backup og meta

မျက်စိပူခြင်း ညောင်းခြင်းကို ဘယ်လိုဖြေရှင်းကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 25/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်စိပူခြင်း ညောင်းခြင်းကို ဘယ်လိုဖြေရှင်းကြမလဲ

    မျက်စိပူခြင်း ညောင်းခြင်း ပင်ပန်းခြင်းတို့ကနေ မျက်လုံးကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ဖြစ်တာကတော့ ရှားပါတယ်။ မသက်မသာ ဖြစ်နိုင်ပေမယ့် မျက်စိ ထိခိုက်ခြင်းကိုတော့ မဖြစ်စေပါဘူး။ မျက်စိပူခြင်း ညောင်းခြင်းကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

    မျက်စိကိုက်ခြင်းဆိုတာ ဘာလဲ။

    မျက်စိကိုက်ခြင်းဆိုတာ ရောဂါလက္ခဏာ ဖြစ်ပြီး သူ့မှာ နောက်ခံအကြောင်းရင်းတစ်ခု ရှိနိုင်ပါတယ်။ သင် အချိန်အကြာကြီး အလုပ်လုပ်ပြီး (ဥပမာ ကားမောင်းခြင်း၊ ကွန်ပျူတာသုံးခြင်း၊ စာဖတ်ခြင်းတို့ အပြီး)ရင် ဖြစ်တတ်ပါတယ်။ တစ်ခုခုကို ကြည့်လိုက်တဲ့အချိန်မှာ မသက်မသာ ဖြစ်နေပြီဆိုရင် မျက်ရိုးကိုက်ခြင်းတာ ဖြစ်နိုင်ပါသည်။ ပုံမှန်အားဖြင့်တော့ မျက်လုံးကို အနားပြန်ပေးလိုက်ရင် သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် အချို့သော အခြေအနေမှာတော့ ကုသမှု လိုအပ်နိုင်ပါတယ်။

    မျက်ရိုးကိုက်ခြင်း ဘာကြောင့် ဖြစ်သလဲ။

    အခုခေတ်ရဲ့ နေထိုင်မှု ဘဝပုံစံအရ အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းက ကွန်ပျူတာ၊ ဖုန်းကို အချိန် ကြာမြင့်စွာ အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ အရွယ်ရောက်တဲ့သူက အနည်းဆုံး တစ်ရက် ရှစ်နာရီလောက် ကွန်ပျူတာ အသုံးပြုတတ်ပါတယ်။ ဒါကြောင့် ပုံမှန်ထက် မျက်လုံး ခြောက်ခြင်း၊ မျက်လုံးညောင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အမှောင်ထဲတွင် အလင်းမတင်ဘဲ ဖုန်းကြည့်ဖို့ ကြိုးစားတဲ့အခါ မျက်ခွံရှိ ကြွက်သားများ မျက်မှောင်ကျုံ့ရပါတယ်။ ဒါကြောင့် ကြွက်သားများ နာခြင်း၊ ပိုဖိအား များခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

    ဒါ့ပြင် တချိုု့သူတွေမှာ ခေါင်းကိုက်ခြင်း သို့မဟုတ် အမြင်ဝါးခြင်း၊ အရင် ရှိပြီးသား မျက်စိပြဿနာများကြောင့် ပိုဆိုးခြင်းတို့ ဖြစ်နိုင်ပါတယ်။ အဝေးမှုန်ခြင်း အမြင်ဝါးခြင်း၊ အိပ်ရေးမဝခြင်း၊ အလုပ် ဖိအားများခြင်း သို့မဟုတ် နုံးခြင်းတို့က ရောဂါလက္ခဏာများကို ပိုဆိုးလာစေနိုင်ပါတယ်။

    မျက်ရိုးကိုက်ခြင်း လက္ခဏာတွေက ဘာလဲ။

    လက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • မျက်စိ ယားခြင်း
    • မျက်စိ ခြောက်ခြင်း
    • မျက်ရည်ပူကျခြင်း
    • မျက်စိ ဝါးခြင်း
    • အလင်း မခံနိုင်ခြင်း
    • မျက်လုံး နာခြင်း
    • မျက်လုံးနီခြင်း
    • အမြင်အာရုံ ပြောင်းလဲခြင်း

    သင့်တွင် အထက်ပါ ပြဿနာများ ရှိပါက မျက်လုံး စမ်းသပ်ခြင်းများ လုပ်သင့်ပါတယ်။ မျက်ရိုးကိုက်ခြင်းကြောင့် ဖြစ်နိုင်ပေမယ့် နားပြီးမသက်သာဘူးဆိုရင် အခြားရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထက်ပါ လက္ခဏာများကို အချိန်အကြာကြီးခံစားရခြင်း၊ ခဏခဏ ဖြစ်နေခြင်းတို့ ရှိပါက ဆရာဝန်နဲ့ ချက်ချင်း တိုင်ပင်သင့်ပါတယ်။

    မျက်စိပူခြင်း ညောင်းခြင်းကို ဘယ်လိုဖြေရှင်းကြမလဲ

    မျက်ရိုးကိုက်ခြင်းကို ဖြေရှင်းဖို့က ရိုးစင်းပါတယ်။ နည်းလမ်းတွေကတော့ မျက်လုံးကို ထိခိုက်စေတဲ့ အကျင့်တွေ (ဥပမာ တီဗွီရှေ့မှာ အကြာကြီး ထိုင်ခြင်း၊ ဖုန်းအကြာကြီး သုံးခြင်း သို့မဟုတ် အခြား ဒစ်ဂျစ်တယ်ပစ္စည်းများကို အကြာကြီး သုံးခြင်း) ကို ရှောင်ကြဉ်သင့်ပါတယ်။

    ဒါ့ပြင် အလုပ်လုပ်တဲ့ အချိန်နဲ့ နားတဲ့အချိန်ကို မျှမျှတတ ထားသင့်ပါတယ်။ မျက်လုံးကို အားဖြည့်ပေးနိုင်အောင် ဗီတာမင် ကြွယ်ဝတဲ့ အသီးအရွက်တွေ၊ အသီးအနှံတွေ များများစားပေးပါ။ လိုအပ်ရင် အားဆေးသောက်ပါ။

    အရေးကြီးတဲ့ အချက်က အိပ်ရေးဝအောင်အိပ်ပါ။ အရွယ်ရောက်သူတစ်ယောက်က ၆ နာရီမှ ၇ နာရီထိအိပ်သင့်ပါတယ်။ ၁၁နာရီ မတိုင်မီ အိပ်ခြင်းက သင့်မျက်လုံးသာမက ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ကျန်းမာစေနိုင်ပါတယ်။

    ရေးသားသူ – Nadi

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 25/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement