backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Stye (မျက်စိစွံခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Stye (မျက်စိစွံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Stye (မျက်စိစွံခြင်း) ကဘာလဲ။

မျက်စိစွန်ခြင်းသည် သင့်မျက်တောင်နှင့် မျက်ခွံစပ်ကြား အပြင်ဘက်အစွန်းနေရာတွင် နီရဲသော အဖုလေးဖြစ်လာခြင်းဖြစ်သည်။ ယင်းသည် မျက်ခွံအတွင်းတွင်လည်းဖြစ်နိုင်သည်။ အချို့သူများသည် မျက်စိစွန်ခြင်း နှင့် မျက်ခွံတွင်အဆီအိတ်ရောင်ခြင်းကို မှားတတ်ကြသည်။

မျက်ခွံတွင်အဆီအိတ်ရောင်ခြင်းသည်လည်း မျက်ခွံဖောင်းလာခြင်းမျိုးဖြစ်ပြီး အဖြစ်များပါသည်။ ယင်းသည် မျက်စိစွန်ခြင်းနှင့် ဆင်တူသော်လည်း မျက်ခွံ၏အစွန်းတွင် မဖြစ်ခြင်း၊ အရွယ်အစားပိုကြီးခြင်း၊ ဖြစ်စေသော အကြောင်းရင်းမတူခြင်း စသည်ဖြင့် ကွဲပြားမှုများရှိပါသည်။

မျက်စိစွန်ခြင်းသည် နာကျင်သော်လည်း ကုသမှုခံယူစရာမလိုဘဲပျောက်ကင်းသည်ကများပြီး ပြင်းထန်သောဆိုးကျိုးများလည်း ဖြစ်ခဲပါသည်။

Stye (မျက်စိစွံခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မျက်စိစွန်ခြင်း

သည် အလွန်အဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Stye (မျက်စိစွံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မျက်လုံးစပ်လာခြင်း၊ နီလာခြင်း၊ မျက်ခွံအစပ်နေရာတွင် ရောင်လာခြင်းနှင့် ခိုးလိုးခုလုဖြစ်လာခြင်း တို့သည် မျက်စိစွန်လျှင်တွေ့ရများသော လက္ခဏာများဖြစ်သည်။ ထို့ပြင် မျက်ရည်များထွက်နေခြင်း၊ မျက်လုံးထဲတွင် ကြမ်းရှရှ ခစားမိခြင်းနှင့် အလင်းရောင်စူးခြင်း တို့လည်းဖြစ်နိုင်ပါသည်။

(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါတို့ ခံစားရပါက ဆရာဝန်နှင့် ပြသင့်ပါသည်။

  • မျက်စိစွန်ခြင်းသည် တပတ်ကျော်သည်အထိမပျောက်လျှင်
  • မျက်ခွံရောင်လာခြင်းကြောင့် အမြင်အာရုံထိခိုက်လာလျှင်
  • မျက်လုံးထဲတွင် နာကျင်လာလျှင်
  • မကြာခဏ မျက်စိစွန်နေလျှင်

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Stye (မျက်စိစွံခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မျက်စိစွန်ခြင်းသည် Staphylococcus ဘက်တီးရီးယားများ သည် မျက်ခွံတွင်ရှိသော အဆီဂလင်းများထဲသို့ဝင်ရောက်ခြင်းကြောင့်ဖြစ်ရပြီး တခါတရံတွင် အဆိုပါအဆီဂလင်းများသည် ဆဲလ်အသေ၊ ဖုန်မှုန့်နှင့် အညစ်အကြေးများပိတ်ဆို့ရာမှ မျက်စိစွန်ခြင်းဖြစ်ရသည်။

Staphylococcus ဘက်တီးရီးယားများ သည် အရေပြားပေါ်တွင် ရှိနေတတ်ပြီး အခြေအနေဖန်တီးလာသောအခါ မျက်ခွံတွင်ရှိသော အဆီဂလင်းများထဲတွင်ကြီးထွားလာပြီး မျက်စိစွန်ခြင်းဖြစ်ရသည်။

ဖြစ်နိုင်ခြေများ

Stye (မျက်စိစွံခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • မျက်ခွံတွင်းရှိ ဂလင်းများရောင်ခြင်း
  • အမာရွတ်များမှတဆင့် ပိုးဝင်ခြင်း
  • မိတ်ကပ်ပစ္စည်းများ နှင့် ဖုန်မှုန့်များ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Stye (မျက်စိစွံခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်မျက်ခွံပုံစံကို ကြည့်ပြီး သင့်အခြေအနေကို သိနိုင်ပါသည်။ ဆရာဝန်သည် သင့်မျက်ခွံတွင် အပေါက်ပိတ်နေသော ဂလင်းနေရာကို ရှာခြင်းဖြင့် မျက်စိစွံခြင်းနှင့် မျက်ခွံရှိအဆီအိတ်ရောင်ခြင်းကို ခွဲခြားလိမ့်မည်။ ထို့ပြင် အမာရွတ်များ၊ ပြင်ပမှ အရာဝတ္ထုများ နှင့် မျက်ခွံတွင်းရှိ ဂလင်းများရောင်ခြင်းရှိမရှိကို စစ်ဆေးကာ ရောဂါပိုးဝင်သော လက္ခဏာများရှိမရှိကိုပါစစ်ဆေးလိမ့်မည်။

ထိုသို့စစ်ဆေးခြင်းသည် အရေးပါပြီး မျက်လုံးနှင့် မျက်လုံးတဝိုက်ရှိ ဂလင်းများသို့ ရောဂါပိုးများပြန့်နှံ့မှုရှိမရှိကိုပါသေချာစေသည်။

Stye (မျက်စိစွံခြင်း) ကို ဘယ်လိုကုသပါသလဲ

မျက်စိစွန်ခြင်းသည် မည်သည့်ဆေးကုသမှုမှမလိုဘဲ ၁ ပတ်အတွင်းပျောက်ကင်းနိုင်ပါသည်။ သို့သော် အောက်ပါကုသမှုများကို ခံယူနိုင်ပါသည်။

  • မျက်ခွံရှိ ဂလင်းများကို ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် ပိတ်ဆို့နေသော အရာများကို အလိုလိုစီးကျစေခြင်း
  • အနာသက်သာစေရန် ဆေးသောက်ခြင်း (ဥပမာ – acetaminophen)
  • ပိုးသတ်ဆေး နှင့် စတီးရွိုက်နှင့်ပေါင်းထားသော ပိုးသတ်ဆေးများ လိမ်းခြင်း
  • သုံးပတ်အထိမပျောက်သော မျက်စိစွန်ခြင်းများအတွက် ဆရာဝန်က Doxycycline ကို သောက်ခိုင်းလိမ့်မည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် မျက်စိစွန်လေ့ရှိသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • သင့်မျက်လုံးများကို မထိမီ လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့်ဆေးကြောပါ။ မျက်လုံးကို ညစ်ပတ်သောအရာများနှင့် ထိတွေ့စေခြင်းမျိုးကို ရှောင်ကျဉ်ပါ။
  • မျက်စိစွန်နာကို မညှစ်ရပါ။ ရောဂါပိုးများပိုပြန့်နိုင်သောကြောင့်ဖြစ်သည်။ ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာပညာရှင်ထံသွားကာ အနာကို ဖောက်ထုတ်ခြင်းပြုလုပ်နိုင်သည်။
  • မျက်နှာတွင်သုံးသော စုတ်တံမျာကို မှန်မှန်ဆေးကြောပါ။ သုံးလထက်ပိုသက်တမ်းရှိသော မျက်တောက်ကော့ဆေး၊ မျက်ရစ်ဆိုးဆေးနှင့် ခြယ်သသောပစ္စည်းများကို လွှင့်ပစ်လိုက်ပါ။
  • လက်ဘက်စိမ်းအိတ်ဖြင့် အနာကို ကပ်ပါ။ လက်ဘက်စိမ်းသည် ရောင်ရမ်းမှုများကို ကျစေပြီး ဘက်တီးရီးယားပိုးများကို သေစေသည်။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement