ညဘက်တွေမှာ ဘာကြောင့်မျက်စိယားယံတာလဲ၊ ဘယ်လိုဖြေရှင်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 19, 2021 . 2 mins read
Share now

မျက်စိယားယံတယ်ဆိုတာ များသောအားဖြင့် ကိုယ့်ရဲ့ နေထိုင်မှုပုံစံကြောင့် နောက်ဆက်တွဲ မျက်စိမှာဖြစ်ပေါ်လာတဲ့ လက္ခဏာတစ်မျိုးဖြစ်ပြီး သိပ်စိုးရိမ်စရာတော့ မလိုပါဘူး။ ဒီဆောင်းပါးမှာ ညဘက်တွေမှာမှ မကြာခဏဆိုသလို မျက်စိယားယံစေတဲ့ တရားခံအကြောင်းရင်းတွေနဲ့ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။

မျက်စိယားယံရတဲ့ အကြောင်းရင်း

၁။ ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်တဲ့ ဆပ်ပြာ၊ ဓာတုဗေဒပစ္စည်းတစ်မျိုးမျိုး ဒါမှမဟုတ် အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ထားတဲ့အဝတ်နဲ့ မျက်လုံးကို ပွတ်မိလိုက်တဲ့အခါ မျက်စိက နီရဲပြီး ယားယံလာတတ်ပါတယ်။

၂။ အပြင်က ဝင်လာတဲ့ဖုန်မှုန့်တွေ၊ ဆေးလိပ်မီးခိုးငွေ့နဲ့ ရေမွှေးဖျန်းလိုက်တဲ့အခါ ထွက်လာတဲ့ ရေစက်အမှုန်အမွှားတွေဟာလည်း မျက်စိမှာ ကပ်နေနိုင်ပြီး တဖြည်းဖြည်းနဲ့ ယားယံလာတာမျိုးလည်း ရှိပါတယ်။

၃။ တစ်နေ့လုံး ကွန်ပျူတာ အသုံးပြုပြီး အလုပ်လုပ်နေရတာ၊ တီဗီကြည့်နေတာ၊ ဖုန်းကို မျက်နှာနဲ့ နီးနီးကပ်ကပ်အသုံးပြုတဲ့အခါ ညရောက်လာရင် မျက်စိက ညောင်းကိုက်ပြီး ယားယံခြင်းဖြစ်စေနိုင်ပါတယ်။

၄။ နံပါတ် ၃ အချက်မှာ ပြောခဲ့တာတွေကို နေ့စဉ်ရက်ဆက် လုပ်နေတဲ့အခါ မျက်စိက ကြာလာရင်အရည်ခမ်းပြီး ခြောက်သွားတတ်ပါတယ်။ ဒီဖြစ်စဉ်ကို (Dry Eyes) လို့လည်း ခေါ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မျက်စိက ခြောက်ကပ်နေတဲ့အတွက် အပြင်က ဖုန်မှုန့်တွေအလွယ်တကူလည်း ကပ်ငြိနိုင်သလို မျက်စိထဲ ဘာမှမဝင်ဘဲနဲ့လည်း သူ့အလိုလို ယားယံတာမျိုး ဖြစ်တတ်ပါတယ်။

၅။ မျက်ခုံးမွေးရဲ့ အောက်ခြေမှာရှိနေတဲ့ မွေးညှင်းပေါက်တွေဟာ အဆီ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေပိတ်မိခြင်းကြောင့် မျက်စိယားယံပြီး နီရဲရောင်ရမ်းခြင်း (Blepharitis) ဖြစ်စေပါတယ်။ တစ်ခါတလေမှာ မျက်တောင်မွေး သန်းတွယ်တာ၊ ဘက်တီးရီးယားပိုး ကူးစက်ခံရတာ၊ အဆီဂလန်းရဲ့ လုပ်ဆောင်ချက် ပုံမှန်မဟုတ်တာ၊ သောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဒီလိုဖြစ်နိုင်ပါတယ်။

၆။ မျက်စိနာတာ (Pinkeyes) ကြောင့်လည်း ညဘက်တွေမှာ မျက်စိယားယံတာမျိုး ဖြစ်စေပါတယ်။ ပုံမှန်မျက်စိနာနေတဲ့လူတစ်ယောက်ရဲ့ မျက်လုံးဟာ အလွန်အမင်းနီရဲနေပြီး အမြင်အာရုံချို့ယွင်းတာ၊ မျက်စိမှုန်တာတွေလည်း ဖြစ်နိုင်ပါတယ်။

မျက်စိယားယံတဲ့အခါ ဘာလုပ်မလဲ။

အိမ်တွင်းနည်းလမ်းတွေအနေနဲ့ ဝေဒနာသက်သာအောင် လုပ်လို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်။

• ညအိပ်ခါနီးမှာ မျက်စိအေးစေမယ့် မျက်စဉ်းခတ်ပြီးမှ အိပ်ပါ။ တစ်နေ့ကို ၂ကြိမ်လောက် အနည်းဆုံးခတ်ပေးပါ။ မျက်စဉ်းခတ်ပြီးတိုင်း မျက်စိကို ၅မိနစ်ခန့်မှိတ်ထားပြီး အနားယူပါ။
• မျက်စိကို ရေခဲဝတ်ကပ်ပေးပါ။ ရေခဲဝတ်မရှိရင် အဝတ်သန့်သန့်တစ်ထည်ကို ရေအေးနဲ့ စိမ်ပြီး မျက်လုံးပေါ်မှာ ကပ်ထားပေးလို့ ရပါတယ်။
• ညဘက်မအိပ်ခင် အနည်းဆုံး တစ်နာရီခြားပြီး ဖုန်း၊ တီဗီ၊ ကွန်ပျူတာ အသုံးပြုခြင်းရှောင်ပါ။

ဒီနည်းလမ်းတွေနဲ့မှ လုံးဝမသက်သာရင်၊ ဒါမှမဟုတ် အမြဲလိုလို မျက်စိက ယားယံနေတယ်ဆိုရင်တော့ တခြားမျက်စိပြဿနာရှိနေနိုင်လားဆိုတာကို မျက်စိဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးသင့်ပါတယ်။ ကိုယ့်မှာ ရှိနေတဲ့ပြဿနာပေါ်မူတည်ပြီး သင့်တော်မယ့် မျက်စဉ်း သို့မဟုတ် သောက်ဆေးတွေကို ညွှန်းပေးမှာပါ။

ဒီလိုမျိုးမျက်စိယားယံခြင်း မဖြစ်စေဖို့ ကာကွယ်လို့ရမယ့် နည်းလမ်းတွေကတော့

• လက်ကို အမြဲသန့်ရှင်းအောင်ထားပါ။ လက်မဆေးထားဘဲ မျက်စိကို ပွတ်တာတွေ မလုပ်ပါနဲ့။
• ကွန်ပျူတာနဲ့ မျက်စိကို ခပ်ခွာခွာထားပြီး အသုံးပြုပါ။
ဖုန်း၊ ကွန်ပျူတာ၊ တီဗီကို နာရီဝက်ကြည့်ပြီးတိုင်း ၅မိနစ်ခန့် မျက်စိမှိတ်ပြီး အနားယူပါ၊ သို့မဟုတ် ပြတင်းပေါက်ကနေ အပြင်ဘက်တစ်နေရာရာ၊ မျက်စိအေးစေမယ့် နေရာတွေကို ကြည့်ပေးပါ။
• မအိပ်ခင် မျက်စဉ်းခတ်ပြီးမှ အိပ်ပါ။
• ကိုယ့်အိမ်ထဲ ဖုန်တွေ အမြဲလိုလို ဝင်နေတတ်တယ်ဆိုရင် ပြတင်းပေါက်၊ ဝရန်တာတံခါးကို ပိတ်ထားပေးပါ။
မျက်စိအားနည်းတဲ့သူ၊ မှုန်တဲ့သူတွေဆိုရင် မျက်မှန်ကို အမြဲတပ်ထားပါ။
• မျက်ကပ်မှန်အသုံးပြုတဲ့သူတွေဆိုရင် လက်ကို သေချာဆေးပြီးမှ မျက်ကပ်မှန်ချွတ်ပါ၊ မျက်ကပ်မှန်မချွတ်ဘဲ အိပ်တာမျိုး လုံးဝမလုပ်ပါနဲ့။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပိုးဟပ်တွေနဲ့ မိသားစု ကျန်းမာရေးအန္တရာယ်

ပိုးဟပ် ကျန်းမာရေး ဓာတ်မတည့် အစာအိမ် အူလမ်းကြောင်း ရောဂါ ပန်းနာရင်ကျပ် အိမ်သန့်ရှင်းရေး ဝမ်းပျက်ဝမ်းလျှော ဝမ်းကိုက် သွေးဝမ်း ကလေး အသက်ရှူလမ်းကြောင်း အင်ပျဉ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Gym ဆော့ရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား၊ အလွဲသက်သက်လား

Gym ဝက်ခြံ အရေပြား ချွေးပေါက် မိတ်ကပ် တစ်ကိုယ်ရေသန့်ရှင်းမှု ရေချိုးခြင်း ဘက်တီးရီးယား ဖုန်မှုန့် အညစ်အကြေး ချွေး ဟော်မုန်း အသားအရေ လေ့ကျင့်ခန်း အားကစား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
အသားအရေနှင့် အလှအပ, ဝက်ခြံ ဇန်နဝါရီ 31, 2020 . 2 mins read

COVID-19 ဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ Mask

ဝူဟန်ကိုရိုနာဗိုင်းရပ်စ် Mask အသက်ရှူလမ်းကြောင်း နှာခေါင်း ပါးစပ် ရောဂါပိုးမွှား ဖုန်မှုန့် ကာကွယ်နည်း လက်သန့်စင်ခြင်း တရုတ်နိုင်ငံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဓာတ်မတည့်ခြင်းရဲ့ နောက်ဆက်တွဲ ခေါင်းကိုက်တာကို သက်သာစေဖို့

ဓာတ်မတည့်ခြင်း အစားအစာ ဖုန်မှုန့် အသက်ရှူလမ်းကြောင်း အူလမ်းကြောင်း ကျန်းမာရေး သောက်ဆေး ထိုးဆေး ကာကွယ်ဆေး အင်ပျဉ်ထခြင်း သတိလစ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read

Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ ဘာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read

သင် ဘာလို့ ခဏခဏ ဖျားနာနေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read
မျက်သားတွေ နီမြန်း စေတဲ့ အကြောင်းရင်း (၉) ခု

မျက်သားတွေ နီမြန်း စေတဲ့ အကြောင်းရင်း (၉) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2020 . 3 mins read