backup og meta

ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း

    ရေချိုးပြီးတိုင်း မျက်လုံးရဲ တတ်တဲ့သူများ ရှိပါသလား။ ဒါဆိုရင်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတော်တော်များများက ရေချိုးပြီးရင် မျက်လုံးရဲတတ်ကြပါတယ်။ တစ်ဖက်တည်း ဒါမှမဟုတ် နှစ်ဖက်လုံး ဖြစ်တတ်ပါတယ်။ အခုတစ်ခေါက်တော့ ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း လေးတွေကို ပြောပြပေးသွားဖို့ ရှိပါတယ်။

    တစ်ခါတလေ မျက်လုံးကြီးသိပ်ရဲနေတာကြောင့် လေများဖြတ်ချင်နေတာလား (အထူးသဖြင့် လူကြီးတွေမှာ)ဆိုပြီး တွေးတတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲ။ သူများတွေ ပြောသလို အန္တရာယ်ရှိတဲ့ အခြေအနေလားဆိုတာ ကြည့်ကြရအောင်။

    မျက်လုံးဘာကြောင့်ရဲရတာလဲ။

    မျက်လုံးရဲရတဲ့ အကြောင်းတွေကတော့ အများကြီးပါပဲ။

    ဒါတွေထဲမှာ မပါတာကတော့ ရေချိုးပြီးရင်လည်း မျက်လုံးရဲတတ်တယ်ဆိုတာပါပဲ။

    ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း

    ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း တွေကတော့

    • ရေမသန့်တာ

    တစ်ခါတလေမှာ သင်ချိုးတဲ့ ရေထဲမှာ အမှုန်တွေ၊ အမှိုက်သေးသေးလေးတွေ ပါနေတတ်ပါတယ်။ ဒါလေးတွေ မျက်လုံးထဲကို ဝင်လာတဲ့အခါ မျက်သားကို ကလိကလိ ဖြစ်စေပါတယ်။ ဒါ့ပြင် မျက်လုံးယားလို့ဆိုပြီး ထပ်ပွတ်လိုက်တဲ့အခါ မျက်လုံးက ပိုရဲသွားပါတယ်။

    • ဓာတ်မတည့်စေတဲ့ သတ္တုဓာတ်ပါနေလို့

    ရေထဲမှာ ကိုယ်နဲ့ မတည့်တဲ့ ဓာတ်ပစ္စည်းတွေ ပါနေပြန်ရင်လည်း မျက်စိနီတတ်ပါတယ်။ ရေကူးကန်မှာ ရေသွားကူးရင်း ကလိုရင်းနဲ့ မတည့်တဲ့အခါမျိုးမှာလည်း ဒီလိုဖြစ်တတ်ပါတယ်။

    ကလိုရင်းကြောင့် မဟုတ်ဘဲ အတူကူးတဲ့သူရဲ့ ချွေးတွေ၊ ဆီးတွေကြောင့်လည်း မျက်လုံးရဲတတ်ပါတယ်။ ရေကူးကန် မသန့်တာပေါ့။ ဒါကို ကာကွယ်ဖို့ ရေကူးမျက်မှန်တပ်နိုင်ပါတယ်။ အထိုက်အလျောက်တော့ သက်သာမှာပါ။

    • ဆပ်ပြာတွေကြောင့်

    မျက်နှာပေါ် စီးကျလာတဲ့ ခေါင်းလျှော်ရည်တွေ၊ ဆပ်ပြာတွေနဲ့ မတည့်တဲ့အခါ မျက်လုံးနီတတ်ပါတယ်။

    • မျက်လုံးကို ပွတ်သပ်တာ

    တချို့က ရေချိုးရင်း မျက်နှာသစ်တဲ့အခါ လိုတာထက် ပိုပြီး ပွတ်သပ်မိတတ်ပါတယ်။ ဒါကြောင့်လည်း မျက်လုံးနီနိုင်ပါတယ်။

    • ရေနဲ့ လောင်းချတာ

    ရိုးရိုးသာမန်ရေနဲ့ မျက်လုံးနဲ့ ထိတွေ့ပါ များရင်လည်း နီလာတတ်ပါတယ်။

    • ရေနွေးနဲ့ ချိုးတာ

    အထူးသဖြင့် ဆောင်းတွင်းမှာ ပြင်ပအပူချိန်က အေးလို့ သွေးကြောတွေ ကျုံ့နေချိန်မှာ ရေနွေးနဲ့ ရေချိုးချလိုက်တဲ့အခါ မျက်သားက သွေးကြောတွေ ကျယ်လာပြီး နီတတ်ပါတယ်။

    ဘယ်လိုကုသကြမလဲ။

    အရင်ဆုံး အိမ်မှာလုပ်လို့ရတဲ့ နည်းတွေ ပြောပြပါ့မယ်။

    • ရေနွေးဝတ်လေး ကပ်ပါ။

    သဘက်ကို ရေနွေးစိမ်ပြီး မျက်လုံးပေါ် ၁၀မိနစ်လောက် အုပ်ထားပါ။ ခံနိုင်လောက်တဲ့ အပူချိန်ပဲ ဖြစ်ပါစေ။ ရေနွေးဝတ်က မျက်လုံးကို သွေးလည်ပတ်မှုကောင်းစေပြီး အဆီတွေ ထွက်စေတာကြောင့် စိုစွတ်ပြီး နီတာသက်သာပါလိမ့်မယ်။

    • ရေခဲဝတ်ကပ်ပါ။

    ရေနွေးကပ်တာ မကြိုက်ရင် ဒါမှမဟုတ် မသက်သာရင် ရေခဲဝတ်ပြောင်းကပ်ပါ။ ခပ်သန့်သန့်အဝတ်စကို ရေခဲရေထဲစိမ်ပြီး ခြောက်အောင်ညှစ်ပါ။ ခံနိုင်လောက်အောင် အအေးဓာတ်ရပြီဆိုရင် မျက်လုံးပေါ် အသာအယာ ကပ်ထားပါ။ အထူးသဖြင့် ဓာတ်မတည့်လို့ မျက်လုံးနီတာဆိုရင် နီရဲတာအပြင် ရောင်ရမ်းတာကိုပါ သက်သာစေပါတယ်။

    • မျက်လုံးကို ဆေးချပါ။

    တစ်ခါတလေ အထဲမှာ တစ်ခုခုဝင်နေလို့ ကလိကလိဖြစ်ပြီး မျက်လုံးရဲနေတယ်ဆိုရင်တော့ ရေကြက်သီးနွေးလေးနဲ့ မျက်လုံးကို ဆေးပေးနိုင်ပါတယ်။ ရေခွက်ထဲကို ရေကြက်သီးနွေးထည့်ပြီး မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ပေးပါ။

  • မျက်ကပ်မှန်လဲပါ။
  • ရေကြောင့်မဟုတ်ဘဲ မျက်ကပ်မှန် မသန့်ရှင်းတာကြောင့်လည်း မျက်စိရဲနိုင်တာမို့လို့ မျက်ကပ်မှန်ကိုလည်း လဲကြည့်ပေးပါ။

    ဘယ်လိုအချိန်မှာ ဆေးရုံသွားသင့်လဲ။

    ရေချိုးပြီးလို့ မျက်လုံးရဲတာက အန္တရာယ်ရှိတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒီတိုင်းထားလိုက်ရင်တောင် နာရီပိုင်းလောက်ဆို သက်သာသွားပါတယ်။ ဒါမှမဟုတ် အပေါ်က နည်းလမ်းတွေနဲ့ အလွယ်တကူသက်သာသွားနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ

    • တစ်ရက် နှစ်ရက်နဲ့ မသက်သာဘူး။
    • မျက်လုံးတွေ အောင့်လာမယ်။
    • မျက်ရည်ပူတွေ ကျလာမယ်။
    • မျက်လုံးထဲမှာ တစ်ခုခုဝင်နေပြီး ပြန်ထွက်မသွားဘူး။ ကလိကလိ ဖြစ်နေတယ်။
    • ပြည်လိုမျိုးတွေပါ ထွက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားပြဖို့ အကြံပေးချင်ပါတယ်။

    ရေချိုးပြီး မျက်လုံးရဲတာ သက်သက်ကတော့ ဘာမှမဖြစ်လို့ စိတ်မပူဖို့ ပြောပါရစေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement