backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ) ကဘာလဲ။

မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်းဖြစ်လျှင် ရုတ်တရက် မျက်စိများနီရဲလာပြီး ယင်းဖြစ်စဉ်သည် အဖြစ်များပြီး သင်နှင့် သင့်ပတ်ဝန်းကျင်ရှိလူများအတွက် သတိပြုစရာတစ်ခုဖြစ်လာပါသည်။

Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်းသည် မျက်ကြည်လွှာအောက်ရှိသွေးကြောများ ပေါက်ခြင်းကြောင့် အလိုအလျောက်နီရဲလာခြင်းဖြစ်ပြီါ် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်ပါသည်။

ယင်းသည် မျက်လုံးတဖက်တည်းတွင် အဖြစ်များပြီး မျက်လုံးနှစ်ဖက်လုံးတွင် ဖြစ်ခဲပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပထမအဆင့်တွင် မျက်လုံးနီရဲခြင်းမျှသာဖြစ်ပြီး မည်သည့်ရောဂါလက္ခဏာများကို မျှ မခံစားရပါ။ မှန်ထဲတွင်ကြည့်သော အခါ၊ သူတပါးက မိမိ မျက်စိနီနေကြောင်းပြောသော အခါမှသာလျှင် သိရပါသည်။

မျက်လုံးအလွှာအောက်ရှိသွေးကြောများပေါက်ခြင်းကြောင့် မျက်စိနီရဲခြင်း သည် သိသာသောကြောင့် ယေဘူယျအားဖြင့် ရောဂါသတ်မှတ်ရန် လွယ်ကူပါသည်။

(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ကို ဖြစ်စေသော သိသာသောအကြောင်ရင်းများ မရှိပါ။ မျက်လုံးနီနေကြောင်း သင့်ကို သူများကပြောမှ သင်သတိထားမိနိုင်သည်။ သို့သော် ပြင်ပမှ အရာဝတ္ထုများဝင်ရောက်ခြင်းကြောင့် ပိုးဝင်ပြီး မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်းဖြစ်နိုင်သည်။ (၂၄ နာရီအတွင်းမသက်သာလျှင် ဆေးခန်းသွားပြပါ။)

မျက်စိနီခြင်းသည် မျက်ကြည်လွှာထိခိုက်မိခြင်း၊ မျက်ကပ်မှန်များ တပ်ခြင်းကြောင့် မျက်ကြည်လွှာပွန်းခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါသည်။ ထို့ပြင် အောက်ပါထိခိုက်မှုများကြောင့်လည်း ဖြစ်နိုင်ပါသည်။

  • ဝမ်းတွင်းညှစ်အားကို အသုံးပြုရခြင်းကြောင့် မျက်စိသွေးကြောများ ဒဏ်ဖြစ်ခြင်း
  • အားနှင့် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အန်ခြင်း၊ မျက်လုံးကို ပွတ်မိခြင်း(ပြင်းထန်မှုအပေါ် မူတည်ပြီး မျက်ရည်ကျခြင်း၊ အမြင်အာရုံများပြောင်းလဲခြင်း၊ နာကျင်ခြင်း နှင့် မျက်ဝပ်များထွက်ခြင်းတို့ဖြစ်နိုင်ပါသည်။)
  • သွေးတိုးရောဂါရှိသူများတွင် ညှစ်အားသုံးရသော ၊ အားအင်သုံးရသော အလုပ်များလုပ်ကိုင်ခြင်း

ဖြစ်နိုင်ခြေများ

Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • ယခင်က မျက်လုံးကို ထိခိုက်ဒဏ်ရာရဖူးခြင်း၊ ပိုးဝင်ဖူးခြင်း
  • ဓါတုပစ္စည်းများနှင့် မျက်လုံးကို မတော်တဆ ထိမိခြင်း
  • အခြားသော ဖြစ်နိုင်ချေများစေသော အချက်များမှာ မျက်ကပ်မှန်သုံးစွဲခြင်း၊ လေ့ကျင့်မှုများလုပ်ခြင်း၊ အလေးများကို တွန်းခြင်း၊ မခြင်း ၊ သွေးပေါင်ချိန်များခြင်း နှင့် ကျန်းမာရေးပြသနာများရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

မျက်စ်နီရဲခြင်းဖြစ်လျှင် အမြင်အာရုံကို စမ်းသပ်ရန်အတွက် ဘောပင်အရွယ်ရှိသော ဓါတ်မီးအသေးစားဖြင့် စမ်းသပ်စစ်ဆေးပါသည်။

ထိုသို့ စစ်ဆေးမှုရလဒ်အဖြများနှင့် လူနာ၏ရာဇဝင် ကိုပေါင်းစပ်ကာ ဆရာဝန်ကလိုအပ်သည်များကို ဆက်လက်ကုသပါလိမ့်မည်။

မျက်စိနီရဲခြင်းသည် မျက်ကြည်လွှာအောက်ရှိသွေးကြောများပေါက်ခြင်းကြောင့် သွေးထွက်ခြင်းဖြစ်ပါက ထိုသွေးများသည် ၁ ပတ် ၂ ပတ်အတွင်း အလိုလိုခြောက်သွားမည်ဖြစ်ပြီး မည်သည့်ဆိုးရွားသည့် လက္ခဏာများကိုမှ ခံစားရမည်မဟုတ်ပါ။

သို့သော် အမြင်လွှာတွင်သွေးထွက်ခြင်း နှင့် မကြာခဏ မျက်စိနီခြင်းများဖြစ်လာလျှင်သွေးမတိတ်ရသည့် အကြောင်းများကို စနစ်တကျစစ်ဆေးရန်လိုအပ်လာနိုင်သည်။

Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

မျက်စိနီသူများကို ဆရာဝန်က ပဏာမကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ကုသနိုင်သော်လည်း အချို့လူနာများကို မျက်စိဆရာဝန်ထံသို့ ချက်ချင်းလွှဲရန် လိုအပ်ပါသည်။

ဖြစ်သောအကြောင်းရင်းများ အပေါ်မူတည်ပြီး ကုသမှုများကွာခြားပါသည်။ မျက်စိအပြင်ပိုင်းတွင်ဖြစ်ပါက ၁ ပတ်မှ ၃ ပတ်ကြာလျှင် ပျောက်ကင်းသွားမည်ဖြစ်သည်။

မကြာခဏ သွေးထွက်နေပါက ဗီတာမင် C ၅၀၀ မီလီဂရမ် တနေ့ ၂ကြိမ်သောက်ခြင်း နှင့် အခြားသောကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ်သလိုလုပ်ရပါမည်။

ဥပမာ- မျက်စိအနာဒဏ်ရာဖြစ်ခြင်းနှင့် အခြားသော မျက်စိရောဂါများကို စစ်ဆေးခြင်း တို့ဖြစ်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • မျက်စိကိုရေအေးဖြင့် ဆေးခြင်း သို့မဟုတ် ရေခဲရေစိမ်ထားသော ပုဝါဖြင့် မျက်စိကို ကပ်ပေးခြင်း ဖြင့် မျက်စိနီရဲမှုကို သက်သာစေပါသည်။
  • သင့်တင့်မျှတသော အစာများကို စားခြင်းဖြင့် သင့်သွေးဖိအားကို မျှတစေကာ မျက်လုံးရှိသွေးကြောများကို ကျန်းမာစေပါသည်။
  • မျက်လုံးကို ထိခိုက်မှုမှ ကာကွယ်ရန် မျက်မှန်တပ်ပါ။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement