backup og meta

ညဘက်တွေမှာ ဘာကြောင့် မျက်စိယားယံ တာလဲ၊ ဘယ်လိုဖြေရှင်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 31/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဘက်တွေမှာ ဘာကြောင့် မျက်စိယားယံ တာလဲ၊ ဘယ်လိုဖြေရှင်းမလဲ

    မျက်စိယားယံ တယ်ဆိုတာ များသောအားဖြင့် ကိုယ့်ရဲ့ နေထိုင်မှုပုံစံကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်၊၊ ဒီဆောင်းပါးမှာ ညဘက်တွေမှာ ဘာကြောင့် မျက်စိယားယံ တာလဲ၊ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။

    မျက်စိယားယံ ရတဲ့ အကြောင်းရင်း

    ၁။ ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်တဲ့ ဆပ်ပြာ၊ ဓာတုဗေဒပစ္စည်းတစ်မျိုးမျိုး ဒါမှမဟုတ် အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ထားတဲ့အဝတ်နဲ့ မျက်လုံးကို ပွတ်မိလိုက်တဲ့အခါ မျက်စိက နီရဲပြီး ယားယံလာတတ်ပါတယ်။

    ၂။ အပြင်က ဝင်လာတဲ့ ဖုန်မှုန့်တွေ၊ ဆေးလိပ်မီးခိုးငွေ့နဲ့ ရေမွှေးဖျန်းလိုက်တဲ့အခါ ထွက်လာတဲ့ ရေစက်အမှုန်အမွှားတွေဟာလည်း မျက်စိမှာ ကပ်နေနိုင်ပြီး တဖြည်းဖြည်းနဲ့ ယားယံလာတာမျိုးလည်း ရှိပါတယ်။

    ၃။ တစ်နေ့လုံး ကွန်ပျူတာ အသုံးပြုပြီး အလုပ်လုပ်နေရတာ၊ တီဗီကြည့်နေတာ၊ ဖုန်းကို မျက်နှာနဲ့ နီးနီးကပ်ကပ်အသုံးပြုတဲ့အခါ ညရောက်လာရင် မျက်စိက ညောင်းကိုက်ပြီး ယားယံခြင်းဖြစ်စေနိုင်ပါတယ်။

    ၄။ နံပါတ် ၃ အချက်မှာ ပြောခဲ့တာတွေကို နေ့စဉ်ရက်ဆက် လုပ်နေတဲ့အခါ မျက်စိက ကြာလာရင် အရည်ခမ်းပြီး ခြောက်သွားတတ်ပါတယ်။ ဒီဖြစ်စဉ်ကို Dry Eyes လို့လည်း ခေါ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မျက်စိက ခြောက်ကပ်နေတဲ့အတွက် အပြင်က ဖုန်မှုန့်တွေအလွယ်တကူလည်း ကပ်ငြိနိုင်သလို မျက်စိထဲ ဘာမှမဝင်ဘဲနဲ့လည်း သူ့အလိုလို ယားယံတာမျိုး ဖြစ်တတ်ပါတယ်။

    ၅။ မျက်ခုံးမွေးရဲ့ အောက်ခြေမှာရှိနေတဲ့ မွေးညှင်းပေါက်တွေဟာ အဆီ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေပိတ်မိခြင်းကြောင့် မျက်စိယားယံပြီး နီရဲရောင်ရမ်းခြင်း (Blepharitis) ဖြစ်စေပါတယ်။ တစ်ခါတလေမှာ မျက်တောင်မွေး သန်းတွယ်တာ၊ ဘက်တီးရီးယားပိုး ကူးစက်ခံရတာ၊ အဆီဂလင်းရဲ့ လုပ်ဆောင်ချက် ပုံမှန်မဟုတ်တာ၊ သောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဒီလိုဖြစ်နိုင်ပါတယ်။

    ၆။ မျက်စိနာတာ (Pink eyes) ကြောင့်လည်း ညဘက်တွေမှာ မျက်စိယားယံ တာမျိုး ဖြစ်စေပါတယ်။ မျက်စိနာနေတဲ့လူတစ်ယောက်ရဲ့ မျက်လုံးဟာ အလွန်အမင်းနီရဲနေပြီး အမြင်အာရုံချို့ယွင်းတာ၊ မျက်စိမှုန်တာတွေလည်း ဖြစ်နိုင်ပါတယ်။

    ညဘက်တွေမှာ ဘာကြောင့် မျက်စိယားယံတာလဲ၊ ဘယ်လိုဖြေရှင်းမလဲ

    ညဘက်တွေမှာ ဘာကြောင့် မျက်စိယားယံ တာလဲ၊ ဘယ်လိုဖြေရှင်းမလဲ ဆိုတော့

    • ညအိပ်ခါနီးမှာ မျက်စိအေးစေမယ့် မျက်စဉ်းခတ်ပြီးမှ အိပ်ပါ။ တစ်နေ့ကို ၂ကြိမ်လောက် အနည်းဆုံးခတ်ပေးပါ။ မျက်စဉ်းခတ်ပြီးတိုင်း မျက်စိကို ၅မိနစ်ခန့်မှိတ်ထားပြီး အနားယူပါ။
    • မျက်စိကို ရေခဲဝတ်ကပ်ပေးပါ။ ရေခဲဝတ်မရှိရင် အဝတ်သန့်သန့်တစ်ထည်ကို ရေအေးနဲ့ စိမ်ပြီး မျက်လုံးပေါ်မှာ ကပ်ထားပေးလို့ ရပါတယ်။
    • ညဘက်မအိပ်ခင် အနည်းဆုံး တစ်နာရီခြားပြီး ဖုန်း၊ တီဗီ၊ ကွန်ပျူတာ အသုံးပြုခြင်းရှောင်ပါ။

    ဒီနည်းလမ်းတွေနဲ့မှ လုံးဝမသက်သာရင် ဒါမှမဟုတ် အမြဲလိုလို မျက်စိက ယားယံနေတယ်ဆိုရင်တော့ တခြားမျက်စိပြဿနာရှိနေနိုင်လားဆိုတာကို မျက်စိဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးသင့်ပါတယ်။ ကိုယ့်မှာ ရှိနေတဲ့ပြဿနာပေါ်မူတည်ပြီး သင့်တော်မယ့် မျက်စဉ်း သို့မဟုတ် သောက်ဆေးတွေကို ညွှန်းပေးမှာပါ။

    ဒီလိုမျိုးမျက်စိယားယံခြင်း မဖြစ်စေဖို့ ကာကွယ်လို့ရမယ့် နည်းလမ်းတွေကတော့

    • လက်ကို အမြဲသန့်ရှင်းအောင်ထားပါ။ လက်မဆေးထားဘဲ မျက်စိကို ပွတ်တာတွေ မလုပ်ပါနဲ့။
    • ကွန်ပျူတာနဲ့ မျက်စိကို ခပ်ခွာခွာထားပြီး အသုံးပြုပါ။
    • ဖုန်း၊ ကွန်ပျူတာ၊ တီဗီကို မိနစ် ၂၀ ကြည့်ပြီးတိုင်း စက္ကန့် ၂၀ခန့် မျက်စိမှိတ်ပြီး အနားယူပါ၊ သို့မဟုတ် ပြတင်းပေါက်ကနေ ပေ ၂၀ အကွာက အပြင်ဘက်တစ်နေရာရာ၊ မျက်စိအေးစေမယ့် နေရာတွေကို ကြည့်ပေးပါ။
    • မအိပ်ခင် မျက်စဉ်းခတ်ပြီးမှ အိပ်ပါ။
    • ကိုယ့်အိမ်ထဲ ဖုန်တွေ အမြဲလိုလို ဝင်နေတတ်တယ်ဆိုရင် ပြတင်းပေါက်၊ ဝရန်တာတံခါးကို ပိတ်ထားပေးပါ။
    • မျက်မှန်တပ်မှ မြင်ရတဲ့သူတွေဆိုရင် မျက်မှန်ကို အမြဲတပ်ထားပါ။
    • မျက်ကပ်မှန်အသုံးပြုတဲ့သူတွေဆိုရင် လက်ကို သေချာဆေးပြီးမှ မျက်ကပ်မှန်ချွတ်ပါ၊ မျက်ကပ်မှန်မချွတ်ဘဲ အိပ်တာမျိုး လုံးဝမလုပ်ပါနဲ့။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 31/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement