ရာသီဥတုက အအေး ပိုပြီး နှင်းမြူတွေ ဆိုင်းလို့ စိုထိုင်းစ မြင့်မား နေတတ်ပါတယ်။ ဒီလို ဆောင်းတွင်းမှာ ဖျားနာမှုတွေက ပိုဖြစ်နိုင်ပါတယ်။ ရာသီဥတုက အပူချိန် ပြောင်းလဲလာပြီမို့ အကူးအပြောင်း ကာလမျိုးမှာ ဖျားတာနာတာတွေ ပိုပြီး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် တုပ်ကွေး ကြီးစိုးတဲ့ အချိန်မျိုးပေါ့။ ခုလို COVID-19 ထကြွ သောင်းကျန်းနေချိန်မျိုးမှာ ဘယ်လို ဖျားတာနာတာမျိုးမှ မဖြစ်စေဖို့ အထူး အရေးကြီး လှပါတယ်။ ခုချိန်မှာ ဖျားရင်နာရင် ကုသဖို့ ခက်ခဲတတ်သလို မတော်တဆ COVID-19 ကူးစက်သွားမှာကိုလည်း စိုးရိမ်ပူပန်ရသေးတယ်မဟုတ်လား။ အကောင်းဆုံးကတော့ မဖျားမနာအောင် […]

ကျန်းမာရေးနဲ့ညီညွတ်သော ချက်ပြုတ်နည်းများ

ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲတော့ဘူး ဆိုတဲ့ အတိုင်းပါပဲ။ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကောင်းမယ်ဆိုရင် နေရထိုင်ရတာ လန်းဆန်းပြီး နေ့စဉ်ဘဝတွေ သာယာမှာ အမှန်ပါပဲ။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အစားအစာဖြစ်တဲ့ ဒိန်ချဉ်ကို စားခြင်းအားဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက် ပါတယ်။ (၁) ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကုသနိုင်ခြင်း ဝမ်းပျက်ရင် ဒိန်ချဉ်မသောက်ရဘူးဆိုပြီး တော်တော်များများက အယူအဆမှားတတ် ကြပါတယ်။ တကယ်တော့ ဝမ်းလျှောဝမ်းပျက်ဖြစ်ခဲ့ရင် ဒိန်ချဉ်သောက်ပေးသင့်တာပါ။ ဘာကြောင့်လဲဆိုရင် ဒိန်ချဉ်မှာ Lacto bacilli လို့ခေါ်တဲ့ အူလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ဘတ်တီးရီးယားလေးတွေ အမြောက်အမြားပါဝင်လို့ပဲ ဖြစ်ပါတယ်။ ဝမ်းပျက်တဲ့အခါ ခန္ဓာကိုယ်ထဲက အူနံရံတွေဟာ ပျက်စီးရပါတယ်။ Lacto Bacilli ဆိုတဲ့  ဘတ်တီးရီးယားလေးတွေမှာ ဝမ်းပျက်လို့ ပျက်စီးနေတဲ့ အူနံရံတွေကို ပြန်လည်ကောင်းမွန်လာစေခြင်း၊ အန္တရာယ်ရှိတဲ့ ပြင်ပပိုးမွှားတွေ […]

ကျန်းမာရေးနဲ့ညီညွတ်သော ချက်ပြုတ်နည်းများ

ဗီတာမင် ဆိုတဲ့သက်စောင့်ဓာတ်တွေဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။   သို့သော်သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသာ သောက်သုံးမှီဝဲသင့်ပါတယ်။ “တန်ဆေးလွန်ဘေး” ဆိုတဲ့ အတိုင်း ပမာဏကျော်လွန်သောက်သုံးမိပါက အဆိပ်သာဖြစ်လာမှာပါ။ ယခု ကိုဗစ်ကပ်ရောဂါကာလမှာလည်း ကိုယ်ခံအားကောင်းချင်ဇောနဲ့ ဗီတာမင်တွေ သောက်သုံးလာကြတာကိုတွေ့ရပါတယ်။ အချို့ကလည်း သတ်မှတ်ပမာဏအတိုင်း  စနစ်တကျ သောက်သော်လည်း တချို့မှာတော့ ပိုလျှံစွာ သောက်သုံးနေကြပြန်ပါတယ်။ ဒါကြောင့် သောက်သုံးသင့်တဲ့ဗီတာမင်ပမာဏနဲ့ လွန်ကဲရင် ဖြစ်လာမယ့် ဆိုးကျိုးတွေကို တွဲဖက်တင်ပြလိုက်ရပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကိုမေးမြန်းပြီးမှ မှီဝဲတာ အကောင်းဆုံးပါပဲ ဆိုတာ ဦးစွာအကြံပေးချင်ပါတယ်။ ဗီတာမင်အမျိုးအစား ၂ မျိုး ရေမှာပျော်ဝင်တဲ့ဗီတာမင်များ ဗီတာမင် ဘီများနဲ့ ဗီတာမင် စီ အဆီတွင်ပျော်ဝင်တဲ့ဗီတာမင်များ ဗီတာမင် အေ ဗီတာမင် ဒီ ဗီတာမင် အီး ဗီတာမင် ကေ ရေမှာပျော်ဝင်တဲ့ဗီတာမင်များထက် အဆီတွင်ပျော်ဝင်တဲ့ဗီတာမင်တွေက ခန္ဓာကိုယ်မှာ အချိန်တစ်ခုထိသိုလှောင်သိမ်းဆည်းထားနိုင်ပါတယ်။ ပမာဏများစွာသောက်သုံးမိပါက […]

ကျန်းမာရေးနဲ့ညီညွတ်သော ချက်ပြုတ်နည်းများ

ကျန်းမာရေးနဲ့ညီညွတ်ဖို့အတွက် ငွေကုန်ကြေးကျခံပြီးစားသောက်ဖို့မလိုပါဘူး။ ကိုယ်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာတင် အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက်အကျိုးရှိစေတဲ့ အစားအစာတွေရှိနေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုတာ တစ်ချက်လေ့လာကြည့်ပါဦး။ ကြက်ဥ - ကြက်ဥတွေက အာဟာရအရမ်းကြွယ်ဝပြီး ဈေးလည်းအတော်သက်သာပါတယ်။ ကြက်ဥတစ်လုံးမှာ ပျမ်းမျှ ပရိုတင်း ၆ ဂရမ်လောက်ပါဝင်ပြီး ဗီတာမင်နဲ့သတ္ထုဓာတ်တွေလည်း ပါပါသေးတယ်။ ဦးနှောက်ဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ ကိုလင်း (Choline) ဓာတ်ကို ကြက်ဥစားသုံးပေးခြင်းဖြင့် ရနိုင်ပါတယ်။ ပြုတ်ပဲစားစား၊ ကြော်ပဲစားစား ဘယ်လိုစားစား အရသာရှိတဲ့ကြက်ဥကို သူ့ချည်းသက်သက် စားလို့ရသလို တခြားဟင်းလျာအမျိုးမျိုးနဲ့ တွဲဖက်စားသုံးရင်လည်း အရသာရှိနေမှာပါ။ ကြက်သွန်ဖြူ - အစားအစာတွေ အတော်များများ ချက်ပြုတ်တဲ့အခါမှာ ထည့်သုံးရတဲ့ ကြက်သွန်ဖြူဟာလည်း နှလုံးနဲ့သွေးကြောကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ သွေးတိုးရောဂါ၊ သွေးတွင်းအဆီပိတ် ရောဂါနဲ့ သွေးကြောနံရံမာကြောတဲ့ရောဂါရှိသူတွေ ကြက်သွန်ဖြူမှန်မှန်စားသုံးပေးရင် သိသာတဲ့အကျိုးရလဒ် ရနိုင်တယ်ဆိုတာ သုတေသနအတော်များများမှာအတည်ပြုထားပါတယ်။ နောက်ပြီး ကြက်သွန်ဖြူက အားကောင်းတဲ့ […]

ကျန်းမာရေးနဲ့ညီညွတ်သော ချက်ပြုတ်နည်းများ

(ရိုးရိုးရေသောက်တာထက် pH ပမာဏများတဲ့အယ်ကာလီရေသောက်တာ ကျန်းမာရေးအတွက်တကယ်အကျိုး ရှိမရှိကို ပြောပြချင်ပါတယ်) ရေဆိုတာ သက်ရှိအားလုံးအတွက်မရှိမဖြစ်တဲ့ သက်စောင့်ဓာတ်တစ်မျိုးပါ။ဆဲလ်တိုင်း၊ကြွက်သားတိုင်းပုံမှန် အလုပ်လုပ်နိုင်ဖို့ရေဓာတ်ကိုရယူသုံးစွဲရပါတယ်။ဒါ့ကြောင့် ရေအသက် တစ်မနက်လို့တောင် ဆိုကြတာမဟုတ်လား။ ရေထဲမှာအက်စစ်ဓာတ်လွန်ကဲနေလား၊ အယ်ကာလီဓာတ်များနေသလားဆိုတာကို pH ပမာဏနဲ့ခွဲခြား ပါတယ်။ pH ပမာဏနည်းရင် အက်စစ်ဓာတ်မြင့်တဲ့ရေဖြစ်သွားပြီး pH ဓာတ်များနေရင်တော့အယ်ကာလီများတဲ့ ရေအဖြစ်သတ်မှတ်နို်င်ပါတယ်။ pH ပမာဏက ၁ ကနေ ၁၄ အထိ ရှိပါတယ်။ ကျွန်တော်တို့နေ့စဉ်သောက်သုံး နေတဲ့ရေသန့်တွေက pH ပမာဏ ၇ ရှိပြီး အက်စစ်ဓာတ်လည်းမဖြစ်၊ အယ်ကာလီလည်းမဟုတ်တဲ့ ရိုးရိုးရေပါ။ အရောင်အဆင်းအနံ့အရသာဘာမှမရှိတဲ့ ရေသန့်ဖြစ်တဲ့အတွက်စိတ်ချလက်ချသောက်နိုင်သလိုခန္ဓာကိုယ် အတွက်လိုအပ်တဲ့ဓာတ်သတ္ထုတွေလည်းပါဝင်ပြီးသားဖြစ်ပါတယ်။ အယ်ကာလီဓာတ်များတဲ့ရေမှာတော့ pH ဓာတ်က ၇ ကျော်ရှိပါတယ်။ သဘာဝအတိုင်းအယ်ကာလီဓာတ်မြင့်တဲ့ရေရှိသလို စက်ရုံကနေပြုပြင်ထုတ်လုပ် ထားတာတွေလည်းရှိပါတယ်။ အယ်ကာလီရေသောက်သုံးရတာကိုနှစ်ကြိုက်သူတွေက အယ်ကာလီဓာတ်များတဲ့ရေမှာ ရိုးရိုးရေထက် ဟိုက်ဒရိုဂျင်ဓာတ်ပိုပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ကိုပိုကောင်းကောင်း ဖြည့်ဆည်းပေးနိုင်တယ်လို့ ပြောကြပါတယ်။ နောက်ပြီးရေထဲမှာပါတဲ့အယ်ကာလီဓာတ်က […]

ကျန်းမာရေးနဲ့ညီညွတ်သော ချက်ပြုတ်နည်းများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon