Temporary Blindness ဟာ ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသပုံ မတူညီတတ်ကြပါဘူး။ ဒါကြောင့်လည်း ဆေးရုံဆေးခန်းကို အလျှင်အမြန် သွားရောက်ကုသမှု ခံယူဖို့ မဖြစ်မနေလိုပ်တဲ့ ဝေဒနာမျိုးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးတွေမှာဆိုရင်တော့ Aspirin ဒါမှမဟုတ် Blood thinner လိုဟာမျိုးတွေနဲ့ တိုက်ကျွေးလို့ရနိုင်ပါတယ်။
Temporary Blindness ကို ဘယ်လိုကာကွယ်မလဲ
Temporary Blindness ဝေဒနာမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတချို့ရှိပါတယ်။ အထူးသဖြင့်တော့ ဆေးလိပ်သောက်သုံးတာ၊ ဆေးလိပ်ငွေ့နဲ့ နီးစပ်တဲ့နေရာတွေမှာ မကြာခနရှိနေတတ်တာတွေကို ရှောင်ကျဉ်ဖို့ပါပဲ။
ဒါ့အပြင် သွေးတွင်း ကိုလက်စထရော ပမာဏ မြင့်မားမှုမရှိအောင် ထိမ်းသိမ်းတာ၊ သွေးတိုးဝေဒနာမဖြစ်ပေါ်အောင် ဂရုစိုက်နေထိုင်တာ၊ ဆီးချိုမတက်အောင် ထိမ်းသိမ်းတာတွေပြုလုပ်ဖို့လည်း အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ်နည်းပါးအောင်လည်း ဂရုစိုက်ရမှာဖြစ်ပြီးတော့ ကိုယ်အလေးချိန် လျှော့ချပြီး ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်တာမျိုးတွေလည်း လုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။