backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Corneal Ulcer (မျက်ကြည်လွှာအနာ)


Hello Sayarwon မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Corneal Ulcer (မျက်ကြည်လွှာအနာ) ကဘာလဲ။

မျက်လုံးမှာ ပုံရိပ်တွေကိုစုပေးတဲ့ အပိုင်း၂ပိုင်းရှိပါတယ်။

  • မျက်ကြည်လွှာ မျက်လုံးရဲ့ကြည်လင်တဲ့အရှေ့မျက်နှာပြင်
  • မှန်ဘီလူး မျက်လုံးအတွင်းတည်ရှိတဲ့ အရာဝတ္ထူတွေကို စုဆုံပေးရန် ပုံရိပ်တွေကိုပြောင်းလဲပေးတဲ့ ကြည်လင်တဲ့အရာဝတ္ထုလေးဖြစ်ပါတယ်။

မျက်ကြည်လွှာက မျက်လုံးရဲ့ပြတင်းပေါက်ဖြစ်ပြီး အလင်းတွေကို မျက်လုံးထဲဝင်စေပါတယ်။ မျက်ရည်က မျက်ကြည်လွှာကို ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ နဲ့ မှိုတွေကနေ ကာကွယ်ပေးပါတယ်။ မျက်ကြည်လွှာပေါက်ပြဲခြင်းက မျက်ကြည်လွှာမှာအနာပေါက် ဖြစ်သွားစေပါတယ်။ ကူးစက်ပိုးဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ မျက်လုံးကိုသေးသေးလေးထိခိုက်မိခြင်း ဒါမှမဟုတ် မျက်ကပ်မှန်အကြာကြီးတပ်ခြင်းကြာင့် ပေါက်သွားခြင်းက ကူးစကပ်ပိုးတွေကိုဝင်စေပါတယ်။

Corneal Ulcer (မျက်ကြည်လွှာအနာ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Corneal Ulcer (မျက်ကြည်လွှာအနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

မျက်ကြည်လွှာအနာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • မျက်လုံးနီခြင်း
  • ပြင်းပြင်းထန်ထန်နာခြင်း
  • မျက်လုံးထဲတစ်ခုခုရှိနေသလို ခံစားရခြင်း
  • မျက်ရည်လည်ခြင်း
  • မျက်လုံးမှ အရည်ထွက်ခြင်း
  • အမြင်ဝါးခြင်း
  • အလင်းကိုမခံနိုင်ခြင်း
  • မျက်လုံးရောင်ခြင်း
  • မျက်ခွံရောင်ခြင်း
  • မျက်ကြည်လွှာတွေင် အဖြူစက်ပေါ်ခြင်း( အနာကြီးလျှင် မျက်လုံးနဲ့မြင်နိုင်ပါတယ်။ )

မျက်ကြည်လွှာပေါက်ပြဲခြင်းလက္ခဏာအားလုံးက ပြင်းထန်ပြီး မျက်လုံးမကန်းရအောင် အမြန်ကုသဖို့လိုပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ပြသသင့်ပါတယ်။

  • အမြင်ပြောင်းသွားခြင်း
  • ပြင်းပြင်းထန်ထန်နာခြင်း
  • မျက်လုံးထဲတစ်ခုခုရှိနေသလို ခံစားရခြင်း
  • မျက်လုံးအတွင်းမှ သိသာထင်ရှားသောအရည်များ စီးကျခြင်း
  • မျက်လုံးကိုကုတ်ခြစ်ဖးူခြင်း ၊ ဓါတုပစ္စည်း၊လေထဲရှိအမှုန်များအရာများနဲ့ ထိတွေ့ဖူးခြင်း

အကြောင်းရင်းများ

Corneal Ulcer (မျက်ကြည်လွှာအနာ) ကိုဘာတွေကဖြစ်စေသလဲ

အဓိကအကြောင်းရင်းက ကူးစက်ပိုးဝင်ခြင်းဖြ်စ်ပါတယ်။ ဘတ်တီးရီးယားကူးစက်ပိုးဝင်ခြင်းက မျက်ကပ်မှန်တပ်လေ့ရှိသူတွေမှာ အဖြစ်များပါတယ်။ ဗိုင်းရပ်ပိုးဝင်ခြင်းကလည်း မျက်ကြည်လွှာပြဲခြင်းရဲ့အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ အနာတွေကိုဖြစ်စေတဲ့ရေယုန်ရောဂါပိုးနဲ့ ရေခြောက်၊ခါးပတ်ရေယုန်တွေကို ဖြစ်စေနိုင်တဲ့ ရေယုန်ရောဂါပိုးဗိုင်းရပ်စ်ပိုးတွေ ပါဝင်ပါတယ်။

မှိုပိုးဝင်ခြင်းက အဖြစ်နည်းတတ်ပြီး သစ်ကိုင်းသစ်ခက်တွေကြောင့်ထိခိုက်မိတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ဒီအမျိုးအစားကူးစက်ပိုးလူနာတွေကို စတီးရွိုက်မျက်စဉ်းတွေအသုံးပြုပါတယ်။

အခြားအကြောင်းရင်းတွေကတော့

  • မျက်လုံးခြောက်ခြင်း- ကူးစက်ပိုးတွေကို ကာကွယ်ပေးနိုင်တဲ့မျက်ရည်တွေ မရှိခြင်းကြောင့် အနာကိုဖြစ်စေနိုင်ပတယ်။
  • မျက်လုံးထိခိုက်မိခြင်း- မျက်ကြည်လွှာကိုသေးသေးလးထိခိုက်မိခြင်းကလည်း မျက်ကြည်လွှာအနာကို ဖြစ်စနေိုင်ပါတယ်။
  • ရောင်ရမ်းခြင်းပြဿနာများ
  • ပိုးမသတ်ထားတဲ့မျက်ကပ်မှန်များတပ်ခြင်း
  • ဗီတာမင်အေချို့တဲ့ခြင်း

သတ်မှတ်ရက်ကျော်လွန်သွားတဲ့မျက်ကပ်မှန်များတပ်ခြင်း ၊ ညလုံးပေါက်မျက်ကပ်မှန်တပ်ထားခြင်းတွေက မျက်ကြည်လွှာပေါက်ပြဲနိုင်ချေကို များစေပါတယ်။

ဖြစ်နိုင်ခြေများ

Corneal Ulcer (မျက်ကြည်လွှာအနာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

မျက်ကြည်လွှာအနာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ပါးစပ်အနာ
  • ရေခြောက်
  • မျက်ကပ်မှန်တပ်ခြင်း
  • မျက်ကြည်လွှာထိခိုက်မိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Corneal Ulcer (မျက်ကြည်လွှာအနာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ပြင်းထန်တဲ့အခြေအနေဖြစ်တာကြောင့် မျက်စိအထူးကုဆရာဝန်နဲ့ ပြသင့်ပါတယ်။

  • သင့်နဲ့အနာက မျက်စိအထူးကုဆရာဝန်က အထူးပြုလုပ်ထားတဲ့မျက်လုံးကြည့်အနုကြည့်မှန်ပြောင်းသုံးပြီး စစ်ဆေးပါလိမ့်မယ်။ အနာကကြည့်ဖို့လွယ်တယ်ဆိုရင် ဖလိုရတ်စိန်းပါတဲ့မျက်စဉ်းကို ထည့်ပေးပါလိမ့်မယ်။
  • ကူးစက်ပိုးကြောင့်ဖြစ်ရတဲ့အနာဆိုရင်တော့ အနာတစ်ရှူးနမူနာကိုယူပြီး ဓါတ်ခွဲခန်းပို့အမျိုးအစားခွဲခြားပါလိမ်မ့မယ်။

Corneal Ulcer (မျက်ကြည်လွှာအနာ) ကို ဘယ်လိုကုသပါသလဲ

ဖြစ်ရတဲ့အကြောင်းရင်းကို ဆရာဝန်ရှာတွေ့သွားတဲံအခါ ကုသဖို့ဘတ်တီးရီးယားဆန့်ကျင်ဆေး၊ မှိုဆန့်ကျင်ဆေး၊ ဗိုင်းရပ်ဆန့်ကျင်ဆေးတွေ သင့်လျော်ရာပေးပါလိမ့်မယ်။ ကူးစကပ်ပိုးကဆိုးနေမယ်ဆိုရင်တော့ ဓါတ်ခွဲခန်းမှာစမ်းသပ်အဖြေရှာနေတုန်းမှာ ဘတ်တီးရီးယားဆန့်ကျင်ဆေးမျက်စဉ်ေးတွ ပေးပါလိမ့်မယ်။

ကော်တီကိုစတီးရွိုက်မျက်စဉ်းတွေ အသုံးပြုရပါလိမ့မယ်။ ဆရာဝန်က မျက်စဉ်းကို ရောင်နေတဲ့နေရာကိုခပ်ခိုင်းပါလိမ့်မယ်။

ပြင်းထန်တဲ့အခြေအနေတွမှာ မျက်ကြည်လွှာအစားထိုးခြင်း လုပ်ရနိုင်ပါတယ်။ မျက်ကြည်လွှာအစားထိုးခြင်းက မျက်ကြည်လွှာကိုခွဲစိတ်ဖယ်ရှားပြီး အလှူခံထားတဲ့မျက်ကြည်လွှာနဲ့ အစားထိုးလိုက်ခြင်းဖြစ်ပါတယ်။

ဒီခွဲစိတ်မှုကပေးနိုင်တဲ့ နောက်ဆက်တွဲရလဒ်တွေကတော့-

  • အစားထိုးတစ်ရှူးကို ခုခံအားစနစ်ကငြင်းပယ်ခြင်း
  • ရေတိမ်စွဲခြင်း
  • မျက်လုံးကူးစက်ပိုးဝင်ခြင်း
  • တိမ်စွဲခြင်း
  • မျက်ကြည်လွှာရောင်ခြင်း

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက health condition ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • မျက်ကပ်မှန်တပ်နေတယ်ဆိုရင် ချက်ချင်းချွတ်လိုက်ပါ။
  • ဖြစ်တဲံမျက်လုံးကို ရေခဲကပ်ခြင်း
  • မျက်လုံးကို လက်ချောင်းများနဲ့ ထိကိုင်ခြင်းပွတ်တိုက်ခြင်း မလုပ်ပါနဲ့။
  • လက်ခဏခဏဆေးပြီး သန့်ရှင်းတဲ့ပဝါနဲ့သုတ်ပြီးခြောက်စေခြင်းဖြင့် ကူးစက်ပိုးမပျံ့အောင်ထိန်းခြင်း
  • တိုင်လီနော၊ မိုထရင်ကဲ့သို့သော OTCအကိုက်အခဲများသောက်ပါ။
  • မျက်ကပ်မှန်တပ်ပြီးအိပ်ခြင်းကို ရှောင်ပါ။
  • မျက်ကပ်မှန်မတပ်ခင်နဲ့ တပ်ပြီး သန့်စင်ပါ။ ပိုးသတ်ပါ။
  • အခြားပြင်ပပစ္စည်းတွေကို ဖယ်ရှားဖို့ မျက်လုံးဆေးခြင်း
  • မျက်လုံးကိုမကိုင်ခင် လက်ဆေးခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement