backup og meta

ဘော်ဒီလုံးဝ တောင့်စေဖို့အတွက် ကိုကိုတို့ ဒါတွေ စားပေးဖို့လိုတယ်နော်။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘော်ဒီလုံးဝ တောင့်စေဖို့အတွက် ကိုကိုတို့ ဒါတွေ စားပေးဖို့လိုတယ်နော်။ ။

    ပိန်ပိန်ပါးပါး LCD ခေတ်က ကုန်သွားပါပြီ။ ခုခေတ်မှာဆို မိန်းကလေးဆို ကိတ်မှ၊ ယောက်ျားလေးဆို တောင့်မှ ကြိုက်ကြတဲ့ခေတ်ကို ရောက်လာပါပြီ။ ဒီလိုနဲ့ြကွက်သားတွေ တောင့်အောင် gym တွေသွားကြ၊ ကြွက်သားတည်ဆောက်ပေးတဲ့ပရိုတင်းတွေ ဝယ်သောက်ကြနဲ့ ပိုက်ဆံ အပိုကုန်ရမယ့် အပေါက်တွေတိုးလာပါတယ်။ gym သွားတာကတော့ ထားပါ။ ကြွက်သားတက်ချင်ရင်လေ့ကျင့်ခန်းကတော့လုပ်ပေးမှရတာကိုး။ ပရိုတင်းတွေဝယ်သောက်တာကျတော့ သပ်သပ် အပိုပိုက်ဆံကုန်သလိုဖြစ်မနေဘူးလား။ ကိုယ့်နေ့စဉ်စားနေတဲ့ သဘာဝ အစားအသောက်တွေကလည်း ကြွက်သားတည်ဆောက်ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ သူတို့မှာ ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့အပြင် နေ့စဉ်စားတဲ့ အစားအသောက်တွေနေရာမှာ အဲ့ဒါလေးတွေရွေးစားပေးလိုက်တော့ ပိုက်ဆံလည်း အပိုထပ်မကုန်တော့ဘူးပေါ့။ ။ ဘော်ဒီလုံးဝ တောင့်စေဖို့အတွက် ကိုကိုတို့ ဒါတွေ စားပေးဖို့လိုတယ်နော်။ ။

    ဘော်ဒီလုံးဝ တောင့်စေဖို့အတွက် ကိုကိုတို့ ဒါတွေ စားပေးဖို့လိုတယ်နော်။ ။

    ဘော်ဒီလုံးဝ တောင့်စေဖို့အတွက် ကိုကိုတို့ ဒါတွေ စားပေးပါ။

  • ကြက်သား၊ အမဲသား။ ။
  • အားလုံးသိကြတဲ့အတိုင်း ကြွက်သားတွေစတင်တည်ဆောက်ဖို့၊ သန်မာကြီးထွားလာဖို့ဆို ပရိုတင်း စားပေးရပါမယ်။ အသားတွေဆိုတာ ပရိုတင်းဓါတ်အကြွယ်ဝဆုံးဖြစ်တဲ့အရာတွေပါ။ ဒါကြောင့် အသားတွေများများစားပါ။ အသားဆိုပြီးရောဆိုပြီး အကြော်အလှော်နဲ့ ဆီပြန်ဟင်းတွေသာစားမယ်ဆိုရင်တော တောင့်တော့တောင့်လာပါလိမ့်မယ်။ အဆီေတွ။ အစပိုင်းတည်းက အဆီပိုမရှိ ကျစ်လစ်တောင့်တင်းတဲ့ ကိုယ်ခန္ဓါပိုင်ဆိုင်ချင်ခဲ့တာမလား။ ဒီတော့ ကိုယ်လိုချင်တဲ့ ပရိုတင်းဓါတ်အတွက် အသားပြုတ်တွေကို စားပေးတာကသာ ပိုကောင်းပါလိမ့်မယ်။ ။ တစ်ခုထပ်မှာချင်တာက အဆီများတဲ့ ဝက်သားကို ထိပ်ဆုံးက ရှောင်ပါ။ ကြက်သားဆိုရင်ပုံသားကိုရွေးစားပါ။ ကြက်အရေခွံကို ယောင်လို့တောင် မစားမိပါစေနဲ့။ ။

    ကဲ ဥ ရဲ့ ကောင်းကျိုးတွေကတော့ ဋီကာဖွဲ့လို့ ဆုံးတော့မှာကို မဟုတ်ဘူး။ အဲဒီအထဲမှာ ကြွက်သားတည်ဆောက်ပေးနိုင်တာကလည်း တစ်ခုပေါ့။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ပြန်အားဖြည့်တဲ့အနေနဲ့ ကြက်ဥပြုတ် ၅ လုံးသာစားပေးလို့ကတော့ သင်လိုချင်တဲ့ ဘော်ဒီတောင့်တောင့်လေးတစ်ခုကို အချိန်တိုအတွင်း ပိုင်ဆိုင်နိုင်တော့မှာပါ။ ကြက်ဥကို ကြွက်သားတက်ဖို့အတွက် စားပေးတဲ့နေရာမှာ တစ်ခု သတိထားစေချင်တာတော့ အကာပဲစားပါ။ အနှစ်မစားပါနဲ့။ အကာမှာသာ ပရိုတင်းတွေပါပြီး အနှစ်မှာကျ အဆီတွေပဲပါလို့ပါ။

    • ပဲအမျိုးမျိုး။ ။

    ကိုယ်ခန္ဓါလည်းထွားချင်တယ်၊ အဆီပိုလည်း မရှိချင်ဘူးဆိုရင်တော့ ကိုယ်နေ့စဉ်စားနေတဲ့ ထမင်းဖြူေတွ၊ ပေါင်မုန့်တွေကို လျှော့စားပြီး သူတို့နေရာမှာ ပဲတွေကို အစားထိုးပါ။ ပဲတွေဆိုတာ အပင်တွေကနေရတဲ့ အသားဓါတ်တွေပါ။ သူတို့လိုမျိုး အမျှင်ဓါတ်ရော၊ အသားဓါတ်ရော နှစ်မျိုးကြွယ်ဝတဲ့ အစားအသောက်တွေ ထပ်မရှိနိုင်တော့ပါဘူး။

    သစ်ကြားသီး၊ သစ်ချသီး၊ ဗန်ဒါစေ့တိုလို ပရိုတင်းကြွယ်ဝတဲ့ အစေ့အဆံတွေ မရှိနိုင်တော့ပါဘူး။ သူတို့မှာ ပရိုတင်းဓါတ်တွေအပြင် အမျှင်ဓါတ်၊ မပြည့်ဝဆီတွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါလို့ သူတို့ကိုသာ စားပေးရင် လူလည်းကျန်းမာ၊ ဗလာလည်း တက်လာတော့မှာပါ။ အစိမ်းပဲစားစား၊ အလှော်ပဲစားစား။ ဆီပူထဲ ကြော်မစားရင် ရပါပြီ။ ။

    • အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ။ ။

    နွားနို့မှာက များပြားလှတဲ့ ပရိုတင်းဓါတ်တွေအပြင် အရိုးသန်မာစေဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ အရိုးကြံ့ခိုင်ဖို့အတွက် လိုအပ်တဲ့ ဗီတာမင်ဒီတွေလည်းပါပါတယ်။ မလိုင်အပြည့်နဲ့ နွားနို့်ကိုတော့ ရှောင့်ပေ့ါနော့။ နွားနို့်များများသောက်ပါ။ ကြွက်သားတွေကို ထိန်းထားပေးနိုင်ဖို့ အရိုးသန်မာဖို့လည်း လိုတယ်လေနော်။

    • ပင်လယ်စာ။ ။

    ပင်လယ်စာတွေဖြစ်တဲ့ ပုစွန်၊ ဂုံး၊ ကနုကမာ၊ နဲ့ ဆော်လမွန်ငါးတို့ဟာ ပရိုတင်း အကြွယ်ဝဆုံး ပင်လယ်စာတွေဖြစ်ပါတယ်။ ကြော်ရင်လည်း အဆီပါတယ်၊ ဆီပြန်ဟင်းဆိုလည်း အဆီတွေက တစ်ပုံကြီးဆိုတော့ ပင်လယ်စာတွေကို စားရမှာ အခက်တွေ့နေကြတဲ့သူတွေအတွက် အကြံလေးပေးချင်ပါတယ်။ ပင်လယ်စားတွေလောက် သုပ်စားလို့ မြိန်တဲ့အရာ မရှိပါဘူး။ ဒါကြောင့် ပင်လယ်စာတွေကို သုပ်စားပါ။ သင့်ခံတွင်းလည်းမြိန် ကြွက်သားတွေလည်း သိမ်နေတော့ မှာမဟုတ်ပါဘူး။ ။

    ဒီဆောင်းပါးလေးကနေ ကိုယ်နေ့စဉ်စားနေတဲ့ အစားအသောက်တွေကလည်း ကြွက်သားတောင့်အောင် လုပ်ပေးနိုင်တဲ့ အစွမ်းတွေရှိပါလားဆိုတာ သိသွားစေဖို့ ရည်ရွယ်ပါတယ်။ ဒါတွေသာ ကိုယ်နေ့စဉ်စားတဲ့ အစားအသောက်ထဲ ထည့်စားလိုက်မယ်ဆိုလို့ကတော့ ဗလတောင့်ချင်တဲ့ ကိုကိုတို့အတွက် gym သွားတဲ့ ပိုက်ဆံပဲကုန်ပြီး ပရိုတင်းအတွက် သပ်သပ် ပိုက်ဆံထပ်ကုန်တာမျိုးတွေ မဖြစ်တော့ဘူးနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement