backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nearsighted (အဝေးမှုန်ခြင်း)


Dr. Sandy Kyaw မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Nearsighted (အဝေးမှုန်ခြင်း) ကဘာလဲ။

Myopia လို့လည်းသိထားကြသည့် အဝေးမှုန်ခြင်းသည် အမြင်အာရုံနဲ့ဆိုင်သည့် ရောဂါတစ်မျိုးဖြစ်ပြီး အနီးနားက ပစ္စည်းများကို ပြတ်သားစွာ မြင်ရသော်လည်း အဝေးမှ အရာတွေကိုတော့ မမြင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါသည်။ အဝေးမှုန်ပြီဆိုလျှင် အဝေးမှအရာဝတ္ထုများကို တွေ့မြင်နိုင်ရန် ခက်ခဲလေ့ရှိပါသည်။ ဥပမာအားဖြင့် ကားလမ်းမပေါ်မှ သင်္ကေတဆိုင်းဘုတ်များကို သုံး၊ လေးပေအကွာရောက်မှ သေချာမြင်နိုင်တာမျိုး ဖြစ်သည်။ ဒီအခြေအနေသည် တဖြည်းဖြည်း သို့မဟုတ် လျင်မြန်စွာ ဆိုးဝါးနိုင်ပြီး ကလေးဘဝနှင့် ကြီးကောင်ဝင်ချိန်တွေမှာ ပိုဆိုးလာတတ်ပါသည်

Nearsighted (အဝေးမှုန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဤကျန်းမာရေးအခြေအနေသည် အသက် ၈ နှစ်မှ ၁၂ နှစ်အတွင်းရှိသူများမှာ အဖြစ်များတတ်သော်လည်း မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်ပါသည်။ ဝေဒနာဖြစ်စေနိုင်သည့် အကြောင်းရင်းများကို လျှော့ချခြင်းဖြင့် ၎င်းကိုထိန်းချုပ်နိုင်ပါသည်။ နောက်ထပ်သိလိုသည်များအတွက် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Nearsighted (အဝေးမှုန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဝေးမှုန်ခြင်း၏ အတွေ့ရများတဲ့လက္ခဏာတွေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • အဝေးကအရာတွေကိုကြည့်ရတွင် မှုန်ဝါးခြင်း
  • ပြတ်ပြတ်သားသားမြင်နိုင်ဖို့ရန် မျက်စိကိုမှေးရန် သို့မဟုတ် ပိတ်လုနီးပါးအထိပြုရန် လိုအပ်ခြင်း
  • မျက်စိအားစိုက်ရခြင်းကြောင့် ခေါင်းကိုက်ခြင်း
  • ယာဉ်မောင်းနေစဉ် – အထူးသဖြင့် ညဖက်တွင် – မြင်နိုင်ရင်ခက်ခဲခြင်း

ကလေးသူငယ်များ အဝေးမှုန်ခြင်း၏ အတွေ့ရများသည့် လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • မကြာခဏ မျက်လုံးမှေးပြီးကြည့်ခြင်း
  • တီဗွီ၊ ရုပ်ရှင်ဖန်သားပြင်နဲ့ ပိုမိုနီးကပ်စွာထိုင်ရန် လိုအပ်ခြင်း သို့မဟုတ် စာသင်ခန်းရှေ့ဆုံးတွင်ထိုင်ရန် လိုအပ်ခြင်း
  • အဝေးမှအရာများကို ဂရုမပြုမိခြင်း
  • မျက်တောင်အလွန်ခတ်ခြင်း
  • မျက်လုံးကိုမကြာခဏ ပွတ်သပ်ခြင်း

အပေါ်တွင် ဖော်ပြထားတဲ့အထဲ မပါဝင်သည့် လက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ လက္ခဏာတစ်ခုခုနှင့် ပတ်သက်၍ စိုးရိမ်စရာရှိပါက သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါတို့မှ တစ်ခုခုဖြစ်နေပြီဆိုပါက ဆရာဝန်နဲ့ တိုင်ပင်သင့်ပါသည်။

  • အဝေးမှအရာများကို ကောင်းစွာမမြင်ရသဖြင့် လုပ်ငန်းဆောင်တာတစ်ခုခုကို သင်ဆန္ဒရှိသလောက် ကောင်းကောင်းမွန်မွန် မဆောင်ရွက်နိုင်ခြင်း
  • သင်၏အမြင်အာရုံအခြေအနေက သင်၏လုပ်ငန်းဆောင်ရွက်မှုများကို ထိခိုက်မှုရှိလာခြင်း
  • အလင်းရောင်များ အစက်အပြောက်များ ရုတ်တရက် မြင်ရခြင်း သို့မဟုတ် သင်၏မြင်ကွင်းကို အရိပ်မည်းတစ်ခု ဖုံးကွယ်ခြင်းမျိုး ကြုံရခြင်း

အကြောင်းရင်းများ

Nearsighted (အဝေးမှုန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဝေးမှုန်ခြင်းမှာ မျက်ဆန်အလွန်ရှည်လျားခြင်း သို့မဟုတ် မျက်ကြည်လွှာအခုံးမှာ မတ်စောက်လွန်းခြင်းကြောင့် ဖြစ်နိုင်ပြီး၊ ထို့ကြောင့် အလင်းတန်းများမှာ မျက်စိထဲဝင်ရောက်လာချိန်တွင် မျက်စိအာရုံခံလွှာပေါ်သို့ မကျရောက်ပဲ မျက်စိ၏အရှေ့ဘက်သို့ ကျရောက်ကာ ပုံရိပ်များမှုန်ဝါးရခြင်း ဖြစ်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Nearsighted (အဝေးမှုန်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အဝေးမှုန်ခြင်းကို ဖြစ်စေနိုင်တဲ့အရာများ အများအပြားရှိပြီး၊ ဥပမာအားဖြင့် အောက်ပါအတိုင်း ဖြစ်ပါသည်။

  • မိသားစုရာဇဝင်။ အဝေးမှုန်ခြင်းသည် မိသားစုဝင်တွေများတွင် ဖြစ်လေ့ဖြစ်ထရှိပြီး သင်၏မိဘတစ်ဦး သို့မဟုတ် နှစ်ဦးလုံး အဝေးမှုန်ပါက သင်လည်းဤသို့ဖြစ်ဖို့ ပိုဖြစ်နိုင်ခြေရှိပါသည်။
  • စာအလွန်ဖတ်ခြင်း
  • ပြင်ပတွင်နေချိန်နည်းခြင်းကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေများ
  • ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Nearsighted (အဝေးမှုန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    မျက်စိစစ်ဆေးခြင်းဖြင့် သင့်တွင်အဝေးမှုန်ခြင်း ဖြစ်နေပြီကို အတည်ပြုနိုင်သည်။ အလုံးစုံမျက်စိစစ်ဆေးမှုတွင် စစ်ဆေးမှုအများအပြား ပြုလုပ်ရနိုင်သည်။ ဆရာဝန်က ကိရိယာ အများအပြား အသုံးပြုခြင်း၊ တောက်ပသည့်အလင်းရောင်များကို သင့်မျက်လုံးထဲတည့်တည့်သို့ ထိုးခြင်းနှင့် မှန်ဘီလူးများထဲသို့ ကြည့်စေခြင်းများ ပြုလုပ်နိုင်သည်။ ဤစစ်ဆေးမှုများ၏ ရည်ရွယ်ချက်မှာ သင်၏မျက်လုံးများနှင့် အမြင်အာရုံ၏ ရှုထောင့်အမျိုးမျိုးကို စမ်းသပ်ရန်ဖြစ်ပြီး၊ အမြင်အာရုံ ပြတ်သားမှုရရှိရန် မျက်မှန်များ၊ မျက်ကပ်မှန်များနှင့်အတူ မည်သည့်ဆေးဝါးများ အသုံးပြုရန်လိုမည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။

    Nearsighted (အဝေးမှုန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    မျက်မှန် သို့မဟုတ် မျက်ကြည်လွှာခွဲစိတ်ကုသခြင်းများဖြင့် အလင်းရောင်ကို သင်၏မျက်စိအာရုံခံလွှာပေါ်ကို ကျရောက်စေရန် ပြုလုပ်နိုင်ပြီး အဝေးမှုန်ခြင်းကို ကုသနိုင်သည်။

    အဝေးမှုန်ခြင်းကိုကုသရန် မျက်မှန်တပ်ဆင်ခြင်းဖြင့် မျက်ကြည်လွှာ ခုံးမှုနှင့် မျက်ဆန်ရှည်လျားမှုတို့ကို တန်ပြန်ရန်မည်ဖြစ်သည်။ မျက်မှန်အတွက် bifocal, trifocal နှင့် စာဖတ်မျက်မှန် အမျိုးအစား မျက်မှန်များနှင့် မျက်လုံးပေါ်တွင် တိုက်ရိုက်ကပ်ရသော မျက်ကပ်မှန်များအား အသုံးပြုနိုင်သည်။

    အကယ်၌ အဝေးမှုန်ခြင်းအတွက် မျက်မှန်မဝတ်ဆင်လိုပါက မျက်ကြည်လွှာခွဲစိတ်မှုကို စဉ်းစားနိုင်ပါသည်။ ဤနည်းလမ်းက မျက်မှန်နှင့် မျက်ကပ်မှန်များအသုံးပြုရန် လိုအပ်မှုကို လျှော့ချခြင်း သို့မဟုတ် ပပျောက်စေခြင်းအထိ ဖြစ်စေရန် ကူညီနိုင်သည်။ အတွေ့ရအများဆုံးကုသမှုများမှာ photorefractive keratectomy ခွဲစိတ်မှုဖြင့် မျက်ကြည်လွှာတစ်သျှူးလွှာတစ်ခုကို ဖယ်ထုတ်ခြင်း၊ လေဆာအထောက်အကူပြု situ keratomileusis ကုသမှုဖြင့် femto လေဆာ သို့မဟုတ် စက်ကိရိယာတစ်ခုကို အသုံးပြုကာ မျက်ကြည်လွှာထိပ်ပိုင်းမှ ပါးလွှာသောအပြားတစ်ခုကို ဖြတ်ထုတ်ခြင်းတို့ ဖြစ်သည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    မည်သည့် နေထိုင်မှုပုံစံပြောင်းလဲမှုနှင့် အိမ်တွင်းကုထုံးများဖြင့်

    အဝေးမှုန်ခြင်းကို ထိန်းချုပ်နိုင်မည်နည်း။

    အောက်ပါ နေထိုင်မှုပုံစံပြောင်းလဲမှုနှင့် အိမ်တွင်းကုထုံးများဖြင့်

    အဝေးမှုန်ခြင်းကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

    • မျက်စိကိုပုံမှန်စစ်ဆေးခြင်း
    • ဆီးချိုနှင့် သွေးဖိအားများခြင်းကဲ့သိုပ နာတာရှည်ရောဂါများကို ထိန်းချုပ်ခြင်း
    • ခရမ်းလွန်ရောင်ခြည်ကို ပိတ်ဆို့ပေးသော မျက်မှန်များတပ်ဆင်ပြီး မျက်လုံးကို နေရောင်မှ ကာကွယ်ခြင်း
    • မျက်စိအနာတရဖြစ်ခြင်းမှ ကာကွယ်ခြင်း။ အားကစားလုပ်ခြင်း၊ မြက်ရိတ်ခြင်း၊ ပန်းချီဆွဲခြင်း သို့မဟုတ် အဆိပ်အတောက်ဖြစ်စေသော အငွေ့များပါသည့် အရာများကို အသုံးပြုခြင်း အစရှိသည့် ကိစ္စများတွင် မျက်စိကို အကာအကွယ်ပေးမည့် မျက်မှန်များ ဝတ်ဆင်သင့်သည်။
    • ဆေးလိပ်သောက်ပါက ဖြတ်ခြင်း။ ဤသို့ပြုလုပ်ခြင်းဖြင့် သင်၏မျက်စိအတွက်သာမက ခန္တာကိုယ်ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်နိုင်သည်။
    • သင့်လျော်သောမျက်မှန်ကို အသုံးပြုခြင်း
    • မျက်စိကိုအားစိုက်ခြင်းအား လျှော့ချခြင်း။ ကွန်ပျူတာအသုံးပြုခြင်း သို့မဟုတ် စာဖတ်ခြင်း ပြုလုပ်ရာတွင် မိနစ်အနည်းငယ်ကြာတိုင်း အခြားနေရာသို့ အကြည့်လွှဲခြင်းဖြင့် မျက်လုံးများအား အနားပေးသင့်သည်။

    မေးမြန်းလိုသည်များရှိပါက၊ သင့်အတွက်အဖြေကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန် သင်၏ဆရာဝန်နှင့် တိုင်ပင်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandy Kyaw မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement