backup og meta

ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုပိုင်ဆိုင်နိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုပိုင်ဆိုင်နိုင်မလဲ

    လူတစ်ယောက်ရဲ့မျက်နှာမှာ မျက်လုံးက အရေးပါဆုံးအစိတ်အပိုင်းပါ။ လူတစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အချိန်ပဲဖြစ်ဖြစ် တွေ့ဆုံကြတဲ့အချိန်မှာဖြစ်ဖြစ် သတိပြုမိကြတာဟာ မျက်ဝန်းတွေပါပဲ။ လှပတဲ့မျက်ဝန်းတစ်တစ်စုံက မျက်နှာတစ်ခုလုံးရဲ့ အလှအပကို ပိုမိုထင်ရှားစေပြီး စွဲဆောင်မှုပိုမိုစေပါတယ်။ညှို့အားကောင်းတဲ့မျက်ဝန်းလှလှလေးကို လူတိုင်းလိုချင်ကြတယ်လေ။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ ဒီအတွက် မျက်ဝန်းအလှအပကို အားဖြည့်ပေးနိုင်အောင် ကြိုးစားကြပြီး eye cosmeticsတွေကိုအသုံးပြုကြတယ်။ အထူးသဖြင့် မျက်ဝန်းအနားသတ်ကို လိုင်းဖော်ပေါ်လွင်စေတဲ့ eyeliner က မျက်ဝန်းရဲ့အလှအပကို သိသာထင်ရှားစေအောင် အားဖြည့်ပေးနိုင်တဲ့အတွက် အမျိုးသမီးတွေ အသုံးပြုကြပါတယ်။

    အောက်မှာဖော်ပြထားတာကတော့ Eyeliner အသုံးပြုတဲ့သူတွေအနေနဲ့ဘေးကင်းစိတ်ချစွာစွဲဆောင်မှုရှိနိုင်ဖို့အတွက် လိုက်နာသင့်တဲ့ဆောင်ရန်ရှောင်ရန်တွေပါ။

    (၁) မျက်စိနဲ့ပတ်သက်တဲ့အလှကုန်တွေကိုအေးတဲ့နေရာမှာထားပါ

    eyeliner၊ eye shadow စတာတွေကို85° Fအောက် အပူချိန်မှာပဲသိမ်းဆည်းထားရှိပါ။ ဒါ့ကြောင့် ဒီပစ္စည်းတွေကို ကားထဲမှာ မထားသင့်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်။

    (၂) ခဲဓါတ်ပါတဲ့ eyelinerတွေကိုမသုံးပါနဲ့

    အရောင်စွဲလွန်းတဲ့permanent coloringတွေပါတဲ့ဈေးပေါတဲ့ပစ္စည်းတွေကိုရှောင်ပါ။ အသုံးမတော်ရင် ပြန်ကုသမရတဲ့ မျက်စိထိခိုက်မှုကိုဖြစ်စေနိုင်ပြီး မျက်စိပါကွယ်စေနိုင်ပါတယ်။

    (၃) အသုံးပြုသင့်တဲ့ သက်တမ်းကျော်လွန်ရင် အသစ်လဲပါ

    eyeliner နဲ့ မျက်ဝန်းအလှကုန်တွေကိုဖောက်ပြီးရင် ၃ လအတွင်းပဲ အသုံးပြုသင့်ပါတယ်။ မဖောက်ရသေးရင်တော့ ၃ နှစ်သက်တမ်းလောက် ခံပါတယ်။

    (၄) မျက်စိနဲ့ပတ်သက်တဲ့အလှကုန်တွေကို သူများနဲ့မျှမသုံးပါနဲ့

    ဒီပစ္စည်းတွေကို သူငယ်ချင်းပဲဖြစ်ဖြစ် တခြားသူနဲ့မျှမသုံးပါနဲ့။ တခြားသူဆီက ဘက်တီးရီးယားတွေ ကူးစက်ရရှိနိုင်သလို အပြန်အလှန်ရောဂါပိုးကူးစက်နိုင်ပါတယ်။

    (၅) မျက်စိနာနေတဲ့အချိန်၊ မျက်စိမှာတခုခုဖြစ်နေချိန် မျက်လုံးအလှမခြယ်ပါနဲ့

    မျက်စိမှာ ယားယံတာ၊စပ်တာ၊ နာကျင်တာ၊ မျက်စိနာတာ၊နီရဲနေတာ စတဲ့ဝေဒနာတခုခုဖြစ်နေတဲ့အချိန် မျက်စိအလှကုန်တွေ မသုံးသင့်ပါဘူး။ ပိုဆိုးစေနိုင်ပါတယ်။ ဒီအလှကုန်ပစ္စည်းတခုခုကြောင့်ဖြစ်နေတာလို့ယူဆရင် ဆက်မသုံးပါနဲ့။

    (၆) မိတ်ကပ်မလိမ်းခင်၊ မျက်လုံးမခြယ်ခင် လက်ကိုသေချာဆေးပါ

    မိတ်ကပ်အလှမပြင်ခင်၊eyeliner မဆွဲခင်ကတည်းက လက်ကိုသေချာဆေးကြောဖို့မမေ့ပါနဲ့။

    လှပပြီးစွဲဆောင်မှုရှိတဲ့မျက်ဝန်းတစ်စုံရရှိဖို့အတွက်ကြိုးစားကြတဲ့နေရာမှာ Eyeliner ကို စနစ်တကျသုံးစွဲတတ်ရုံနဲ့လည်း မပြီးသေးပါဘူး။အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ လှပတဲ့မျက်ဝန်းတွေရရှိဖို့အတွက် ပုံဖော်ကြတဲ့အခါမှာ ရွေးချယ်မိသွားတဲ့ အရည်အသွေးမကောင်းတဲ့ eyeliner တွေက မျက်ဝန်းအလှကို ပျက်စီးစေနိုင်တယ်ဆိုတာကို သတိပြုမှုနည်းပါးပါတယ်။ အခု ဆိုရင် မိန်းကလေးတော်တော်များများက ပိုမို စူးရှ တောက်ပတဲ့ မျက်လုံး အလှကိုရဖို့ မျက်ခွံပေါ်မှာသာမက မျက်ခွံအတွင်းက Water line (မျက်ခမ်းစပ်) မှာပါ eye liner ကို အသုံးပြုနေကြပါပြီ ၊ မိမိမျက်ဝန်းကို ပိုကျယ်ပြီး ပိုကြီးတဲ့ အသွင်ရစေဖို့ မျက်ကပ်မှန်နဲ့ အသွင်ပြောင်းသလို မျက်ခွံ အတွင်း မှာ Eye Liner စိုးတာ Trend တစ်ခုလို ဖြစ်နေပါပြီ ၊ Trend ကို လိုက်တဲ့ မိန်းကလေးတွေ အတွက် နုနယ်တဲ့မျက်လုံးနဲ့ နေ့စဉ် ထိတွေ့နေ ရတဲ့ eyeliner နဲ့ eye shadow တို့ဟာ အရည်အသွေးကောင်းမွန်ပြီး စိတ်ချနေရဖို့လိုအပ်ပါတယ်။ အသားအရေထိခိုက်ရင် ပြန်ကုသ လို့ ရနိုင်ပေမယ့် မျက်လုံးကတော့ အစားပြန်မရနိုင်ပါဘူး။ အရည်အသွေးမကောင်းတာတွေသုံးမိရင် မျက်စိပိုးဝင်ခြင်း၊ နီရဲယားယံခြင်း တို့က နေပြီး အဆိုးဆုံးအခြေအနေမှာ အမြင်အာရုံထိခိုက်ခြင်းတွေအထိဖြစ်နိုင်ပါတယ်။

    eyeliner ဟာ တံဆိပ်ကောင်းကောင်းရွေးဝယ်သင့်တဲ့အလှပြင်ပစ္စည်းတွေထဲက အပါအဝင်တစ်ခုဖြစ်ပါတယ်။ ဈေးပေါတဲ့ eyeliner တွေကို ဆိုင်တွေမှာ လွယ်လွယ်နဲ့ရနိုင်ပေမယ့် လွယ်လွယ်ဝယ်မသုံးသင့်ပါဘူး။ တချို့က တန်ဖိုးကြီးအလှကုန်တွေ၊ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေကို တန်ဖိုးကြီးတဲ့တံဆိပ်တွေရွေးဝယ်ကြပေမယ့် eyeliner မှာတော့တော်ရုံတန်ရုံလောက်ပဲ အကုန်ခံကြပြီးဈေးသက်သာတာကို သုံးတတ်ပါတယ်။ အထိအခိုက်မခံနိုင်အောင် နုနယ်တဲ့ မျက်ဝန်းတွေအတွက် အရည်အသွေးအာမခံချက်မရှိတဲ့ ပစ္စည်းတွေအသုံးပြုတာက တကယ်ကိုမှားယွင်းတဲ့အယူအဆပါ။ တကယ်တမ်းမှာ ရွေးချယ်ဝယ်ယူဖို့အရေးကြီးတာကဘေးကင်းစိတ်ချရမှုနဲ့ အရည်အသွေးပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement