backup og meta

မျက်တွင်းချိုင့်ခြင်းအတွက် အသုံးပြုသင့်တဲ့ အသားဖြည့်ထိုးဆေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 17/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်တွင်းချိုင့်ခြင်းအတွက် အသုံးပြုသင့်တဲ့ အသားဖြည့်ထိုးဆေး

    မျက်ကွင်း ညိုခြင်း နဲ့ မျက်လုံး တဝိုက် အရေးအကြောင်းတွေဟာ သင့်ကို အိုမင်းရင့်ရော်စေသလို နွမ်းနယ် နေပုံလည်း ပေါက်စေပါတယ်။ ဒါကြောင့် မျက်လုံး တဝိုက်ကို filler အသားဖြည့်ထိုးဆေး ထိုးခြင်းဟာ အခု နောက်ပိုင်း ခေတ်စားလာတဲ့ အလှအပ ရေးရာ နည်းလမ်း တမျိုးပဲ ဖြစ်ပါတယ်။ Filler ထိုးခြင်းဟာ ခွဲစိတ်စရာ မလိုတဲ့အတွက် နာကျင်မှုမရှိဘဲ လျင်မြန်စွာ အကျိုးအာနိသင် သက်ရောက်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

    မျက်တွင်းချိုင့်ခြင်းအတွက် အသုံးပြုသင့်တဲ့ အသားဖြည့်ထိုးဆေး နဲ့ ပတ်သက်ပြီး ပိုမို သိရှိလာနိုင်ဖို့အတွက် ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရအောင်။

    မျက်တွင်းချိုင့်ခြင်းအတွက် အသုံးပြုသင့်တဲ့ အသားဖြည့်ထိုးဆေး ထိုးတယ်ဆိုတာ ဘာလဲ။

    Filler ထိုးတယ် ဆိုတာ ရိုးရှင်းပြီး ခွဲစိတ်စရာမလိုတဲ့ အလှအပပြုပြင်မှု နည်းလမ်းလေးတခု ဖြစ်ပြီး အလှအပဆေးခန်းအတော်များများမှာ ပြုလုပ်နိုင်ပါတယ်။ မျက်လုံးတဝိုက်မှာရှိတဲ့ အရေပြားဟာ ပါးတဲ့အပြင် အာရုံကြောမျှင်လေးတွေကလည်း အဆိုပါဧရိယာမှာ ထူထပ်သိပ်သည်းစွာ ရှိနေတာမို့ အင်မတန်ထိခိုက်လွယ်ပါတယ်။

    အရေးကြောင်းဖြစ်ပေါ်ခြင်း၊ မျက်ကွင်းညိုခြင်း ဒါမှမဟုတ် အဆီပိုတွေ စုခြင်းတို့ဟာ အဖြစ်များတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ Filler ထိုးခြင်းဟာ မျက်လုံး တဝိုက်က ချိုင့်နေတဲ့ နေရာလေးတွေကို ပြန်လည် ပြည့်တင်းလာအောင် ဖြည့်ပေးတဲ့ ခေတ်ပေါ်အလှအပထိန်းသိမ်းနည်း တမျိုးပါ။ Filler ထဲမှာ ပါဝင်တဲ့ မော်လီကျူးလေးတွေဟာ အရေပြားအောက်မှာ လျင်မြန်ညီညာစွာပျံ့နှံ့သွားပြီး မျက်လုံးတဝိုက်ကို ရေဓာတ်လည်း ဖြည့်ပေးနိုင်တာကြောင့် သင့်မျက်လုံးတဝိုက်ကို နူးညံ့စိုပြည်စေတဲ့အပြင် မျက်ကွင်းညိုခြင်းကိုလည်း သက်သာစေပါတယ်။

    မျက်တွင်းချိုင့်ခြင်းနဲ့ မျက်ကွင်းညိုခြင်း ဘာလို့ဖြစ်သလဲ။

    မျက်တွင်း ချိုင့်ခြင်းနဲ့ မျက်ကွင်း ညိုခြင်း ကို ဖြစ်စေတဲ့ အချို့သော အကြောင်းရင်းတွေက

    · အိုမင်းရင့်ရော်ခြင်းကြောင့် မျက်လုံး တဝိုက်မှာရှိတဲ့ အဆီတွေ ကျုံ့သွားခြင်း။

    · စိတ်ဖိစီးမှု များပြားခြင်း၊ အိပ်ရေးပျက်ခြင်း သို့မဟုတ် နောက်ကျမှ အိပ်တဲ့ အလေ့အထ ရှိခြင်း။

    · မျက်လုံးရဲ့ အပေါ်ရော အောက်ပါ ချိုင့်သွားတဲ့ အတွက် မျက်လုံးအိမ်ဟာ အတွင်းထဲ ပိုမို ဝင်နေသလို ထင်ရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

     Filler ဘယ်လို ထိုးသလဲ။

    Filler မထိုးခင်မှာ ဆရာဝန် အနေနဲ့ လိုအပ်တဲ့ စမ်းသပ်မှုတွေကို ဦးစွာ ပြုလုပ်ပါမယ်။ မျက်တွင်း ချိုင့်တဲ့ အခြေအနေပမာဏအတိုင်းအတာကို ကြည့်ရှုစစ်ဆေးမှာဖြစ်ပြီး အဆိုပါ အချက်ပေါ်အခြေခံကာ သုံးစွဲရမယ့် filler ပမာဏနဲ့ ထိုးရမယ့်နေရာတို့ကို ရွေးချယ်ပါလိမ့်မယ်။ Filler ထိုးတဲ့အခါ ရောင်ရမ်းခြင်းတွေ မဖြစ်ပေါ်စေဖို့အတွက် မျက်လုံးတဝိုက်အရေပြားကို သန့်စင်ရှင်းလင်းပါမယ်။

    ပြင်ဆင်စရာရှိတာတွေအားလုံး ပြင်ဆင်ပြီးတဲ့အခါ ဆရာဝန်အနေနဲ့ micrometer လို့ခေါ်တဲ့ ပစ္စည်းကလေးကို အသုံးပြုပြီး ချိုင့်နေတဲ့ မျက်တွင်းထဲကို filler ထိုးထည့်မှာ ဖြစ်ပါတယ်။ ထိုးထည့်လိုက်တဲ့ အရည်လေးတွေဟာ အရေပြားအောက်မှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ချိုင့်နေတဲ့နေရာတွေကို ဖြည့်ပေးမှာဖြစ်တဲ့အပြင် မျက်ကွင်းညိုစေတဲ့ သွေးကြောတွေကိုလည်း ဖုံးအုပ်ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

    ဒါကြောင့် မျက်လုံးတဝိုက် အသားအရေဟာ ပိုမိုနူးညံ့၊နုပျို သွားမှာဖြစ်ပါတယ်။  Filler ထိုးခြင်းဟာ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတခုဖြစ်ပေမယ့် မျက်လုံးရဲ့ ဘေးနှစ်ဖက်လုံးကို ညီညီမျှမျှ ဖြည့်ပေးဖို့အတွက် ဆရာဝန်ရဲ့ ကျွမ်းကျင်မှု လိုအပ်ပါတယ်။

    မျက်လုံးအောက်ဖက်မှာ ရှိတဲ့ အရေပြားဟာ အင်မတန်ထိရှလွယ်တဲ့ နေရာဖြစ်တာကြောင့် filler မထိုးခင်မှာ သင့်ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 17/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement