လက်ဖက်ရည်သည်လူကိုစွဲလမ်းစေပါသလား

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အမေရိကန်နိုင်ငံလက်ဖက်ရည်သောက်သုံးသူများအသင်း၏အဆိုအရကမ္ဘာပေါ်ရှိလူများသည် လက်ဖက်ရည်ကို အခြားဖျော်ရည်များထက်ပိုမိုသောက်သုံးကြသည်ဟုဆိုပါသည်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့်အကျိုးကျေးဇူးများရရှိနိုင်သော်လည်းလက်ဖက်ရည်တွင်ပါဝင်သောကဖင်း ဓါတ်မှာကျန်းမာရေးအတွက်မကောင်းပါ။ လက်ဖက်ရည်သောက်သုံးသောနည်းလမ်းနှင့်ပမာဏ ပေါ်မူတည်၍ ကဖင်းဓါတ်ကကောင်းကျိုးဆိုးပြစ်များဖြစ်စေပါသည်။ သင့်တော်သောပမာဏတွင် လက်ဖက်ရည်သည်လူကိုလန်းဆန်းစေနိုင်ပြီးစွမ်းအင်ရအောင်နှိုးဆွပေးနိုင်သော်လည်းများပြားစွာသောက်သုံးပါက ကဖင်းဓါတ်ကို စွဲလန်းစေပါသည်။

ကဖင်းဓါတ်ကိုစွဲလန်းစေခြင်း

ကဖင်းဓါတ်သည်ဗဟိုအာရုံကြောမစနစ်ကိုလှုံဆော်ပေးပြီး ပုံမှန်သုံးစွဲခြင်းဖြင့် စွဲလန်းခြင်းဖြစ်လာနိုင်ပါသည်။ ဆေးစွဲခြင်းကဲ့သို့တော့ ကဖင်းဓါတ်သည်ခန္ဓါကိုယ်၏ကျန်းမာရေးကိုအန္တရာယ်မပေးပါ။ သို့သော်လည်း ကဖင်းဓါတ်ကို စွဲလန်းပါကစွဲလန်းနေမှန်းသတိပြုမိမည်လည်းမဟုတ်ပါ။ ခန္ဓါကိုယ်လုပ်ငန်းဆောင်တာများပြုလုပ်ရန်ကဖင်းဓါတ်ကို ပုံမှန်သုံးစွဲနေရပြီးဖြစ်သည်။ ထိုအခါလန်းဆန်း၍စွမ်းအင်ပြည့်ရန်ကဖင်းဓါတ်ကိုပို၍ပို၍လိုအပ်လာသည်။ အိပ်ယာမဝင်ခင် ၆နာရီအတွင်း လက်ဖက်ရည်များများ သောက်တတ်သူများသည် အိပ်မပျော်ခြင်းဝေဒနာကိုခံစားရသည်။ ထို့ပြင်ပိုမိုထိခိုက်လွယ်သူများတွင် အိပ်ပျော်ရန်ခက်ခဲခြင်းနှင့်တကွ ကဖင်းဓါတ်ကြောင့် စိတ်လှုပ်ရှားခြား၊ဂနာမငြိမ် ဖြစ်ခြင်းနှင့်အစာအိမ်ဝေဒနာများကိုလည်းခံစားရပါသည်။

ကဖင်းဖြတ်ခြင်း

အကယ်၍ကဖင်းကိုရုတ်တရက်ဖြတ်လိုက်လျှင်ခန္ဓါကိုယ်အတွက်ပုံမှန်ရနေကျကဖင်းဓါတ်
မရ တော့သဖြင့်ရောဂါလက္ခဏာများခံစားရသည်။ ကဖင်းဖြတ်ခြင်းကြောင့်ဖြစ်ပေါ်လာသော လက္ခဏာများမှာ

  • ခေါင်းကိုက်ခြင်း
  • မောပန်းနှုံးချိခြင်း
  • စိတ်ပူပန်ခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • စိတ်ဓါတ်ကျခြင်း
  • အာရုံစူးစိုက်ရန်ခက်ခဲခြင်း
  • ကြွက်သားများနာကျင်ကိုက်ခဲခြင်းတို့ဖြစ်ပါသည်။

သို့သော်မူးယစ်ဆေးဝါးများနှင့်အရက်စွဲခြင်းတို့ကြောင့်ဖြစ်ပေါ်လာသောလက္ခဏာများလောက် တော့မဆိုးရွားပါ။ ယခင်သောက်နေကျလက်ဖက်ရည်(သို့မဟုတ်)သောက်နေကျထက်အနည်းငယ်ပိုမို သောက်သုံးလိုက်ပါကထိုလက္ခဏာများချက်ခြင်းသက်သာသွားမည်။

ကဖင်းစွဲခြင်းကိုကာကွယ်ရန်

ကဖင်းစွဲခြင်းမှကာကွရန်အောက်ပါအကြံပြုချက်များကိုလိုက်နာနိုင်ပါသည်
သင်သောက်သုံးသောကဖင်းဓါက်ပမာဏကိုလျှော့ချပါ၊လက်ဖက်ရည်တစ်ခွက်ကို၃ကြိမ်မှ၄ကြိမ် ခွဲ၍သောက်သုံးခြင်းဖြင့်လည်းကောင်း၊လက်ဖက်ရည်ကိုခဏတာ နှပ်၍သော်လည်းကောင်း၊လက်ဖက်ရည်သောက်မည့်ရေနွေး၏အပူချိန်ကိုလျှော့၍လည်းကောင်း ကဖင်းဓါတ် ပမာဏ ကိုလျှော့ချနိုင်သည်။

လက်ဖက်စိမ်း၊လက်ဖက်ဖြူနှင့်အခြားအရွက်များဖြင့်ပြုလုပ်ထားသောလက်ဖက်ရည်ကိုအစားထိုး
သုံးစွဲပါ။ လက်ဖက်ခြောက်အမည်းမှရသောလက်ဖက်ရည်သည်ကဖင်းဓါတ်ပါဝင်မှုအများဆုံးဖြစ်သည်ထို့ကြောင့်အခြားလက်ဖက်စိမ်း၊လက်ဖက်ဖြူနှင့်အခြားအရွက်များကိုပြုလုပ် သောလက်ဖက်ရည်ကိုသုံးဆောင်ပါ။

ကဖင်းဓါတ်ဖယ်ထားသော(သို့)ကဖင်းဓါတ်မပါသောဖျော်ရည်များကိုပြောင်းလဲသုံးစွဲပါ။
ကဖင်းဓါက်လွန်ကဲစွာပါသောလက်ဖက်ရည်များကိုမကြာခဏသောက်သုံးခြင်းမှရှောင်ကြဉ်ပါ။ -သင်သောက်သုံးနေသောကဖင်းဓါတ်ကိုဖြည်းဖြည်းစီလျှော့ချပါ။

လက်ဖက်ရည်ကိုချက်ခြင်းဖြတ်ပါကမလိုလားအပ်သောရောဂါလက္ခဏာများဖြစ်နိုင်သည့်အတွက် တဖြည်းဖြည်းလျှော့ချခြင်းဖြင့်ထိုလက္ခဏာများကိုကာကွယ်နိုင်ပါသည်။

ကော်ဖီကဲ့သို့ပင် လက်ဖက်ရည်သည်လည်းဦးနှောက်ကိုလှုံ့ဆော်၍စွမ်းအင်မြင့်စေပြီးစိတ်အာရုံစူးစိုက်မှုကိုကောင်းမွန်စေသည်။ သို့သော်လည်းသင့်တင့်မျှတသောပမာဏထက်ပို၍သောက်သုံးပါကစွဲလန်းခြင်းအပြင် ကဖင်းဓါက်၏ဘေးထွက်ဆိုးကျိုးများပါရနိုင်ကြောင်းသတိချပ်သင့်ပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇူလိုင် 9, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 13, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။