backup og meta

သင့်ကလေး မျက်လုံးကောင်းဖို့ ဘာတွေစားရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး မျက်လုံးကောင်းဖို့ ဘာတွေစားရမလဲ

    မုန်လာဥနီဟာ မျက်စိကျန်းမာရေးအတွက်အဓိကအရေးပါတဲ့ အစားအစာဖြစ်တယ်လို့ကျွန်တော်တို့သိထားကြပါတယ်။ မုန်လာဥနီမှာ ပါဝင်တဲ့ beta-carotene ဓါတ်ဟာ မြင်လွှာအပါအဝင်အခြားသော မျက်စိအစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီဆောင်ရွက်ပေးတာကြောင့် မုန်လာဥနီဟာ မျက်စိရောဂါတွေအတွက် ကောင်းတယ်ဆိုတာ အရမ်းမှန်ပါတယ်။ ဒါပေမယ့် သင့်ကလေး မျက်လုံးကောင်းဖို့ အတွက် လိုအပ်တဲ့ တခြားဗီတာမင်ဓါတ်တွေလည်း ရှိပါသေးတယ်။ သင့်ရင်သွေးလေး အမြင်အာရုံစူးရှမှသာ ပတ်ဝန်းကျင်က စိတ်ဝင်စားစရာအရာတွေကို ပျော်ပျော်ပါးပါးလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေ မျက်စိအားကောင်းအောင် ကူညီပေးနိုင်တဲ့အစားအစာတွေအကြောင်း ဖတ်ကြည့်လိုက်ရအောင်။

    သင့်ကလေး မျက်လုံးကောင်းဖို့ ဘာတွေစားရမလဲ

    အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေ

    ဒီအသီးအရွက်တွေဟာ သင့်ခန္ဓါကိုယ်အိုမင်းရင့်ရော်မှုကို တားဆီးကာကွယ်ပေးနိုင်တဲ့ antioxidants တွေများစွာ ပါဝင်တဲ့အပြင် lutein, zeaxanthin, beta-carotene, vitamin A, vitamin C, vitamin E,vitamin K, ကယ်လ်ဆီယမ်, ဇင့်ဓါတ်, သံဓါတ်နဲ့အမျှင်ဓါတ်တွေလည်းပါဝင်နေပါသေးတယ်။

    lutein နဲ့zeaxanthinတို့ဟာ သင့်ကလေးရဲ့ မျက်စိကိုခရမ်းလွန်ရောင်ခြည်တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ သူတို့ဟာ မြင်လွှာထိခိုက်တာ၊ ရေတိမ်၊ အတွင်းတိမ်တွေအတွက် အထူးကောင်းမွန်ပြီး မျက်စိကိုလည်း ပိုပြီးတောက်ပစေပါတယ်။

    ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ငရုတ်ပွသီးနဲ့သခွားသီးတို့ဟာ အလွယ်တကူရနိုင်ပြီး သင့်ကလေးရဲ့ မျက်စိကျန်းမာရေးအတွက် အရေးပါတဲ့ အသီးအရွက်တွေပဲ ဖြစ်ပါတယ်။

    အဝါရောင် ဒါမှမဟုတ် လိမ္မော်ရောင်ရှိတဲ့ အသီးအရွက်နဲ့သစ်သီးတွေ

    vitamin A carotenoid, vitamin C, folate နဲ့တခြားantioxidantတွေရဲ့ အဓိကအရောင်ဟာ အဝါနဲ့လိမ္မော်ရောင်တွေဖြစ်ကြပါတယ်။ လေ့လာချက်တွေအရ ဟင်းသီးဟင်းရွက်တွေမှာ ပမာဏမြင့်မားစွာပါဝင်တဲ့ carotenoid ဓါတ်ဟာ မျက်စိပြဿနာတွေ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်လို့သိရပါတယ်။ vitamin C ပမာဏ လုံလောက်စွာ စားသုံးပေးရင်လည်း ကလေးမှာ ဖြစ်တတ်တဲ့ အတွင်းတိမ်ရောဂါကို သက်သာစေမှာ ဖြစ်ပါတယ်။

    မုန်လာဥနီတွေကို အလွန်အကျွံစားသုံးတဲ့အခါ ဗီတာမင်အေတွေ လိုတာထက်ပိုလျှံလာပြီး သင့်ကလေးကို အသားဝါစေတယ်လို့ကျွန်တော်တို့သိထားကြပါတယ်။

    ဒီပြဿနာကို ကာကွယ်နိုင်ဖို့အတွက် မုန်လာဥနီအစား တခြားလိမ္မော်ရောင်ရှိတဲ့အစားအစာတွေ (ဥပမာ- မက်မွန်သီး၊ သံပုရာသီး၊ သင်္ဘောသီး၊ တရုတ်ဇီးသီး၊ မက်မန်းသီး၊ ရွှေဖရုံသီးနဲ့ကန်စွန်းဥစသည်)ကိုလည်း စားပေးနိုင်ပါတယ်။

    မုန်လာဥနီအစား ဗီတာမင်အေဓါတ် ကြွယ်ဝတဲ့ တခြားအစားအစာတွေကို အခါအားလျော်စွာ စားပေးမယ်ဆိုရင် သင့်ကလေးအနေနဲ့အစားမျိုးစုံစားခွင့်ရတဲ့အပြင် အစာစားဖို့ ငြီးငွေ့တာ၊ ဂျီကျတာတွေလည်း ဖြစ်မှာမဟုတ်တော့ပါဖူး။

    အနီရောင်ရှိတဲ့ အစားအစာတွေ

    အနီရောင်ရှိတဲ့အစားအစာတွေမှာ ရောဂါများစွာကို သက်သာပျောက်ကင်းစေနိုင်ပြီး သင့်ခလေးရဲ့ မျက်စိနဲ့ခန္ဓါကိုယ်အတွက် များစွာအကျိုးထူးစေတဲ့ Vitamin C၊ lycopene နဲ့အခြားသော antioxidants တွေပါဝင်ပါတယ်။ University of Wisconsin က ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ Vitamin C နဲ့ lycopene ဓါတ်အနည်းငယ်သာ ရရှိတဲ့သူတွေဟာ အခြားသူတွေထက် မျက်စိဝေဒနာတွေ ခံစားရနိုင်ခြေ နှစ်ဆပိုများတယ်လို့ဆိုပါတယ်။

    ခရမ်းချဉ်သီးမှာ lycopene တွေ အများအပြားပါဝင်တဲ့အတွက် သူ့ကိုဦးစားပေးပြီးစားသင့်ပါတယ်။ တခြားစားသင့်တဲ့ အနီရောင်အစားအစာတွေကတော့ ပန်းသီး၊ ချယ်ရီသီးနဲ့စတော်ဘယ်ရီသီးတို့ ဖြစ်ကြပါတယ်။

    အဖြူရောင်ရှိတဲ့ အသားတွေနဲ့ဟင်းသီးဟင်းရွက်တွေက သင့်အမြင်အာရုံကို ပိုကောင်းစေပါလိမ့်မယ်။

    အဖြူရောင်ရှိတဲ့ အစားအစာတွေမှာ beta-glucans ဓါတ် များစွာပါဝင်ပါတယ်။ ငှက်ပျောသီး၊ မှို၊ ကြက်သွန်ဖြူ၊ whole grains စတာတွေဟာ အဖြူရောင်ရှိတဲ့အသီးအနှံနဲ့အရွက်တွေဖြစ်ပါတယ်။ အဖြူရောင်ရှိတဲ့အသားတွေကတော့ ကြက်ဥ/ဘဲဥအကာနဲ့ငါးတွေ (ဥပမာဆယ်လ်မွန်ငါး၊ တူနာငါး) ဖြစ်ပါတယ်။

    အထူးသဖြင့် မျက်စိရောဂါအမြောက်အများကိုကာကွယ်ပေးနိုင်တဲ့ DHA ၊EPA၊ omega-3 fatty acid တို့ကို ငါးတွေကနေ အဓိကရရှိပါတယ်။ ဒါကြောင့်သင့်အနေနဲ့ရင်သွေးလေးအတွက် တစ်ပတ်ကိုနှစ်ခါလောက်တော့ ငါးဟင်းချက်ကျွေးသင့်ပါတယ်။

    သင့်ကလေး မျက်လုံးကောင်းဖို့ ဘာတွေစားရမလဲ ဆိုတော့ သင့်ကလေး မျက်စိအားကောင်းစေဖို့အတွက် အစာကိုမှန်မှန်ကန်ကန်စားရုံသာမက လေ့ကျင့်ခန်းလုပ်တာ၊ နေထိုင်ရာပတ်ဝန်းကျင်နဲ့လူနေမှုဘဝပုံစံတွေဟာလည်း အထူးကိုအရေးကြီးပါကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement