backup og meta

မျက်ကပ်မှန်အသုံးပြုနည်း လမ်းညွှန်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်ကပ်မှန်အသုံးပြုနည်း လမ်းညွှန်

    မျက်ကပ်မှန်တွေဟာ သင့်ကို ကြည့်လို့လှစေပြီး အမြင်အာရုံကိုလည်း ကြည်လင်စေပါတယ်။ မျက်ကပ်မှန်ကို အခုမှ အသုံးပြုမယ့်သူဆိုရင်တော့ သူတို့ကို ကိုင်တွယ်ခြင်းနဲ့ တပ်ဆင်ခြင်းမှာ ဒုက္ခရောက်နိုင်ပါတယ်။ သင့်မျက်လုံးတွေကို အကျင့်ရစေဖို့ အချိန်အနည်းငယ်လိုအပ်မှာ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ တပ်ထားတယ်ဆိုတာတောင် သတိရမှာ မဟုတ်တော့ပါဘူး။ ဒီဆောင်းပါးမှာတော့ မျက်ကပ်မှန် စတပ်သူတွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

    ၁။ မျက်ကပ်မှန်တပ်ခြင်း

    စစချင်းမှာတော့ မျက်ကပ်မှန် တပ်ခြင်း၊ ချွတ်ခြင်းဟာ ရှုပ်ထွေးသယောင် ထင်ရမှာ ဖြစ်ပါတယ်။ မျက်လုံးကို ထိရာမှာ အနည်းငယ်ကြမ်းတမ်းနေနိုင်ပါသေးတယ်။ နောက်ပိုင်းမှာတော့ မျက်ကပ်မှန်တပ်ခြင်းဟာ သွားတိုက်ရတာလိုမျိုး လွယ်ကူလာမှာ ဖြစ်ပါတယ်။

    လွယ်ကူစွာ တပ်ဆင်နိုင်စေဖို့ တစ်ဆင့်ပြီးတစ်ဆင့် ဖေါ်ပြထားတဲ့ လမ်းညွှန်တွေကို ဖတ်သင့်ပါတယ်။

  • မျက်စိတစ်ဖက်ကနေပဲ အမြဲစတင်ပါ။ ဒါဆို ရောနေတာမျိုးတွေ ဖြစ်မှာ မဟုတ်တော့ပါဘူး။
  • မျက်ကပ်မှန် တပ်တဲ့ သူငယ်ချင်းရှိပါသလား။ ဒါဆို သူတို့က မျက်ကပ်မှန် ဘယ်လိုတပ်တယ်ဆိုတာ ပြောပြရင် သင့်အတွက် လွယ်ကူနိုင်ပါတယ်။
  • အကြံဉာဏ်တွေ ပိုမိုရယူဖို့ နဲ့ ဘယ်လိုတပ်ရမယ်ဆိုတာ သိရှိဖို့ မျက်စိစမ်းသပ်ငှာနကို သွားရောက်သင့်ပါတယ်။
  • ၂။ လုပ်သင့်တဲ့ အကျင့်ကောင်းတွေ

    သင့်မျက်စိကို နေ့စဉ် စစ်ဆေးသင့်ပြီး အောက်ပါအချက်တွေကို မေးမြန်းသင့်ပါတယ်။

    • မျက်လုံးထဲမှာ ဘယ်လိုနေလဲ။
    • ဝတ်ထားတဲ့အခါ မျက်လုံးကို ကြည့်ရတာ ဘယ်လိုနေလဲ။
    • သေချာမြင်ရရဲ့လား။
    • သင့်မျက်လုံး (သို့) မျက်ကပ်မှန်ကို မထိခင် လက်ကို သေချာစွာ ဆေးကြောသင့်ပြီး သန့်ရှင်းတဲ့ အဝတ်နဲ့ လက်ကို ခြောက်အောင်သုတ်ပါ။
    • မျက်လုံးကို မပွတ်သင့်ပါဘူး။ မစဉ်းစားဘဲ မျက်လုံးကို ထိဖို့ဆိုတာ လွယ်ကူပေမယ့် လက်က အမှိုက်တွေ၊ အဆီတွေကို မျက်စိထဲ ဝင်စေချင်မှာ မဟုတ်ပါဘူး။
    • တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဦးစားပေးသင့်ပါတယ်။ မျက်ကပ်မှန်နဲ့ မျက်ကပ်မှန်ထည့်တဲ့ဘူးကို အကြံပေးချက်အတိုင်းသေချာစွာ သန့်စင် ပိုးသတ် သင့်ပါတယ်။ မျက်ကပ်မှန် (သို့) ထည့်တဲ့ဘူးကို ရေပိုက်ကလာတဲ့ ရေနဲ့ မဆေးသင့်ပါဘူး။
    • ပြန်တပ်နိုင်တဲ့ မျက်ကပ်မှန်တွေကို သန့်ရှင်းဖို့နဲ့ ဂရုစိုက်ဖို့ အောက်ဖေါ်ပြပါ အချက်တွေကို လိုက်နာသင့်ပါတယ်။
    • မျက်စိဆရာဝန် ညွှန်ကြားချက်အတိုင်း မျက်ကပ်မှန်ကို လဲဖို့ အစီအစဉ်ကို လိုက်နာသင့်ပါတယ်။
    • သင့်ဆရာဝန်ညွှန်ကြားချက်ထက် အချိန်ပိုကြာပြီး မျက်ကပ်မှန်ကို ဝတ်ဆင်ခြင်း မပြုသင့်ပါဘူး။

    ၃။ မျက်လုံးထဲမှာ တပ်ထားတဲ့ မျက်ကပ်မှန်ကို ခံစားမိပါသလား။

    မျက်ကပ်မှန်ဟာ မမှန်ကန်တဲ့ နေရာမှာ ရှိမနေဘူးဆိုရင် တပ်ထားကြောင်း သိသာစွာခံစားမနေရပါဘူး။ ထပ်ပြီးစစ်ဆေးဖို့ အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။

    ၁) မျက်ကပ်မှန်ကို မှန်ကန်စွာ တပ်ထားရဲ့လား၊ ပြောင်းပြန်တပ်ထားတာမျိုးဆိုရင် ပုံမှန်မဟုတ်သလို ခံစားရနိုင်ပါတယ်။ ဒါကို သိရှိစေဖို့ မျက်ကပ်မှန်ကို လက်ထိပ်ပေါ်တင်ပြီး အလင်းရောင်ကို ခံကြည့်သင့်ပါတယ်။ တကယ်လို့ ချောမွေ့တဲ့ အနားသတ်ပါတဲ့ ခွက်လိုမျိုး ပုံစံကို မြင်ရမယ်ဆိုရင် တပ်ဖို့ အဆင်သင့် ဖြစ်ပြီ ဖြစ်ပါတယ်။

    ၂) မျက်တောင်၊ အမှိုက်တွေ မျက်ကပ်မှန်ပေါ်မှာ ရှိပါသလား။ သန့်ရှင်း၊ ခြောက်သွေ့တဲ့ လက်နဲ့ ဖွင့်ထားတဲ့ မျက်စိအလယ်ကို မျက်ကပ်မှန်ကို တပ်သင့်ပြီး အပေါ်နဲ့အောက်ပိုင်းကို ဖိကာ လက်ချောင်းနဲ့ မျက်ကပ်မှန်ကို ပြန်လည် ထုတ်ယူနိုင်ပါတယ်။

    ၃) မျက်ကပ်မှန်ဟာ ပျက်စီးနေပါသလား။ မျက်ကပ်မှန် ကွဲနေခြင်း၊ ပြဲနေခြင်းတွေဟာ သင့်မျက်လုံးကို ရောင်ရမ်းစေပါတယ်။ တကယ်လို့ မျက်ကပ်မှန် ပြဲနေတယ်လို့ထင်ရင် လက်ဆေး၊ အခြောက်ခံပြီး အသစ်တစ်ခုနဲ့ လဲလှယ်သင့်ပါတယ်။

    ၄ ) မျက်လုံးတွေဟာ ခြောက်သွေ့နေပါသလား။

    လူအများစုက အအေးပေးစက်၊ ဖုန်၊ မီးခိုး (သို့) ကွန်ပျူတာ အလွန်ကြည့်ခြင်းကြောင့် မျက်လုံးတွေ ခြောက်သွေ့နေတယ်လို့ ထင်ကြပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ မျက်ကပ်မှန်တပ်နေသူတွေကို ကူညီပေးနိုင်ပါတယ်။

    • မျက်ရည်တုကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုပြီး မျက်လုံးကို ရေဓါတ်ဖြည့်ပေးနိုင်ပါတယ်။
    • ကိုယ်ခန္ဓါရေဓါတ်ဖြည့်တင်းပေးဖို့ ရေ အမြောက်အမြားသောက်သင့်ပါတယ်။
    • မျက်တောင်မကြာခဏ ခတ်သင့်ပါတယ်။ မျက်လုံးအတွင်းက ရေဓါတ်ထိန်းသိမ်းပေးတဲ့ အလွှာတစ်လွှာ ကျန်နေဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ကွန်ပျူတာ (သို့) တီဗွီ ကြည့်တဲ့အချိန်မျိုးမှာ ပြုလုပ်သင့်ပါတယ်။
    • ရေဓါတ်ကို ထိန်းသိမ်းပေးဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ မျက်ကပ်မှန်တွေကို တပ်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement