backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tonsillitis (အာသီးရောင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Tonsillitis (အာသီးရောင်ခြင်း)

Tonsillitis (အာသီးရောင်ခြင်း) အကြောင်းလေးကို အတူတူ လေ့လာလိုက်ရအောင်နော်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Tonsillitis (အာသီးရောင်ခြင်း) ကဘာလဲ။

Tonsillitis( အာသီးရောင်ခြင်း) ဆိုတာ ပုံမှန်အားဖြင့် ရောဂါပိုးဝင်ပြီး ဖြစ်လေ့ရှိသော အာသီးရောင်ရမ်းခြင်းကို ခေါ်ပါတယ်။

Tonsillitis (အာသီးရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါအခြေအနေက အဖြစ်များပါတယ်။ တစ်နှစ်မှာ လူသန်းနှင့် ချီပြီး အာသီးရောင်ကြပါတယ်။ အနေခက်တာကလွဲလျှင် အားသီးရောင်ခြင်းက ပြင်းထန်တဲ့ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ အာသီးရောင်တာဟာ အသက်အရွယ် မရွေးဖြစ်တတ်သော်လည်း ကလေးတွေမှာ အဖြစ်များပါတယ်။

ကျောင်းနေစ အရွယ်ကနေ အလယ်တန်းလောက်ထိ ကလေးတွေမှာ ဒီရောဂါကိုတွေ့ရနိုင်ပါတယ်။

ဆက်လက်သိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Tonsillitis (အာသီးရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အာသီးရောင်ခြင်းရဲ့ အဖြစ်များဆုံးရောဂါလက္ခဏာတွေမှာ

လည်ချောင်း အလွန် နာခြင်း

• မျိုချရခက်ခြင်း သို့ မျိုချလျှင် နာခြင်း

• အက်ကွဲသံထွက်နေခြင်း

• ချောင်းဆိုးခြင်း

• ပါးစပ်နံခြင်း

• ဖျားခြင်း

• အစားအသောက်ပျက်ခြင်း

• ခေါင်းကိုက်ခြင်း

• လည်ပင်းတောင့်တင်းခြင်း

ပြန်ရည်ကျိတ်များရောင်ခြင်းကြောင့် မေးရိုးနှင့် လည်ပင်းများနာခြင်း

• အာသီးနီရဲပြီးရောင်ခြင်း

• အာသီးမှာ အဖြူရောင် သို့ အဝါရောင် အစက်လေးများပေါ်ခြင်း

• ပါးစပ်ဟလျှင် ခက်ခြင်း

• မောပန်းနွမ်းနယ်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါရောဂါလက္ခဏာများရှိလျှင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

• 39.5 ဒီဂရီ စင်တီဂရိတ် ထက်ပိုပြီး အဖျားတက်ခြင်း

• ကြွက်သား အားနည်းခြင်း

• လည်ပင်းတောင့်တင်းခြင်း

• အလွန်နာကျင်ပြီး မျိုချလျှင် ခက်ခြင်း

• ပါးစပ်ဖွင့် ရခက်ခဲခြင်း

• အသက်ရှူ ကြပ်ခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

အာသီးရောင်ခြင်းကို ဘာတွေကဖြစ်စေသလဲ

• Streptococcus လိုမျိုး ဘက်တီးရီးယား ရောဂါပိုးကူးစက်ခြင်း

• ရေယုန်၊ တုပ်ကွေး၊ enterovirus ကဲ့သို့ ဗိုင်းရပ်စ်ပိုး ကူးခံရခြင်း

Risk factors

အာသီးရောင်ခြင်းဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အာသီးရောင်ခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

• အသက်ငယ်ခြင်း။ ။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အာသီးရောင်ခြင်းဟာ အသက် ၅ နှစ် မှ ၁၅ နှစ်အတွင်း အဖြစ်များပါတယ်။

• ရောဂါပိုးအထိတွေ့များခြင်း။ ။ ကျောင်းနေ ကလေးအရွယ်တွေဟာ ရောဂါပိုးတွေနဲ့ ထိတွေ့မှု များနိုင်သောကြောင့် ဘက်တီးရီးယား နှင့် ဗိုင်းရပ်စ်ပိုးများ ကူးစက်လွယ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Tonsillitisကို ဘယ်လိုအတည်ပြုပါသလဲ

ဖြစ်ပွားမှု ဇစ်မြစ်ကို သိဖို့ရာ ဆရာဝန်က သင့်ရဲ့လည်ချောင်းမှ အရည်နမူနာကို ညင်သာစွာ ယူပြီး ပိုးမွေးခြင်း သို့ လျင်မြန်စွာ အကောင်မွေးခြင်း (rapid strep test) လုပ်ခြင်းတို့ ပြုလုပ်ပါလိမ့်မယ်။ ထို့ပြင် သွေးဆဲလ်တွေရဲ့ ပမာဏကို သိရှိနိုင်ရန် အပြည့်အ၀ သွေးစစ်ခြင်းတို့လည်း ပြုလုပ်နိုင်ပါတယ်။

အာသီးရောင်ခြင်းကို ဘယ်လိုကုသပါသလဲ

• ပဋိဇီဝဆေးများ။ ။ သင့်အာသီးရောင်ခြင်းကို ဖြစ်စေတာ ဘက်တီးရီးယားဆိုလျှင် ပဋိဇီဝဆေးတွေ ပေးပါလိမ့်မယ်။ ၎င်းဆေးများပေးပြီး ရက်အနည်းငယ် အတွင်း ရောဂါလက္ခဏာတွေ သက်သာသွားနိုင်ပါတယ်။ နောက်ထပ် ပြန်မဖြစ်လာစေရန် ဆေးကို ရက်ပြည့်အောင် သောက်ဖို့လိုပါလိမ့်မယ်။

• ခွဲစိပ်ကုသခြင်း။ ။ အာသီးကို ဖယ်ထုတ်ရန် အာသီးခွဲစိပ်ခြင်းပြုလုပ်ရပါတယ်။ သို့သော် အာသီးရောင်တဲံ့ရောဂါက နာတာရှည်ဖြစ်နေတာ မဟုတ်လျှင်၊နောက်တစ်ကြိမ် ပြန်ဖြစ်နေခြင်းမျိုး မဟုတ်လျှင်၊ တခြားကုသမှုတွေနဲ့ မသက်သာဘဲ နောက်ဆက်တွဲ ဆိုးကျိုးများ ပေးနေခြင်းမျိုး မဟုတ်လျှင် ဆရာဝန်က အာသီးခွဲစိပ်ကုသခြင်းကို အားပေးမည် မဟုတ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement